“စစ်ဘေးရှောင်တွေအတွက် ငဲ့ညှာပေးကြပါ”လို့ ဟန်နာယူရီ ဆို
တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ Makeup Artist နဲ့ Freelance Model ဟန်နာယူရီက မြန်မာနိုင်ငံရှိ တိုင်းရင်းသား ဒေသတွေမှာ စစ်ဘေးဒုက္ခသည်တွေ များလာတာကြောင့် ဘဝတွေပုံ ရင်းထားရသူတွေကို ငဲ့ညှာပေးပါလို့ ဆိုပါတယ်။
“ငါတို့တွေ ပြည်မကြီးမှာ အသင့်သင့် လုံခြုံနေဖို့ တိုင်းရင်းသား နယ်မြေတွေမှာ စစ်ပွဲတွေ ဖြစ်နေကြတာပါ။ အခု တိုက်ပွဲ စိတ်လာလေလေ တိုင်းရင်းသားနယ်မြေတွေမှာ စစ်ဘေးဒုက္ခသည်တွေ များလာကြပြီ။ ဘဝတွေပုံ ရင်းထားရတဲ့သူတွေကို ငဲ့ညှာပေးပါ”

“ပြည်မကြီးမှာ စစ်မဖြစ်သေးတိုင်း ငါတို့နဲ့ မဆိုင်သလို မနေကြပါနဲ့။ ဦးတည်ချက်ကို မမေ့ကြပါနဲ့။ သွေးမအေးကြပါနဲ့။ အမှတ်သညာ ရှိကြပါ။ စိတ်နာကြပါ”လို့ ဟန်နာယူရီက ဆိုပါတယ်။
စစ်ဘေးရှောင်တွေအတွက် မရှိတဲ့ကြားက ဖဲ့လှူနေကြသူတွေရှိပြီး အဆင်ပြေတတ်နိုင်သူတွေက ပိုလှူပေးကြပါလို့ ဟန်နာယူရီက ဆိုပါတယ်။

“မရှိတဲ့ကြားက ဖဲ့လှူပါ။ မငတ်ရုံတမယ် ကိုယ့်စားဖို့ ချန်ပြီး ဖဲ့လှူနေကြတဲ့သူတွေ အများကြီးပါ။ အဆင်ပြေ တတ်နိုင်တဲ့သူတွေက ပိုလှူပေးကြပါ။ အတူတူလည်း လတွေအကြာကြီး စစ်အာဏာရှင်တွေကို ဆန့်ကျင်ပြီး အတူတူ ရုန်းကန်လာကြပြီးပြီ။ ပန်းတိုင်က ငါတို့လက်တကမ်းမှာပါ။ အတူကြိုးစား အားထည့် ရုန်းထွက်ကြရအောင်ပါ”လို့ ဟန်နာယူရီက ပြောထားပါတယ်။
Makeup Artist နဲ့ မော်ဒယ် ဟန်နာယူရီဟာ ပြီးခဲ့တဲ့ မေလအတွင်းကလည်း ချင်းပြည်နယ်၊ မင်းတပ်မြို့အတွက် ကိုရီးယားငွေ ဝမ် ၁ သိန်း လှူဒါန်းခဲ့ပြီး၊ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံအတွက် Speak Out လုပ်ပေးကာ လိုအပ်နေတဲ့ နေရာများကို လှူဒါန်းဖို့ အလှူခံပေးလျက် ရှိပါတယ်။
You may also like these stories:
စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
စစ်ဘေးရှောင်တွေအတွက် ရန်ပုံငွေပွဲမှာ ပါဝင်ပေးတဲ့ အလှမယ် သူဇာဝင့်လွင်
ပြည်ပရောက် မြန်မာများနဲ့အတူ တောင်ကိုရီးယားမှာ ဆန္ဒပြခဲ့တဲ့ ဟန်နာယူရီ