ယခု ကာလအတွင်း အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေကို တတ်နိုင်သလောက် ကူညီပေးနေတဲ့ သရုပ်ဆောင် ခင်သဇင်က စစ်ဘေးရှောင် ပြည်သူများအတွက် သူ့ရဲ့ အဝတ်အထည်တွေ အကုန် လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
“ဇင့် အဝတ်တွေ အကုန်ကို စစ်ဘေးရှောင် ဒုက္ခရောက် ပြည်သူတွေကို လှူပါမယ်။ အဝတ်တွေက ဒါတောင် နှစ်တိုင်း မိဘမဲ့ ဂေဟာတွေကို လှူနေကျပါ။ အခုတော့ ကိုယ့်ဆီမှာ အထည်လေး ၁၀ ဂဏန်းပဲထားခဲ့ပြီး ရှိသမျှ အကုန်လှူမှာပါ။ တချို့ ဒီဇိုင်းတွေကြောင့် ဘယ်လို လှူရ၊ ရောင်းရမှန်း မသိလို့ ဝန်ထမ်းလည်း ခေါင်းတွေ မူးနေပါပြီ”
“ဘယ်ဟာကို ရောင်းပြီး လှူရမယ်၊ ဘယ်ဟာကို တိုက်ရိုက်လှူရမယ် ဆိုတာလည်း မသိတော့ပါဘူး။ ဒုက္ခရောက် ပြည်သူတွေဆီ တိုက်ရိုက် ရောက်နိုင်မယ့် နေရာကို လှူပါမယ်။ အလှူခံချင်တဲ့သူတွေ နီးစပ်ရာကနေ လက်တို့ပါနော်။ ပြည်သူတွေ ကျန်းမာချမ်းသာ ဘေးကင်းကြပါစေရှင်”လို့ ခင်သဇင်က ပြောပါတယ်။
Branded နဲ့ Designer made အင်္ကျီတွေကိုတော့ ရောင်းချ လှူဒါန်းမှာဖြစ်ပြီး၊ ကျန်တဲ့ ရိုးရိုး အဝတ်အစားများကိုတော့ အထည်လိုက် လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
“ညနေ ၄ နာရီမှာ အသစ်နီးပါးပဲ ရှိသေးတဲ့ ဇင့် Branded & Designer made အင်္ကျီလေးတွေကို Live လွှင့်ပြီး ရောင်းပေးပါမယ်ရှင်။ ရောင်းလို့ရတဲ့ ငွေအကုန်လှူမှာပါ။ ရိုးရိုး အဝတ်အစားတွေကိုတော့ အထည်လိုက်ပဲ လှူမှာပါ။ ရောင်းကောင်းအောင် ရှယ်ပေးကြပါဦးနော်”လို့ ခင်သဇင်က ပြောထားပါတယ်။
You may also like these stories:
လူမှုကွန်ရက်မှာ စိတ်ခွန်အားဖြစ်စေမယ့် စာတွေ ရေးသားတင်တဲ့ ခင်သဇင်
၂၀၂၁ ခုနှစ်အတွက် အနုပညာရှင်များရဲ့ နှစ်သစ်ဆုတောင်း
ဘုရားရှိခိုးနည်း ဝေမျှပေးခဲ့တဲ့ သရုပ်ဆောင် ခင်သဇင်