MRTV-4 ရုပ်သံလိုင်းမှ ဇာတ်လမ်းတွဲ သရုပ်ဆောင် စိုပြေမြင့်က သူ့ရဲ့ မိဘနှစ်ပါး COVID-19 ရောဂါ ကူးစက်ခံခဲ့ရတဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ ပရိသတ်တွေကို အသိပေး ပြောပြထားပါတယ်။
“ကိုယ့်အဖေနဲ့ အမေမှ ဒီ COVID-19 ရောဂါဆိုးကြီး ကူးစက်ခံရတာ မြင်တော့ ဘယ်လိုခံစားချက်ကြီး ဖြစ်သွားမှန်းကို မသိတော့ဘူး။ ကိုယ်ကလည်း အဝေးရောက်နေတော့ ဘာမှ လုပ်မပေးနိုင်ဘူး။ အမြန်ဆုံး ပျောက်သွားမှာပါ။ ဖိုက်တင်းနော် ချစ်တဲ့ အဖေနဲ့ အမေ”လို့ စိုပြေမြင့်က ပြောပါတယ်။
ဖခင်က ဆရာဝန်တဦး ဖြစ်တာကြောင့် ဆေးခန်းဖွင့်ရင်းကနေ ကူးစက်ခံခဲ့ရတာဖြစ်ပြီး၊ ပရိသတ်တွေကို မပေါ့ဆကြဖို့ စိုပြေမြင့်က သတိပေးထားပါတယ်။
“ကူးစက်ပုံက အဖေက ဆရာဝန်ဆိုတော့ ဆေးခန်းဖွင့်ရင်းကနေ ကူးစက်ရင်း အမေ့ကိုပါ ကူးသွားတာပါဗျ။ အခု ကျနော် ပြောချင်တာက ရောဂါကို မပေါ့ဆပါနဲ့။ Mask တပ်ကြပါ။ အကာအကွယ်တွေနဲ့ သွားကြပါ။ လက်ဆေးကြပါ။ အားလုံးလည်း ဂရုစိုက်ဖို့ သတိပေးတာပါ”လို့ စိုပြေမြင့်က ပြောထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်မှု ပြန်လည် မြင့်တက်လာနေပြီး၊ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လှည်းကူးမြို့နယ်ရှိ ကိုယ်ပိုင်ကျောင်း တကျောင်းမှာ လူ ၂၀၀ ကျော် အစုလိုက် ကိုဗစ် ကူးစက်ခံခဲ့ရပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇွန်လ ၁၅ ရက်နေ့မှာ ကိုဗစ် လူနာအသစ် ၂၂၅ ဦး တွေ့ရှိထားပြီး၊ လက်ရှိ အချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ စုစုပေါင်း (၁၄၆,၀၅၁) ဦး ရှိသွားပြီလို့ သိရပါတယ်။
You may also like these stories:
ဒီးမော့ဆို ငွေတောင်ကျေးရွာရှိ အိမ်နှင့်ဆိုင်ခန်းများ ဖောက်ထွင်းဖျက်ဆီးခံရ
ကင်းမရွာ မီးလောင်မှုကို ရင်ကွဲမတတ် စိတ်မကောင်းဖြစ်နေတဲ့ မီးနို