တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ Makeup Artist နဲ့ Freelance Model ဟန်နာယူရီက ပြည်သူတွေအနေနဲ့ အားကိုးစရာ၊ ခိုနားစရာ မဲ့တာကြောင့် အားလုံး အတူတူ စည်းစည်းလုံးလုံးနဲ့ လက်တွေတွဲ အားတင်းထားပါလို့ ဆိုပါတယ်။
“အမှောင်ညတွေ ကုန်လွန်ပြီး တနေ့ နေ့သစ်ဆီ ရောက်မယ်။ အားတင်းထားပါဦး။ ကျမတို့မှာ ကျမတို့ အချင်းချင်းပဲ ရှိပါတယ်။ တကယ်ပါ ကျမတို့ ပြည်သူတွေမှာ အားကိုးစရာ၊ ခိုနားစရာ မဲ့ပါတယ်။ ဒါပေမဲ့ အတူတူ စည်းစည်းလုံးလုံး ရှိနေမှာမို့ လက်တွဲတွေမြဲ အားတင်းထားပေးပါ”
“တိုင်းပြည်တွင်းမှာ ရှိခဲ့စဉ်ကလည်း ကျမ ကိုယ်စွမ်းနိုင်သမျှ အစွမ်းကုန် ပါဝင်ခဲ့သလို ပြည်ပနိုင်ငံမှာ ရောက်ရှိနေစဉ်အတွင်းမှာလည်း ကျမ လုပ်နိုင်တဲ့ ပြည်သူတွေကို အကျိုးဖြစ်စေမယ့် အရာတွေကို အကုန် ကြိုးစားလုပ်သွားပါ့မယ်”လို့ ဟန်နာယူရီက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံက အခြေအနေတွေအတွက် ရင်နာရုံက လွဲပြီး ဘာမှ မလုပ်ပေးနိုင်တာကြောင့် သူတတ်နိုင်တဲ့ဘက်ကနေ အလှူ Project တွေမှာ လှုံ့ဆော်သွားမယ်လို့ ဆိုပါတယ်။
“လက်ရှိ အခြေအနေတွေအတွက် ရင်နာရုံမှ ဘာမှ မလုပ်ပေးနိုင်တဲ့ Guilty ဖြစ်တဲ့ လိပ်ပြာမလုံ စိတ်နှလုံး နာကျင်မှုတွေအတွက် စိတ်ဖြေဖို့က အလှူလို့ပဲ ထင်ပါတယ်”
“ကျမ မြန်မာပြည်သူတွေကို အများကြီး ကူညီ လှူဒါန်းချင်ပါတယ်။ ဆုတောင်း Speak out နေရုံနဲ့ မဖြစ်တော့တဲ့ အခြေအနေမို့ ကျမရဲ့ရပ်တည်မှု ဆိုရှယ်မီဒီယာ ပါဝါတွေကို သုံးပြီး ရသလောက် အခြားနိုင်ငံက လူတွေ ကျမတို့ မြန်မာနိုင်ငံကို လှူဒါန်းကြဖို့ အလှူခံတွေ၊ အလှူ Project တွေမှာ ပါဝင် ကူညီ လှုံ့ဆော်ပေးသွားပါမယ်”လို့ ဟန်နာယူရီက ဆိုပါတယ်။
ဆက်လက်ပြီး ဟန်နာယူရီက “အရေးတော်ပုံ အောင်ရမည်။ စာကြွင်း- ကိုရီးယား ရောက်ပြီး ယနေ့အချိန်ထိ ကျမ ကိုယ်တိုင် ဦးဆောင်ပြီး လက်ဝယ် အလှူငွေ လက်ခံ ကောက်ခံခြင်း မရှိခဲ့ပါရှင်”လို့ ပြောထားပါတယ်။
Makeup Artist နဲ့ Freelance Model ဟန်နာယူရီဟာ ပြီးခဲ့တဲ့ မေလအတွင်းကလည်း ချင်းပြည်နယ်၊ မင်းတပ်မြို့အတွက် ကိုရီးယားငွေ ဝမ် ၁ သိန်း လှူဒါန်းခဲ့ပြီး၊ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံအတွက် Speak Out လုပ်ပေးကာ လိုအပ်တဲ့ နေရာများကို လှူဒါန်းဖို့ အလှူခံပေးလျက် ရှိပါတယ်။
You may also like these stories:
“စစ်ဘေးရှောင်တွေအတွက် ငဲ့ညှာပေးကြပါ”လို့ ဟန်နာယူရီ ဆို
မြန်မာနိုင်ငံအကြောင်း ပြောရင်း စိတ်နှလုံး နာကျင်ခဲ့ရတဲ့ ဟန်နာယူရီ
ပြည်ပရောက် မြန်မာများနဲ့အတူ တောင်ကိုရီးယားမှာ ဆန္ဒပြခဲ့တဲ့ ဟန်နာယူရီ