Entertainment

မြန်မာနိုင်ငံကို နောက်တကြိမ် ပြန်လာချင်တဲ့ မော်ဒယ် Sinon Loresca

Want create site? Find Free WordPress Themes and plugins.

“King of catwalk” လို့ လူသိများတဲ့ ဖိလစ်ပိုင် ဂေးမော်ဒယ် Sinon Loresca က မြန်မာနိုင်ငံမှာ အချိန်အတော်ကြာ အနုပညာ လှုပ်ရှားမှုတွေ လုပ်ခဲ့ပြီး၊ မြန်မာ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို ရရှိထားကာ အလှူအတန်းနဲ့ ကူညီမှုတွေ တတ်အားသရွေ့ ပြုလုပ်ခဲ့သူပါ။

Sinon က လက်ရှိ အင်္ဂလန်နိုင်ငံမှာ ရောက်ရှိနေပေမယ့် မြန်မာနိုင်ငံကို သတိရနေတဲ့အကြောင်း၊ မြန်မာနိုင်ငံကို နောက်တကြိမ် ပြန်လာချင်တဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ ရေးသားထားပါတယ်။

မော်ဒယ် Sinon Loresca

“ကျနော် မြန်မာကို နောက်တကြိမ် ပြန်လာပြီး ကျနော့်ရဲ့ အချိန်တွေကို ချစ်စရာ မြန်မာလူမျိုးတွေနဲ့ အရင်လို ‌ပျော်ပျော်ရွှင်ရွှင် နေရဖို့ မစောင့်နိုင်တော့ဘူး။ ကျနော် ဘုရားသခင်ဆီမှာ အမြဲ ဆုတောင်းပေးနေပါတယ်။ စစ်ပွဲတွေ အဆုံးသတ်ဖို့ကို”

မော်ဒယ် Sinon Loresca

“ပြီးတော့ အရင်လို မေတ္တာတွေ အမြန်ဆုံးပြန်မြင်ရချင်နေပါပြီဗျာ။ မြန်မာနိုင်ငံက ပြည်သူပြည်သားများ အားတင်းထားပါခင်ဗျာ။ ကျနော်တို့ အချိန် ကျရောက်လာတော့မှာပါ။ နိုင်ပွဲကို ကျနော်တို့ ဆင်နွဲပြီး အောင်ပွဲခံရမယ့် အချိန် နီးပါပြီ”လို့ မော်ဒယ် Sinon Loresca က ဆိုပါတယ်။

မော်ဒယ် Sinon ကတော့ ဖေဖော်ဝါရီလအတွင်းက သူ့ရဲ့ နေရပ်နိုင်ငံ ဖိလစ်ပိုင်ကို ပြန်သွားခဲ့တာဖြစ်ပြီး၊ လက်ရှိ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ နေထိုင်နေတယ်လို့ သိရပါတယ်။

You may also like these stories:

“အုပ်တချပ် သဲတပွင့် တာဝန်ယူပေးနိုင်တာကို ကျေနပ်နေမိတယ်”

“တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေရဲ့ ချစ်ခြင်း မေတ္တာကို တန်ဖိုးထားနေမှာပါ”

Did you find apk for android? You can find new Free Android Games and apps.
Loading