Entertainment

“လိင်အကြမ်းဖက်မှု ပပျောက်ရေး” ကမ်ပိန်းမှာ ပါဝင်တဲ့ နော်မာသထူးဝါး

Want create site? Find Free WordPress Themes and plugins.

လာမယ့် ဇွန်လ ၁၉ ရက်နေ့ဟာ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့ ဖြစ်ပါတယ်။

အဆိုပါနေ့ကို အထိမ်းအမှတ်ပြု၍ မြန်မာအမျိုးသမီးများအတွက် တရားမျှတမှုကို ပြန်လည် ရယူရန်နှင့် စစ်ကောင်စီ၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများကို ထိထိရောက်ရောက် အရေးယူပေးနိုင်သည်သာမက စစ်အာဏာရှင် စနစ်ကိုပါ အမြစ်ဖြုတ်နိုင်သည်အထိ အရေးယူ လုပ်ဆောင်နိုင်ရန် နိုင်ငံတကာသို့ အသံလွှင့်သည့် တပတ်တာ ကမ်ပိန်းကို ဇွန်လ ၁၄ ရက်နေ့က ၁၉ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ကမ်ပိန်းရဲ့ ပထမဆုံး ကဏ္ဍအနေဖြင့် Campaign စတင်တဲ့ ဇွန်လ ၁၄ ရက်နေ့မှာ တီရှပ်ဝတ်ဆင်တဲ့ ဆိုရှယ်မီဒီယာ ကမ်ပိန်းကို စတင် လုပ်ဆောင်နေပြီး Generation Z လူငယ်များ၊ ပြည်သူများနဲ့ အနုပညာရှင်အချို့ ပါဝင် လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။

သရုပ်ဆောင် ဒေါင်း (ဓာတ်ပုံ – Daung’s Facebook)

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သရုပ်ဆောင် ဒေါင်းနဲ့ အဆိုတော် နော်မာသထူးဝါးတို့က ကမ်ပိန်းအကြောင်း ကနဦး တင်ခဲ့ပြီး၊ ယနေ့ ဇွန်လ ၁၄ ရက်နေ့မှာ နော်မာသထူးဝါးက “ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု ပပျောက်ရေး” လှုပ်ရှားမှုမှာ ထပ်မံ ပါဝင်လာပါတယ်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မြန်မာစစ်တပ်ဟာ နယ်စပ်ဒေသတွေမှာ စစ်ရာဇဝတ်မှုတွေ ဆက်တိုက် ကျူးလွန်ခဲ့သလို အမျိုးသမီးများ အပေါ်မှာလည်း လိင်အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ပါတယ်”

အဆိုတော် နော်မာသထူးဝါး (ဓာတ်ပုံ – Naw Martha Htoowah’s Facebook)

“ဒါပေမဲ့ ဒီ လိင်ရာဇဝတ်သားတွေဟာ အရေးယူမှု မခံရဘဲ လွတ်လပ်စွာ လှုပ်ရှားခွင့်ရရှိနေပြီးတော့၊ ဒီ လိင်အကြမ်းဖက်မှုကိုပဲ စစ်တပ်ရဲ့ တိုက်ခိုက်ရေး နည်းဗျူဟာတခုအဖြစ် အသုံးချနေခဲ့ရာကနေ ယနေ့ အချိန်မှာတော့ ဒီစစ်ရာဇဝတ်မှုတွေဟာ မြို့ပြလူနေမှုကြားထဲအထိ ဝင်ရောက်လာပြီ ဖြစ်ပါတယ်”

“မြန်မာနိုင်ငံက ဖိုးမူကြီးတို့လို အမျိုးသမီးငယ်တွေ၊ မမတွေ၊ ဒေါ်ဒေါ်တွေရဲ့ နေ့စဉ် လှုပ်ရှားသွားလာမှုဘဝတွေဟာ မလုံခြုံတော့ပါဘူး။ ဒီ့အတွက်ကြောင့် မြန်မာပြည်က အမျိုးသမီးတွေရဲ့ ဘဝ လုံခြုံမှု ရရှိစေရန်၊ ကျူးလွန်ခံရတဲ့ ရာဇဝတ်မှုတွေအားလုံး တရားစီရင်ခွင့် ရစေရန်အတွက် ဖိုးမူကြီးအနေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ပြုလုပ်တဲ့ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှုမှာ ပါဝင်လိုက်ရပါတယ်ရှင်။ တရားမျှတမှုဟာ မလွဲမသွေ ရောက်ရှိလာပါလိမ့်မယ်”လို့ နော်မာသထူးဝါးက ပြောထားပါတယ်။

You may also like these stories:

စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

စပ်တပ်၏ သတ်ဖြတ်မှုကြောင့် ရက် ၁၀၀ ကျော်အတွင်း လူပေါင်း ၉၀၀ နီးပါး သေဆုံး

ICRC ဥက္ကဋ္ဌ အကျဉ်းထောင်များသို့ သွားရောက်ခွင့် ပြုဖို့ တောင်းဆို

Did you find apk for android? You can find new Free Android Games and apps.
Loading