• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အစ်ကို ရေမွန်အတွက် ယူကြုံးမရ ခံစားနေရတဲ့ ညီမ လပြည့်ကဗျာ

by ဧရာဝတီ
24 June 2021
in Entertainment
A A
အဆိုတော် ရေမွန်နဲ့ လပြည့်ကဗျာ   / Lapyae Gabyar's Facebook

အဆိုတော် ရေမွန်နဲ့ လပြည့်ကဗျာ / Lapyae Gabyar's Facebook

14.2k
VIEWS
Share on FacebookShare on Twitter

အဆိုတော် ရေမွန်နဲ့ ညီမဖြစ်သူ လပြည့်ကဗျာတို့ဟာ တေးသံရှင် ခင်မြတ်မွန်ရဲ့ သားနဲ့ သမီးဖြစ်ပြီး၊ Idiots Band ရဲ့ ပင်တိုင် အဆိုတော် ရေမွန်ဟာ ဂီတလောကမှာ ၁၅ နှစ်ကြာနီးပါး ရပ်တည်ခဲ့တဲ့ ရော့ခ်အဆိုတော် တဦး ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဆိုတော် ရေမွန်ဟာ ဇွန်လ ၂၃ ရက်နေ့က အစာအိမ် သွေးကြောပေါက်ကာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

RelatedPosts

သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
263
စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

9 June 2025
5.5k
အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

8 June 2025
1.8k

ရေမွန်ရဲ့ ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး ပရိသတ်များ၊ အနုပညာရှင်များက နှမြောတသ ဝမ်းနည်းနေကြပြီး၊ ရေမွန်ရဲ့ ညီမ လပြည့်ကဗျာကလည်း သူ့အစ်ကိုအတွက် စိတ်မကောင်းဖြစ်ရတဲ့အကြောင်း လူမှုကွန်ရက် အကောင့်မှာ အခုလိုပဲ ရေးသားထားပါတယ်။

အဆိုတော် ရေမွန်တို့ မိသားစု

“ဘပီ၊ မိသားစုထဲမှာ သားအကြီး၊ မောင်နှမ နှစ်ယောက်လုံးက မွေးလာကတည်းက အတောင် တဖက်စီ ပဲ့လာသူ အချင်းချင်းမို့ ကိုယ့်ခံစားချက် သူနားလည်သလို သူ့ခံစားချက်တိုင်းလည်း နားလည်ပေးတယ်။ ငယ်ငယ်ကဆို အမေ သီချင်းထွက်ဆိုတိုင်း မထိန်းတတ် ထိန်းတတ်နဲ့ နို့ဘူးတွေဖျော်၊ အနှီးတွေလဲနဲ့ ထိန်းလာပေးတဲ့ အစ်ကို”

“မိစုံဖစုံနဲ့ ကြီးပြင်းလာတာ မဟုတ်တဲ့အတွက် ကိုယ့်မှာ အားကိုးစရာဆိုလို့ သူပဲ ရှိခဲ့တယ်။ အဖေလို၊ အစ်ကိုလိုမျိူး ချစ်ရတဲ့သူ၊ သံယောဇဉ် အရှိဆုံးသူ၊ ပွဲလမ်းတွေ သွားချင်တဲ့အခါတိုင်း အမေ့ကို ခွင့်တောင်းပေးပြီး အမြဲလိုက်ပို့ပေးတယ်။ အပြန်ကျရင် မေးတယ် “ပျော်လား ပြူးစိန် “တဲ့”

အဆိုတော် လပြည့်ကဗျာနဲ့ ရေမွန်

“ငါ့ညီမက အမြဲ စိတ်ဓာတ်ကျတတ်လို့ “နင်ပျော်ဖို့ အရေးကြီးတယ်၊ ငါအားရင် လိုက်ပို့မယ်” ဆိုပြီးပြောနေကျ။ အမေနဲ့ ရန်ဖြစ်တိုင်းလည်း ကားနဲ့လာလာ ခေါ်ထုတ်ပေးပြီး စိတ်ပျော်အောင် ထားတယ်။ ဘာစားမလဲ၊ ဘာလုပ်မလဲ အကုန်နားလည်ပေးပြီး နှစ်သိမ့်တတ်ဆုံးသူမို့ အခုချိန် ပိုခံစားရတယ်”လို့ လပြည့်ကဗျာက ဆိုပါတယ်။

ကိုဗစ်ကာလကတည်းက မိသားစုအတွက် အိမ်လခ၊ ဈေးဖိုးကအစ အစ်ကိုဖြစ်သူ ရေမွန်ကပဲ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

“ကိုဗစ်အချိန်ကတည်းက အိမ်က စီးပွားရေး အဆင်မပြေလို့ သူပဲ ထောက်ပံ့ခဲ့တာ။ အိမ်လခ၊ ဈေးဖိုးကအစ သူ့ဘက်က ဘယ်လောက်အဆင်ပြေပြေ၊ မပြေပြေ ကိုယ်တွေကို ထုတ်မပြောဘူး။ မရရအောင် ရှာဖွေပြီး လာပေးတတ်တဲ့သူ”

အဆိုတော် ရေမွန်တို့ မိသားစု

“Streamer လုပ်တုန်းကလည်း သူအရမ်းကြိုးစားတယ်။ နဂိုကတည်းက ဂိမ်းဆော့ရ ဝါသနာပါတဲ့သူမို့ သူနဲ့ အဆင်ပြေတာပေါ့။ တခါတလေတော့လည်း အရမ်းညည်းတယ်။ ပင်ပန်းလိုက်တာတဲ့။ ပျင်းလို့ဆော့တာမျိုး မဟုတ်ဘဲ အလုပ်တခု အနေနဲ့ လုပ်ရတော့ ညလည်း မအိပ်ဖြစ်၊ မျက်ရိုးတွေ ကိုက်နဲ့ အရမ်းပင်ပန်းရှာတယ်”

“သနားလွန်းလို့ “ဘပီရယ် အဲ့လောက်ကြီး အလုပ်တွေဖိ မလုပ်ပါနဲ့။ နားပါဦး” ဆိုလည်း “အလုပ်လုပ်မှ ပိုက်ဆံရမှာ ကြိုးစားရမယ်”တဲ့။ အသက် ၄၀ ပြည့်ရင် ဘုန်းကြီးဝတ်မယ်ဆိုပဲ။ ငါဘုန်းကြီး ဝတ်သွားရင် ငါရှာထားသမျှ အကုန်လုံးက နင်တို့အတွက်ပဲ ဆိုပြီး ပြောနေကျ လူကြီး။ သူ့အနွံတာ သူအနိုင်ကျင့်သမျှ အခံဆုံးကလည်း ကိုယ်ပဲ။ ရန်ဖြစ်တိုင်းလည်း သူအဆဲဆုံးပဲ။ သူပြောနေကျစကား “ငါကအကြီး ငါ့ကို ဆရာ လာမလုပ်နဲ့”လို့ လပြည့်ကဗျာက ဆိုပါတယ်။

ဆက်လက်ပြီး လပြည့်ကဗျာက အမေနဲ့ ညီမအပေါ် ဂရုစိုက် ချစ်ပေးတဲ့ အစ်ကို ရေမွန်နဲ့ ပတ်သက်ပြီး အခုလို ပြောထားပါတယ်။

အဆိုတော် လပြည့်ကဗျာနဲ့ ရေမွန်

“အမြဲတမ်း ရန်ဖြစ်ပြီးတိုင်း ပန်းစည်းကြီးယူလာပြီး ပါးကို လာနမ်းတယ်။ စိတ်မဆိုးနဲ့တော့ ပြူးစိန် ဆိုပြီး။ အပြင်ထွက်ခါနီးတိုင်းလည်း အမေနဲ့ ညီမကို နမ်းပြီးမှ သွားတတ်တဲ့သူမျိုး။ တနေ့ကို ဖုန်းတခေါက် ပုံမှန် မပြောဖြစ်ဘူး။ အမြဲ ချစ်တယ် ဆိုပြီး တဖွဖွ မပြောဘူး။ ဒါပေမဲ့ သူအရမ်းချစ်တယ် ဆိုတာသိတယ်။ ဘပီရေ… ဘပီကြိုက်တဲ့ ဟင်းလေးတွေ မီးမီး ချက်ကျွေးချင်သေးတယ်”

“ဘပီ အဝတ်တွေလည်း လျှော်ပေးချင်သေးတယ်။ ဘပီ စိတ်ဆိုးလို့ အော်ဆဲတဲ့ အသံလေးလည်း ကြားချင်သေးတယ်။ ဘပီ နေမကောင်းတဲ့အခါတိုင်း ပြုစုပေးချင်သေးတယ်။ ဒီခက်ခဲကြမ်းတမ်းတဲ့ ကာလကြီး ပြီးသွားရင် မိသားစုကို ဗုဒ္ဓဂါယာ ဘုရားဖူး လိုက်ပို့မယ်ဆို၊ အခုဖြစ်နေတာတွေအားလုံးက တကယ်မဟုတ်ရင် သိပ်ကောင်းမယ်”လို့ လပြည့်ကဗျာက စိတ်မကောင်းစွာ ဆိုပါတယ်။

အစ်ကို ရေမွန် မရှိတော့တဲ့နောက် မိခင်အတွက် ပိုကြိုးစားပေးရမှာဖြစ်ပြီး၊ မေကြီးအတွက်တော့ စိတ်ချပါလို့ လပြည့်ကဗျာက ဆိုပါတယ်။

လပြည့်ကဗျာနဲ့ ရေမွန်ရဲ့ “မောင်နှမတွေ” သီချင်း

“ဘပီ ချစ်တဲ့ ပြူးစိန်က ဘပီလောက် မသန်မာဘူး၊ မရင့်ကျက်သေးဘူး။ ဘပီရေ ဘပီ မရှိတဲ့နောက် ဘယ်လိုနည်းနဲ့ အသက်ရှင်ရမလဲ ဆိုတာလည်း မတွေးတတ်တော့ဘူး။ နေရာချင်း လဲပေးလို့ရရင် သိပ်ကောင်းမယ်။ ဒီအချိန်မှာ အရာအားလုံးက ကိုယ့်တာဝန်ကျလာပြီဆိုတော့ အမေ့အတွက် ပိုပိုးလေးအတွက် ကြိုးစားပြီးတော့ အသက်ဆက်ရှင်ရဦးမယ်။ ဒါပေမဲ့ ဘယ်လို ခွန်အားမျိုးနဲ့ ဆက်ရပ်တည်ရမလဲဆိုတာ မသိဘူး”

“အခုချိန်ဆို ဘပီ ဘယ်ရောက်နေမလဲ။ မီးမိးတို့ ငိုနေတာ တွေ့ရင် ဘပီကော ဝမ်းနည်းနေမလား။ အတွေးပေါင်းစုံ ဝင်ပြီး ရူးတော့မယ် ဘပီရယ်။ အပြင်မှာ ရာသီဥတု သိပ်အေးတယ်။ ရင်ထဲမှာတော့ အတော် ပူလောင်နေတယ်။ မေကြီးအတွက်တော့ စိတ်ချနော်။ မီးမီး ရှိတယ်။ သီချင်းလေးအတိုင်းပဲစိတ်ဖြောင့်ဖြောင့်သာ ချန်ခဲ့ပါ။ သိပ်ချစ်တယ် ငါ့အစ်ကို”လို့ လပြည့်ကဗျာက ပြောထားပါတယ်။

အဆိုတော် ရေမွန်ဟာ၂၀၁၉ ခုနှစ်အတွင်းကလည်း ညီမဖြစ်သူ လပြည့်ကဗျာရဲ့ တကိုယ်တော် အခွေမှာ ညီမနဲ့အတူ “မောင်နှမတွေ”ဆိုတဲ့ သီချင်းကို တွဲဖက် သီဆိုခဲ့ပါတယ်။

You may also like these stories:

တော်လှန်ရေးရဲဘော် ရေမွန်အတွက် နှမြောတသဖြစ်နေတဲ့ ထားထက်ထက်

စိတ်ဖြောင့်ဖြောင့်နဲ့ ချန်ခဲ့တဲ့ အဆိုတော် ရေမွန်

ဂီတကြယ်ပွင့် ရေမွန်အတွက် တေးရေး စံပီး ဂုဏ်ပြု ရေးတဲ့စာ

Your Thoughts …
Tags: Idiotsကွယ်လွန်မှုခင်မြတ်မွန်ညီမဘပီမောင်နှမလပြည့်ကဗျာအဆိုတော် ရေမွန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အဆိုတော် ရေမွန်  / Raymond Idiots Page

စိတ်ဖြောင့်ဖြောင့်နဲ့ ချန်ခဲ့တဲ့ အဆိုတော် ရေမွန်

by ဧရာဝတီ
23 June 2021
33.3k

Idiots ရဲ့ သီချင်းတွေကို အရမ်းကြိုက်တာ "မင်းနဲ့ နီးဖို့" ၊ "ဝမ်းနည်းတတ်တဲ့ ချစ်သူ" ၊ "တွေ့ရတာ ဝမ်းသာတယ်" သီချင်းတွေ ဖုန်းထဲ အခုထိ ရှိတယ်။ နားထောင်နေဆဲ။

သရုပ်ဆောင် ဇင်မာဦးရဲ့ ဈာပန / Thant Sin YT's Facebook

သရုပ်ဆောင် ဇင်မာဦး ကွယ်လွန်မှုအပေါ် အနုပညာရှင်များရဲ့ ဝမ်းနည်းစကား

by ဧရာဝတီ
12 March 2021
12.8k

“ဇင်မာဦး ဆုံးပါးသွားပြီလို့ ဖတ်လိုက်ရတယ်။ စိတ်ထိခိုက် ကြေကွဲရပြန်ပြီ။ အရမ်း စိတ်ထိခိုက်တယ်။ ထပ်တူ ခံစားရတယ်။

အဆိုတော် ရေမွန်  / Raymond Idiots Page

အဆိုတော် ရေမွန် ငှက်ဖျားကြောင့် ဆုံးပါးတာ မဟုတ်ဟုဆို

by ဧရာဝတီ
23 June 2021
69k

ညက တခြား သူငယ်ချင်းတွေနဲ့ သောက်ရင်း စားရင်း အခန့်မသင့်လို့ အစာအိမ် သွေးကြော ပေါက်သွားတယ်။ ဆရာဝန်က အဲ့လို သုံးသပ်ပြသွားတာပဲ။

မင်းသားကြီး ညွှန့်ဝင်းနဲ့ မင်းသမီး ဝါဝါဝင်းရွှေ   / Wah Wah Win Shwe's Facebook

မင်းသားကြီး ညွှန့်ဝင်း ကွယ်လွန်မှုကို နှမြောတသဖြစ်နေတဲ့ ဝါဝါဝင်းရွှေ

by ဧရာဝတီ
1 July 2021
20.6k

ဝါဝါဝင်းရွှေ ဒါရိုက်တာ အနေနဲ့ ရိုက်ကူးတဲ့ “ချစ်သူဝိုင်းဝိုင်းလည်” ဆိုတဲ့ ရုပ်ရှင်ကားကြီးဖြင့် မင်းသား ညွှန့်ဝင်းက ဒုတိယမြောက် အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။

ဝါရင့်သရုပ်ဆောင်ကြီး လူမုန်း  / Lu Mone's Facebook

ဦးလူမုန်း ကွယ်လွန်မှုအပေါ် အနုပညာရှင်များစွာ နှမြောတသ ဝမ်းနည်းနေ

by ဧရာဝတီ
14 July 2021
42.9k

“နာမည်က ဦးလူမုန်းတဲ့။ ဒါပေမဲ့ ကျမတို့ တလောကလုံး ချစ်ကြတယ်။ ကောင်းရာမွန်ရာ ရောက်မှာပါ”

သင်ဇာဝင့်ကျော်နဲ့ အဆိုတော် ရေမွန်  / Thin Zar Wint Kyaw's Facebook

ရေမွန်နဲ့ အမှတ်တရတွေကို ဝမ်းနည်းစွာ မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
25 June 2021
22.7k

“နောက်ဘဝဆိုတာ ရှိခဲ့ရင်လည်း အခုလို နင့်ရဲ့သူငယ်ချင်း ဖြစ်ချင်ပါတယ်။ နင်မရှိတော့ပေမယ့်လည်း နင့်နာမည်နဲ့ နင့်သီချင်းတွေကို ငါအမြဲတမ်း အမှတ်ရနေမှာပါ။“

Next Post
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ကို ၂၀၂၀ခု ဒီဇင်ဘာအတွင်းက တွေ့ရစဉ်  / ဧရာဝတီ

ကျောင်းမတက်ဘဲ ပညာတတ်အောင် ဘယ်လိုသင်မလဲ

အဆိုတော် မီးနို   / Mee No's Facebook

ကရင်စစ်ဘေးရှောင် ပြည်သူများအတွက် အောင်မြင်စွာ စုပေါင်း လှူခဲ့တဲ့ မီးနို

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate