• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“အားလုံးက စစ်ကျွန်ပညာရေးရဲ့ သားကောင် ဖြစ်ခဲ့ရတာပါ”

by ဧရာဝတီ
3 June 2021
in Entertainment
A A
ကိုဝေယံအောင်  / Pageant by Wai Yan Page

ကိုဝေယံအောင် / Pageant by Wai Yan Page

25.9k
VIEWS
Share on FacebookShare on Twitter

ထိုင်း-မြန်မာ နယ်စပ် တနေရာက လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ Miss Golden Land Myanmar Organization ရဲ့ CEO & Founder ကိုဝေယံအောင်က ဘွဲ့ လက်မှတ် မီးရှို့ကာ စစ်ကျွန်ပညာရေးကို ဆန့်ကျင်ကြသူတွေနဲ့ ပတ်သက်ပြီး သူ့အမြင်ကို အခုလိုပဲ ပြောထားပါတယ်။

“ဘွဲ့လက်မှတ် မီးရှို့တဲ့သူတွေကို ဝိုင်း blame နေတာ မြင်မိလို့ပါ။ ကျနော် ဘွဲ့ရပြီးခဲ့ပြီးပြီ။ ကြွားရမယ်ဆိုရင် တက္ကသိုလ်မှာ နှစ်တိုင်းနီးပါး ပထမဆု ရယူခဲ့သူပါ။ ဘွဲ့နှင်းသဘင် အခမ်းအနား တက်ဖို့ မအားလို့ ဘွဲ့တက် မယူခဲ့ဖူးသလို ခုလို မီးရှို့ပြစရာ ဘွဲ့လက်မှတ်လည်း သွားမထုတ်ဖြစ်တာကြောင့် မရှိပါဘူး”

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
594
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
305
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
383

“ဧည့်ခန်းထဲမှာ ချိတ်စရာ ဘွဲ့ယူတဲ့ ဓာတ်ပုံတောင် ကျနော့်မှာ မရှိပါဘူး။ ဒါပေမဲ့ ကျနော် တတ်မြောက်သင်ယူထားခဲ့တဲ့ ပညာကို တန်ဖိုးထားပါတယ်။ ကိုယ်တတ်မြောက်ထားတဲ့ ပညာနဲ့ပဲ သမာ အာဇီဝနဲ့ အသက်မွေး ရပ်တည် ရှင်သန်လာသူပါ”လို့ ကိုဝေယံအောင်က ပြောပါတယ်။

ဘွဲ့လက်မှတ် မီးရှို့သူတွေကို မီးရှို့ပါလို့ မတိုက်တွန်းချင်သလို သူကိုယ်တိုင် ဘွဲ့လက်မှတ် မရှိတာကို အခုမှ သတိရတယ်လို့ ဆိုပါတယ်။

“ဒါပေမဲ့ ကိုယ့်ပညာ အရည်အချင်းဆိုတာက စာရွက် ကပ်ပြားကြီးတွေနဲ့ မဆိုင်ဘူးလားလို့။ သူ့ဟာသူ မီးပဲရှို့ရှို့၊ ဖြဲပဲပစ်ပစ် အသစ်သွားတောင်းလို့ ရတယ် မဟုတ်ဘူးလား။ ဘွဲ့လက်မှတ် မီးရှို့တဲ့သူတွေလည်း မမှားဘူး။ မီးရှို့ပါလို့လည်း မတိုက်တွန်းချင်ပါဘူး။ ကျနော်တောင် ဘွဲ့လက်မှတ် မရှိတာ ခုမှ သတိရတယ်”လို့ ကိုဝေယံအောင်က ဆိုပါတယ်။

ဆက်လက်ပြီး ကိုဝေယံအောင်က သူဟာ စစ်ကျွန်ပညာရေးအောက်မှာ နေခဲ့ရပေမယ့် ကိုယ့်ကုသိုလ်ကံ ပါရမီနဲ့ ထိုးဖောက်ခဲ့တဲ့ ပညာအရည်အချင်းကို တန်ဖိုးထားတယ်လို့ ဆိုပါတယ်။

ကိုဝေယံအောင် (ဓာတ်ပုံ – Pageant by Wai Yan Page)

“စစ်ကျွန်ပညာရေးကို ဆန့်ကျင်ပါတယ်။ စစ်ကျွန်ပညာရေးဟာ ကျနော်တို့ မမွေးခင်ကတည်းက သန္ဓေဆိုးနဲ့ ရှင်သန်လာခဲ့တာ နှစ်ပေါင်း (၅၀) ကျော်ခဲ့ပါပြီ။ အားလုံးလည်း စစ်ကျွန်ပညာရေးရဲ့ သားကောင် ဖြစ်ခဲ့ရတာပါ”

“သို့သော်လည်း စစ်ကျွန်ပညာရေးအောက်မှာ နေခဲ့ရပေမယ့် ကိုယ့်ကုသိုလ်ကံ ပါရမီနဲ့ ကိုယ်ထိုးဖောက်ပြီး သင်ယူ တတ်မြောက်လာခဲ့တဲ့ ကိုယ့်ပညာ အရည်အချင်းကိုတော့ တန်ဖိုးထားပါတယ်။ ဒီ အသိဉာဏ် ပညာတွေနဲ့ပဲ အခု စစ်အာဏာရှင်ကိုရော၊ စစ်ကျွန်ပညာရေးကိုရော ဆန့်ကျင် တော်လှန်နေတာပါ။ အခု ကျနော် လွတ်မြောက်နယ်မြေကနေ တော်လှန်နေတာပါ”လို့ ကိုဝေယံအောင်က ပြောထားပါတယ်။

You may also like these stories:

“တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေရဲ့ ချစ်ခြင်း မေတ္တာကို တန်ဖိုးထားနေမှာပါ”

ဒီးမော့ဆိုမှာ PDF နှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာ

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူသောင်းချီ စစ်ဘေးရှောင်နေရ

Your Thoughts …
Tags: Gen Z BurmaMiss Golden Land Myanmarကိုဝေယံအောင်စစ်ကျွန်ပညာရေးစစ်အာဏာရှင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဈာပနများက ဖော်ပြသော စစ်အာဏာရှင်တို့၏ သဘောထား အမှန်

ဈာပနများက ဖော်ပြသော စစ်အာဏာရှင်တို့၏ သဘောထား အမှန်

by ဇုန်းရိန်
13 June 2024
5.9k

သူရဦးတင်ဦး၏ နာရေးကြော်ငြာကိုလည်း စစ်ကောင်စီထိန်းချုပ် သတင်းစာ၏ စာမျက်နှာတခုတွင် မထင်မရှား ထည့်သွင်းပေးခဲ့သည်။

ခေတ်ဆိုး စနစ်ဆိုးနဲ့ ၃ နှစ်တာ

ခေတ်ဆိုး စနစ်ဆိုးနဲ့ ၃ နှစ်တာ

by ဧရာဝတီ
1 February 2024
2.4k

အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက် အသက်ရှုကျပ်ခဲ့ရတဲ့ ပြည်သူတွေရဲ့ ၃ နှစ်တာအခြေအနေကို ပြန်ပြောင်း ပုံဖော်တဲ့ အခါ မြန်မာနိုင်ငံဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်း စလို့ အမှောင်ကျခဲ့တာလို့ ဆိုရမှာပါ။

ဒီပဲယင်း…

ဒီပဲယင်း…

by စိုးအောင်ဆန်း
25 August 2024
2.2k

ဒီပဲယင်းကို မျက်ရည်တွေ၊ သွေးတွေနဲ့ လိမ်းကျံ စွန်းထင်းစေခဲ့တဲ့ ရာဇဝင်ကျွေးကို တော်လှန်ရေး တပ်ဖွဲ့တွေက ပြန်လည် တောင်းယူနေပြီလို့…။

စစ်မှုထမ်းဥပဒေကြောင့် စိတ်မပူတဲ့မိဘ မရှိဘူး

စစ်မှုထမ်းဥပဒေကြောင့် စိတ်မပူတဲ့မိဘ မရှိဘူး

by စောမေရီ
20 February 2024
920

လက်ရှိမှာတော့ အသက် ၃၅နှစ်အောက် လူငယ်အများစု စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းရရေး လွတ်မြောက်နယ်မြေတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရှိရာကို တိမ်းရှောင်သွားသူတွေရှိသလို ပြည်ပနိုင်ငံတွေကို ရရာလမ်းကြောင်းနဲ့ ထွက်နိုင်ဖို့ ကြိုးပမ်းနေသူတွေ ရှိနေပါတယ်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ရှမ်းပြည် ပင်လုံမြို့တွင် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပခဲ့စဉ် / ဧရာဝတီ

NLD၊ ဗမာလူမျိုးကြီးဝါဒနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်

by အေးချမ်းဆု
10 May 2022
30.3k

တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ အာဏာခွဲဝေရေး ဆိုသည်မှာ လူမျိုးတိုင်း၏ မွေးရာပါ အခွင့်အရေးဖြစ်သည်။

ဩစတြေးလျသို့ ပြန်ရောက်လာသည့် ရှောင်တာနဲလ် နှင့် ဇနီး ဟာဗူ  / Ha Vu Facebook

ရှောင်တာနဲလ်ပြောတဲ့ မြန်မာထောင်တွင်း ရက် ၆၅၀

by ဧရာဝတီ
23 November 2022
9.9k

ရှောင်တာနဲလ် ကို ဖမ်းဆီးထားသည့် အခြား အရပ်သား ၁၆,၀၀၀ ကျော်ထက် သိသိသာသာ ကောင်းမွန်စွာ ဆက်ဆံမည်ဟု ယူဆခြင်းသည် ထင်ယောင်ထင်မှား ဖြစ်ခြင်းသာ

Next Post
တောတွင်း တနေရာတွင် တွေ့ရသည့် ထားဝယ် အင်အားစုတခု  / TDF

ထားဝယ်မှာလည်း ပုန်ကန်ထကြွတော့မလား

Makeup Artist ဟန်နာယူရီ  / Hannayuri's Facebook

မြန်မာနိုင်ငံအကြောင်း ပြောရင်း စိတ်နှလုံး နာကျင်ခဲ့ရတဲ့ ဟန်နာယူရီ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.4k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate