• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Speak Out လုပ်ရင် သိန်း ၁၀၀ ယူတယ်ဆိုတဲ့ သတင်းတွေကို ချမ်းမြမြသော် ဖြေရှင်း

by ဧရာဝတီ
10 June 2021
in Entertainment
A A
ကိုရီးယားဘာသာစကား ဆရာမ ချမ်းမြမြသော်  / Chan Mya Mya Thaw's Facebook

ကိုရီးယားဘာသာစကား ဆရာမ ချမ်းမြမြသော် / Chan Mya Mya Thaw's Facebook

29.1k
VIEWS
Share on FacebookShare on Twitter

လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ နေထိုင်ပြီး၊ ကိုရီးယား ရုပ်သံ မီဒီယာများကို မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုအကြောင်း Speak Out လုပ်ပေးနေတဲ့ ကိုရီးယားဘာသာစကား ဆရာမ ချမ်းမြမြသော်က Speak Out တခါလုပ်ရင် သိန်း ၁၀၀ ယူတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေကို အခုလိုပဲ ဖြေရှင်းထားပါတယ်။

“ကျမကိုလေ Speak Out တခါ လုပ်ရင် KBS ကနေ သိန်း ၁၀၀ ယူတယ်ဆိုတဲ့ ကောလာဟလနဲ့ ပတ်သက်ပြီး ရှင်းပြဖို့တောင် အရေးမပါတဲ့ ကိစ္စမို့ ကျမ အရေးတယူ လုပ်ပြီး မရှင်းပြခဲ့ပါဘူး။ အဲဒီစကားကို ဘယ်နေ့၊ ဘယ်အချိန်က၊ ဘယ်ကိစ္စနဲ့ အစပြုပြီး ဘယ်သူက စလွှင့်ခဲ့သလဲအထိ ကျမမှာ ခိုင်လုံတဲ့ သက်သေလည်း ရှိထားပြီးပါပြီ”

RelatedPosts

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
379
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
325
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.9k

“ပို့စ်တင်ပြီး ဖြန့်တဲ့ ကာယကံရှင်ဆီကို တိုက်ရိုက် သက်သေနဲ့တကွ ချပြနိုင်ကြောင်း ကျမ ကိုယ်တိုင် တိုက်ရိုက် သွားပြောခဲ့ပေမယ့် ကျမကို သူဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး။ တကယ်ဆို သူတို့ အဲဒီ ပို့စ် တင်တုန်းက ကျမ အလုပ်လုပ်နေတာဟာ KBS ရုပ်သံ ဖြစ်ပေမယ့် ကျမကို SBS က သိန်း ၁၀၀ ယူပါတယ်ဆိုပြီး ရေးသားထားတဲ့ KBS မှန်း၊ SBS မှန်းတောင် မကွဲပြားတဲ့ ရူးနှမ်းနှမ်း စကားတွေမို့ ကျမ လစ်လျူရှုခဲ့ပါတယ်”

ကိုရီးယားဘာသာစကား ဆရာမ ချမ်းမြမြသော်

“ဒီနေ့ ဒီစာကလည်း အရေးမပါတဲ့ အရူးအနှမ်း စကားတွေကို ရှင်းဖို့တော့ မဟုတ်ပါဘူး။ ကျမကို လာပြကြတဲ့အထဲမှာ လူအချို့ရဲ့ အတွေးအခေါ် လွဲမှားနေပုံကို စိတ်မသက်မသာစရာ တွေ့နေရတာမို့ ကျမ ဒီနေ့ ဒီစာကို ရေးဖြစ်ပါတယ်။ ကိစ္စက ဒီလိုပါ။ အခုတလော ကျမ TV ပရိုဂရမ်မှာ Speak Out လုပ်တဲ့ ပို့စ်အချို့ အောက်မှာ မြင်ရတဲ့ ကွန်မန့် အချို့ပါ”လို့ ဆရာမ ချမ်းမြမြသော်က ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ တိုးတက်ပြီး နိုင်ငံ ဖြစ်တဲ့အတွက် အဲဒီနိုင်ငံအတွင်းမှာ နေထိုင်သူတိုင်း အလုပ်လုပ်ရင် လုပ်အားခကို အချိန် နာရီနဲ့ အတိအကျ ရတယ်လို့ ဆိုပါတယ်။

ကိုရီးယားဘာသာစကား ဆရာမ ချမ်းမြမြသော်

“တောင်ကိုရီးယားနိုင်ငံဟာ တိုးတက်ပြီး နိုင်ငံတခု ဖြစ်ပါတယ်။ ဒီနိုင်ငံအတွင်းမှာ နေထိုင်သူတိုင်းအတွက် အလုပ်လုပ်ရင် ကိုယ့်ရဲ့ လုပ်အားခကို အချိန်နဲ့ နာရီနဲ့ အတိအကျ ရပါတယ်။ ဘယ်သူကမှ ဘယ်သူ့ကိုမှ အလကား ခေါ်ခိုင်းလို့ မရပါဘူး။ ဘာသာပြန်ခိုင်းရင်လည်း အခကြေးငွေ ပေးရသလို၊ အင်တာဗျူးချင်ရင်လည်း ဗျူးခံမယ့် လူကို ဗျူးမယ့် လူက အခကြေးငွေ ပေးရပါတယ်။ ဒါဟာ မကောင်းမှု တခု မဟုတ်ပါ”

“အလုပ် လုပ်သူတိုင်းဟာ မိမိ လုပ်တဲ့ အလုပ်တခုနဲ့ တန်တဲ့ လုပ်အားခ အခကြေးငွေကို ရယူဖို့ သင့်သလို၊ အလုပ်ပေးတဲ့ လူကလည်း အလုပ်လုပ်ပေးတဲ့ သူကို ထိုက်တန်တဲ့ လုပ်အားခကို ပေးဆောင်ရပါတယ်။ အထူးသဖြင့် ကိုရီးယားလို နိုင်ငံက ရုပ်သံဌာနတွေမှာ TV မှာ ပါဝင်တဲ့ လူတိုင်းကို အနုပညာကြေး ပေးရပါတယ်။ ခဏတာ ခေါ်ပြီး သုံးရင်တောင် ပေးရပါတယ်”

“ကျမလို ပရိုဂရမ်တခုမှာ နာရီနဲ့ ချီပြီး စကားဝိုင်းမှာ ထိုင်ပြောရတဲ့ လူတယောက်ကို အနုပညာကြေး မတွက်ပေးရင် အဲဒီ ပရိုဂရမ်နဲ့ ရုပ်သံဌာနမှာ ပြဿနာ တက်မှာပါ။ ဒီအတွက် အလုပ်ပေးသူနဲ့ အလုပ်လုပ်သူ ကြားမှာ လုပ်အားခ ပေးဆောင်တာဟာ ဘာမှ ပြဿနာ လုပ်နေရမယ့် ကိစ္စ မဟုတ်ကြောင်းကို သဘောပေါက်ကြစေချင်ပါတယ်”လို့ ချမ်းမြမြသော်က ပြောပါတယ်။

ဆက်လက်ပြီး Speak Out တခါ လုပ်ရင် ဝမ် သိန်း ၁၀၀ ရတယ်ဆိုတဲ့ ကောလာဟလ အကြောင်းကိုလည်း ဆရာမ ချမ်းမြမြသော်က အခုလိုပဲ ဆိုပါတယ်။

“Master in the House” အစီအစဉ်

“ဒီမှာ သိန်း ၁၀၀ ကိစ္စက ပါလာပါပြီ။ ကျမကို တခါ Speak out လုပ်ရင် ဝမ်သိန်း ၁၀၀ ရတယ်လို့ ပြောတဲ့ ပုဂ္ဂိုလ်တို့။ ပုဂ္ဂိုလ်တို့ နမိတ်ဖတ်သလို များမကြာမီ အဲဒီလို ဖြစ်လာပါစေလို့ ကျမ ဆုတောင်းပါတယ်။ လူတယောက်ကို အကွက်ချ ချောက်ချချင်ရင်တောင် ဦးနှောက်သုံးဖို့ လိုတယ်ရှင့်။ ပါးစပ်ထဲ ရှိရာ လျှောက်ပြောရုံ အဆင့်နဲ့ဆိုရင်တော့ ကိုယ်တုံးတာ လူသိရုံပဲ ရှိမှာပါ။ ဒါကြောင့်လည်း ကျမက အဖက် ပြန်မလုပ်ခဲ့တာပါ”

“ကိုရီးယားနိုင်ငံမှာ လွှမ်းမိုးမှု အများဆုံး အနုပညာသည်တွေထဲက တယောက်ကို ရွေးပါဆိုရင် “Running Man” က Yoo Jae Seok (ယူဂျယ်ဆော့ဂ်) ကို ဥပမာထား ပြောပါမယ်။ သူဟာ အနုပညာကြေး အမြင့်ဆုံး အနုပညာသည်ထဲက တယောက် ဖြစ်ပါတယ်။ သူတခါ ပါဝင် သရုပ်ဆောင်ရင် ဝမ် သိန်း ၁၅၀ နီးပါး ရပါတယ်လို့ သိထားရပါတယ်”

“ဒါဟာ ကိုရီးယားမှာ ထိပ်သီး ခေါင် အဆင့်ရှိတဲ့ အနုပညာသည်ရဲ့ အနုပညာကြေးပါ။ ဒါကို ကျမက တခါ Speak Out လုပ်ပေးရင် ဝမ် သိန်း ၁၀၀ ရတယ်ဆိုတော့ အရမ်း ဟာသဆန်သွားပါတယ်။ ဒါကြောင့်လည်း ကျမက ခေါက်ထားခဲ့တာပါ။ ဖြေရှင်းရလောက်တဲ့ တန်ဖိုး မရှိတဲ့ ကိစ္စမို့ပါ”လို့ ချမ်းမြမြသော်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက SBS ရုပ်သံမှာ ထုတ်လွှင့်ခဲ့တဲ့ “Master in the House” အစီအစဉ်က ဝမ် ၁၀ သိန်း ပေးမှာဖြစ်ပြီး၊ အဲဒီငွေကိုလည်း လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

“Master in the House” အစီအစဉ်

“အခု SBS “Master in the House” က ဝမ် ၁၀ သိန်း ပေးမယ် ပြောပါတယ်။ ဒီ ငွေကိုလည်း အလှူငွေထဲကို ထည့်ဖို့ စီစဉ်ထားပြီးသားပါ။ ကျမ ဘာလို့ လှူနိုင်တာလဲဆိုတော့ ကျမတို့ အိမ်ထောင်မှာ ကိုယ်ပိုင် အလုပ်နဲ့ ဝင်ငွေ ရှိလို့ပါ။ ခင်ပွန်းသည်က လစဉ် ဝမ် သိန်း ၄၀ ကနေ ၅၀ နီးပါး ဝင်ပါတယ်။ ကျမရဲ့ ဝင်ငွေကလည်း တလကို ဝမ် သိန်း ၃၀ နီးပါး ရှိပါတယ်”

“ဒါကြောင့် လင်မယား နှစ်ယောက် ပေါင်းရင် ကျိကျိတက် မချမ်းသာရင်တောင် ချို့တဲ့တဲ့ အဆင့်ထဲတော့ မပါပါဘူး။ ဒါကြောင့် ကိုယ့် တိုင်းပြည်အတွက် ကိုယ့် လုပ်အားခနဲ့ တတ်နိုင်သလောက်ကို လှူပါတယ်။ Speak out လုပ်လို့ ရုပ်သံဌာနက ရတဲ့ ငွေ အနည်းငယ်ကိုလည်း ဘာ မက်မောမှုမှ မရှိဘဲ လှူပါတယ်”လို့ ချမ်းမြမြသော်က ပြောပါတယ်။

“ဒီမှာ ကျမ ပြောချင်တာက ရှင်တို့ (အမှန်တကယ် နားလည်ပေး အားပေးကြတဲ့သူတွေကို မဆိုလိုပါ၊ ဘေးထိုင်ဘုပြောသူတွေကို ရည်ရွယ်ပါတယ်) တကယ် လိုချင်တာက ဘာလဲ။ မြန်မာပြည် အခုလို အခြေအနေ ဆိုက်နေကြောင်းကို ပြည်ပကနေ Speak out လုပ်ပေးဖို့ လိုလားတာ မဟုတ်ဘူးလား။ အဲဒီတော့ Speak out လုပ်ပေးရုံနဲ့ မကျေနပ်နိုင်ဘူးလား”

“အနုပညာကြေး ရတော့ ယူတော့ရော ဘယ်သူ့ကို ထိခိုက်သွားသလဲ။ မြန်မာပြည်အရေးနဲ့ ဆိုင်သလား။ မြန်မာပြည်သူတွေကို ထိခိုက်သလား။ ကျမ သတင်းတခါ သွားဖို့အတွက် ပြင်ဆင်ရတာတွေ ဘယ်သူ တာဝန်ယူပါသလဲ။ ဒီနေ့ ဒီစာဟာ အတွေးအခေါ် မှားနေသူတွေကို အမှန်တရားအတိုင်း သိမြင်ခံစားစေဖို့ ရေးတဲ့ စာ ဖြစ်ပါတယ်။ ကျမ စိတ်ထဲလည်း မထည့်ထားသလို ထပ်မံ ရှင်းပြဖို့လည်း မလိုတဲ့ အကြောင်းအရာ ဖြစ်ပါတယ်”

“ဒါကြောင့် ကျမကို ချစ်ခင်ကြသူတွေက စိတ်ထဲ မထားဖို့၊ အားတင်းထားဖို့ မပြောလည်း ရပါတယ်ရှင့်။ ကျမမှာ ဒီထက် ပိုပြီး အရေးပါတဲ့ အလုပ်တွေ လုပ်ရမှာ ရှိသလို လုပ်နေဆဲဖြစ်ပါတယ်။ ကျမ နိုင်ငံသား တယောက်အနေနဲ့ လုပ်ပေးနိုင်တာကို လုပ်ပေးနေတာ ဖြစ်တာကြောင့် ကျေးဇူး မတင်ကြဖို့လည်း ပြောဖူးပါတယ်။ ကျေးဇူးတင်ကြောင်း၊ အားကိုးကြောင်း၊ ချစ်ခင်ကြောင်း ပြောပေးကြတဲ့ ချစ်ခင်သူ မိဘပြည်သူ အားလုံးကိုလည်း ကျမက အထူး ကျေးဇူးတင်ပါတယ်”လို့ ဆရာမ ချမ်းမြမြသော်က ပြောထားပါတယ်။

ကိုရီးယားဘာသာစကား ဆရာမ ချမ်းမြမြသော်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထုတ်လွှင့်ခဲ့တဲ့ နာမည်ကျော် TV ပရိုဂရမ် “Master in the house” အစီအစဉ်မှာ ပါဝင်ခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေအကြောင်းကို Speak Out လုပ်ပေးခဲ့သူ ဖြစ်ပါတယ်။

You may also like these stories:

“Master in the house” အစီအစဉ် အမြင့်ဆုံး ကြည့်ရှုနှုန်း စံချိန်တင်ခဲ့

တောင်ကိုရီးယားမှာ ဇန်နဝါရီနောက်ပိုင်း ကိုဗစ် နေ့စဉ် ကူးစက်မှုနှုန်း မြင့်တက်လာ

ဖိလစ်ပိုင်မှာ ကိုဗစ်စည်းကမ်း ဖောက်သူကို အပြစ်ပေးရာက သေဆုံးမှုဖြစ်

Your Thoughts …
Tags: KBSSBSSpeak Outကိုရီးယားဘာသာစကားဆရာမ ချမ်းမြမြသော်အင်တာဗျူး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာဒုက္ခသည်များ တတိယနိုင်ငံအခြေချရေး ဇွန်လကုန် စမည်

မြန်မာဒုက္ခသည်များ တတိယနိုင်ငံအခြေချရေး ဇွန်လကုန် စမည်

by ဧရာဝတီ
13 June 2024
2.7k

လူတွေ့စစ်ဆေးမှုများ ပြန်လည်လုပ်ဆောင်ရာတွင် စခန်းထဲ၌ နေထိုင်သူများသာ အကျုံးဝင်ပြီး ၂၀၁၉-၂၀၂၀ ခုနှစ် ထိုင်းပြည်ထဲရေးဝန်ကြီးဌာန -MOI က ပြုလုပ်သည့် လူဦးရေ စိစစ်လုပ်ဆောင်မှုတွင် ပါဝင်သူနှင့် ၂၀၁၅ ခုနှစ်က UNHCR ပြုလုပ်သော လူဦးရေ စိစစ်အတည်ပြုစာရင်း...

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် အင်တာဗျူး (ရုပ်/သံ)

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် အင်တာဗျူး (ရုပ်/သံ)

by ဧရာဝတီ
1 September 2024
733

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာပြည်က စစ်ပွဲတွေ ရပ်စဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံတဲ့ ရွေးကောက်ပွဲလုပ်ဖို့ တိုက်တွန်းသွားသလို တရုတ်-မြန်မာနယ်စပ်ကို ပိတ်ပြီးလည်း စစ်ရေးလေ့ကျင့်ပြတာ၊ ဖိအားပေးတာတွေ လုပ်လာနေတဲ့အပေါ် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဧရာဝတီကို သဘောထားပေးပါတယ်။

ပြန့်ကြဲနေတဲ့ အင်အားစုတွေကို စုစည်းနိုင်မှ နောက်တဆင့်တက်နိုင်မယ် (ရုပ်/သံ)

ပြန့်ကြဲနေတဲ့ အင်အားစုတွေကို စုစည်းနိုင်မှ နောက်တဆင့်တက်နိုင်မယ် (ရုပ်/သံ)

by ဧရာဝတီ
4 February 2025
273

အခု တွေ့ဆုံဆွေးနွေးခန်းက အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျုနဲ့ ဝီလ်ဆင်စန်တာတို့က ဧည့်ပညာရှင်တဦးဖြစ်တဲ့ ကိုရဲမျိုးဟိန်းနဲ့ ဧရာဝတီရဲ့ တွေ့ဆုံဆွေးနွေးမှု ဒုတိယပိုင်းပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

by ဧရာဝတီ
9 March 2025
136

အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအပါအဝင် အကြမ်းဖက်မှု ပုံသဏ္ဍာန်မျိုးစုံကို မြန်မာနိုင်ငံရှိ အမျိုးသမီးများ ကြုံတွေ့နေရဆဲဖြစ်ပြီး အမျိုးသမီးများ တန်းတူညီမျှအခွင့်အရေး ရရှိရေး လှုပ်ရှားမှုများ ခက်ခဲနေဆဲဖြစ်သော်လည်း ဆက်လက် ရပ်တည်လုပ်ဆောင်သွားရန် လိုကြောင်း တန်းတူညီမျှရေး လှုပ်ရှားသူများက ဆိုပါတယ်။

“Miss Grand Myanmar 2020” အလှမယ် ဟန်လေး / Han Lay's Facebook

ထိုင်းရောက် မြန်မာတွေ စုပေါင်းပြီး အလှမယ် ဟန်လေးကို ဂုဏ်ပြု

by ဧရာဝတီ
31 March 2021
11.6k

“ဟန်လေး ဒီပိုက်ဆံတွေကို အကျိုးရှိတဲ့နေရာ၊ လှူဒါန်းရမယ့် နေရာတွေမှာ ပြန်ပြီး အကျိုးရှိရှိ သုံးပါမယ်ရှင်။ ဟန်လေးကို ထောက်ပံ့ပေးကြတာ ကျေးဇူးတင်ပါတယ်။

အကြားအမြင်ဆရာမ ET ရဲ့ ညီမဖြစ်သူ ဒေါ်သီသီဝင်း / ယုဖြူဟန် / ဧရာဝတီ

ကွယ်လွန်သူ အကြားအမြင်ဆရာမ ET အစား ညီမဖြစ်သူ ဒေါ်သီသီဝင်းမှ ဆက်လက် ဗေဒင်ဟော

by ယုဖြူဟန်
8 July 2018
59k

အန်တီတို့က သူ မဆုံးခင် ၅နှစ်အလိုမှာ အန်တီက သိနေတယ်။ ပထမ ၃၇နှစ်မှာ မဆွေကို လာခေါ်မယ် ပြောတယ်။ ၅၇ နှစ် ၃လမှာ နင်တို့ကို လာခေါ်မယ်ပြောတယ်။ အန်တီတောင်မှ စိတ်ပူတယ်။

Next Post
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ရက်က နေပြည်တော်တွင် ကိုဗစ်ကာကွယ်ဆေး ထိုးခြင်းကို လာရောက်ကြည့်ရှု့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  / ဧရာဝတီ

ရိက္ခာနှင့်ဆေးဝါး အကူအညီတောင်းသည့် ဒေါ်အောင်ဆန်းစုကြည် အဂတိမှုဖြင့် ထပ်မံ အမှုဖွင့်ခံရ

လူရွှင်တော် “ဟား ၅ ကောင်” အဖွဲ့  / Taing Kyaw's Facebook

“ကိုယ့်အသိစိတ်နဲ့ကိုယ် တိုင်းပြည်ကို ချစ်လို့ ဓမ္မဘက်က ရပ်တည်နေကြတာ”

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate