Entertainment

စစ်ဘေးရှောင်တွေအတွက် ရန်ပုံငွေပွဲမှာ ပါဝင်ပေးတဲ့ အလှမယ် သူဇာဝင့်လွင်

Want create site? Find Free WordPress Themes and plugins.

အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ Miss Universe Myanmar 2020 အလှမယ် သူဇာဝင့်လွင်ဟာ မြန်မာနိုင်ငံက စစ်ဘေးရှောင် ပြည်သူတွေအတွက် အမေရိကရောက် မြန်မာများ၊ တိုင်းရင်းသားများနဲ့ တွေ့ဆုံကာ ရန်ပုံငွေပွဲတွေမှာ ပါဝင်ပြီး လှူဒါန်းပေးလျက် ရှိပါတယ်။

“ဇွန်လ ၁၂ ရက်နေ့က Minnesota မှာရှိတဲ့ လူငယ်တွေ ဦးဆောင်ပြုလုပ်တဲ့ Youth for Myanmar တိုင်းရင်းသားပေါင်းစုံ စုပေါင်း ရန်ပုံငွေ‌ပွဲလေးမှာ သူဇာလည်း တက်ရောက်ပြီး လူအားနဲ့ ပါဝင်အားဖြည့်ခွင့် ရခဲ့သလို၊ ကရင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင် မိဘပြည်သူများရဲ့ သောက်ရေသန့်အခက်အခဲ ဖြေရှင်းနိုင်စေရန် Water Filter အတွက် အလှူငွေ ကျပ် ၁၀ သိန်းကိုလည်း လှူဒါန်းခွင့်ရခဲ့ပါတယ်”လို့ သူဇာဝင့်လွင်က ဆိုပါတယ်။

အဆိုပါ ရန်ပုံငွေပွဲကနေ ရရှိတဲ့ အကျိုးအမြတ် အားလုံးကို မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

Miss Universe Myanmar သူဇာဝင့်လွင် (ဓာတ်ပုံ – Thuzar Wint Lwin’s Facebook)

“ဒီပွဲကနေ ရရှိတဲ့ အကျိုးအမြတ်တွေ အားလုံးကို မြန်မာနိုင်ငံက စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အခုလိုမျိုး နိုင်ငံရပ်ခြားကနေ ကိုယ့်နိုင်ငံအတွက် တတ်နိုင်တဲ့ဘက်ကနေ အားလုံးဝိုင်းဝန်း ကြိုးစားပေးနေကြတာ မြင်ရတာ ပီတိဖြစ်ရသလို အားလည်း တက်မိပါတယ်”

“သူဇာလည်း ဒီလိုအချိန်မှာ ကိုယ့်နိုင်ငံအတွက် လူအားရော ငွေ‌အားပါ တတ်နိုင်သလောက် ပါဝင်အားဖြည့်ခွင့် ရတဲ့အတွက် ဝမ်းသာမိပါတယ်။ သူဇာ့ရဲ့ ချစ်ရတဲ့သူတွေလည်း ဒီကာလမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြဖို့နဲ့ အားတင်းထားကြဖို့ မှာချင်ပါတယ်”လို့ သူဇာဝင့်လွင်က ပြောပါတယ်။

ဆက်လက်ပြီး သူဇာဝင့်လွင်က CDM ပြုလုပ်သူများ လုံခြုံရေးနဲ့ စစ်ဘေးရှောင်များအတွက် ဆေးဝါးများ ပံ့ပိုးနေတဲ့ အဖွဲ့အစည်းတွေအတွက် လှူဒါန်းပေးမယ့် Fund Raising ပွဲကိုလည်း အခုလိုပဲ ဖိတ်ခေါ်ထားပါတယ်။

Miss Universe Myanmar သူဇာဝင့်လွင် (ဓာတ်ပုံ – Thuzar Wint Lwin’s Facebook)

“ကျမ သွားရောက် အားဖြည့်ပေးခဲ့တဲ့ ဆန်ဖရန်စစ္စကို Bay Area မှ မိသားစုများကို ဖိတ်ခေါ်ပါရစေနော်။ Karen Community မှ Fund Raising ပွဲလေးကို ကျင်းပပြီး အလှူငွေများကို အထွေထွေ ထောက်ပံ့ရေးအတွက် ရည်ရွယ်၍ CDMers များ လုံခြုံရေးနှင့် စစ်ရှောင်များအတွက် ဆေးဝါးပစ္စည်း ပံ့ပိုးနေသော အဖွဲ့အစည်းများ လိုအပ်သည့် နေရာတွင် အသုံးပြုနိုင်ရန် လှူဒါန်းမယ်လို့ သိရပါတယ်”

“ကျမတို့ သူငယ်ချင်းများမှ မုန့်ဟင်းခါး လှူဒါန်းပြီး အလှူရှင်များကို ဧည့်ခံပါမယ်။ ကရင် မိသားစုများမှ ကောက်ညှင်းပေါင်း၊ ငါးရံ့ခြောက်၊ တွဲဘက် ငရုတ်သီးထောင်း၊ ဆနွင်းမကင်း၊ ဆူရှီ၊ သာကူ၊ နန်းကြီးသုပ်တို့ဖြင့် ဧည့်ခံပါမယ်”လို့ သူဇာဝင့်လွင်က ပြောထားပါတယ်။

You may also like these stories:

စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

စပ်တပ်၏ သတ်ဖြတ်မှုကြောင့် ရက် ၁၀၀ ကျော်အတွင်း လူပေါင်း ၉၀၀ နီးပါး သေဆုံး

ICRC ဥက္ကဋ္ဌ အကျဉ်းထောင်များသို့ သွားရောက်ခွင့် ပြုဖို့ တောင်းဆို

Did you find apk for android? You can find new Free Android Games and apps.
Loading