ယနေ့၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၆) နှစ်မြောက် မွေးနေ့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ မွေးနေ့ကို နေအိမ် အကျယ်ချုပ်မှာပဲ ဖြတ်သန်းရမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် တနိုင်ငံလုံးမှ ပြည်သူများက “ပန်းသပိတ်”ကို ဆင်နွှဲနေကြပြီး၊ အနုပညာရှင်များကလည်း လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းစကားများ အသီးသီး အခုလိုပဲ ဆိုထားကြပါတယ်။
အဆိုတော် ရန်ရန်ချမ်း

“မွေးနေ့မှာ အချုပ်အနှောင်ခံနေရတာ ဒါဟာ ပထမဆုံး မဟုတ်တော့ ခံနိုင်ရည်အပြည့်နဲ့ ဖြတ်သန်းနေမယ်လို့ ယုံကြည်ပါတယ် အန်တီ”
သရုပ်ဆောင် ဒေါင်း

“အမေ ကျန်းမာပါစေ။ ပြည်သူတွေနဲ့အတူ ငြိမ်းချမ်းတဲ့ စည်းလုံးတဲ့ နိုင်ငံတော် ပြန်လည် တည်ဆောက်နိုင်ပါစေ အမေ”
အဆိုတော် ထွန်းနောင်ဆင့်

“Happy Blessed Birthday အမေစု။ ရှိတဲ့အရပ်မှာ ဘုရားရှင် ကွယ်ကာပါမည့်အကြောင်း ယေရှုနာမ၌ ဆုတောင်းပါတယ်”
သရုပ်ဆောင် ဖွေးဖွေး

“ကျန်းမာပါစေ အမေ ဒေါ်အောင်ဆန်းစုကြည်”
အဆိုတော် အိမ့်ချစ်

“မွေးနေ့ရှင် အမေစု အချုပ်နှောင်မှ အမြန်ဆုံး လွတ်ကင်းပါစေ။ ဝဋ်ကြွေးတွေရှိရင် ဒီလောက်နဲ့တင် ကျေပါစေ။ ကောက်ကျစ်တဲ့သူတွေရဲ့ လက်ကနေ လွတ်မြောက်ပါစေ။ အမေ့မွေးနေ့မို့ ပန်းလေးပန်ပြီးနှုတ်ခမ်းနီ ဆိုးလိုက်တယ်”
အလှမယ် ဟန်လေး

“Happy 76th Birthday Our Mother Leader, Aung San Su Kyi! အမေ ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ ရှိနေပြီး အမြန်ဆုံး ပြန်လည် လွတ်မြောက်ပါစေလို့ ဟန်လေး ရင်ထဲကနေ ဆုတောင်းပါတယ်”
You may also like these stories:
စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
စပ်တပ်၏ သတ်ဖြတ်မှုကြောင့် ရက် ၁၀၀ ကျော်အတွင်း လူပေါင်း ၉၀၀ နီးပါး သေဆုံး
ICRC ဥက္ကဋ္ဌ အကျဉ်းထောင်များသို့ သွားရောက်ခွင့် ပြုဖို့ တောင်းဆို