Makeup Artist နဲ့ Freelance Model ဟန်နာယူရီဟာ ပြီးခဲ့တဲ့ရက်က သူတင်လိုက်တဲ့ ဓာတ်ပုံ တပုံမှာ သူ့ရဲ့ ရင်ဘတ်ကို လှောင်ပြောင်နေကြတာနဲ့ ပတ်သက်ပြီး မိန်းမသားတွေရဲ့ ကိုယ်ခန္ဓာ ဖြစ်တည်မှုကို အပြစ်လို သားပြော မယားပြော ခံစရာအကြောင်း မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။
“မနက်က ဒီပုံလေး တင်ထားတာကို အောက်က comment အချို့တွေက ကျမရဲ့ရင်ဘတ်ကို ပြောနေ၊ လှောင်ကြလို့ ကျမ ညီမလေးက ပုံကို ဖျက်ပစ်လိုက်ပါတယ်။ အခု ကျမက ပြန်ထပ်တင်ပါတယ်။ ကျမ ဝတ်ထားတာ ရိုင်းစိုင်း ဖော်ချွတ်ထားတာ မရှိပါ”
“ကျမက မိန်းမသားဖြစ်လို့ သဘာဝအတိုင်း မိန်းမသား ရှိသင့်တဲ့ curves တွေ ရှိပါတယ်။ ကျမ,မကလို့ ဘယ်မိန်းကလေးမဆို အတိုဝတ်ဝတ်၊ ဘာလိုပဲဖြစ်ဖြစ် မိန်းမ ကိုယ်ခန္ဓာ ဖြစ်တည်မှုကို အပြစ်လို သားပြော မယားပြော ခံရစရာအကြောင်း မရှိပါ”လို့ ဟန်နာယူရီက ဆိုပါတယ်။
ဒီမိုကရေစီ ရတဲ့အခါ မိန်းမသားတွေအပေါ် ဒီလို ယုတ်ညံ့တဲ့ စိတ်ဓာတ်တွေ ပါမလာစေဖို့ မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။
“ဒီမိုကရေစီ ရလို့ နိုင်ငံအသစ် ပြန်ထူထောင်ကြရင်လည်း မိန်းမသားတွေအပေါ် အချို့ ဒီလို ယုတ်ညံ့ အောက်တန်းကျတဲ့ စိတ်ဓာတ်တွေ ပါမလာပါစေနဲ့ မျှော်လင့်ပါတယ်”
“အမျိုးသမီးများ မိမိရဲ့ ကိုယ်ခန္ဓာ မိမိဖြစ်တည်မှုကို တပါးသူ ရှုတ်ချမှုနဲ့ သိမ်ငယ် မဝံ့မရဲဖြစ်စရာ မလိုပါ။ ကျမတို့က မိန်းမသားမို့ မိန်းမသား တယောက်ရဲ့ ကိုယ်ခန္ဓာ ရှိပါတယ်”လို့ ဟန်နာယူရီက ပြောထားပါတယ်။
Makeup Artist နဲ့ Freelance Model ဟန်နာယူရီဟာ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံ အကြောင်း Speak Out လုပ်ပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပြီး၊ သူ့ရဲ့ ဆိုရှယ်မီဒီယာ ပါဝါကို အသုံးပြုကာ မြန်မာနိုင်ငံအတွက် အလှူ Project တွေမှာ ပါဝင် လှုံ့ဆော်သွားမယ်လို့ ဆိုထားပါတယ်။
You may also like these stories:
မြန်မာနိုင်ငံအတွက် အလှူ Project တွေမှာ ပါဝင် လှုံ့ဆော်ပေးမယ့် ဟန်နာယူရီ
မြန်မာနိုင်ငံအကြောင်း ပြောရင်း စိတ်နှလုံး နာကျင်ခဲ့ရတဲ့ ဟန်နာယူရီ
မြန်မာနိုင်ငံအတွက် တောင်ကိုရီးယားမှာ အလှူငွေ ကောက်ခံပေးနေတဲ့ ဟန်နာယူရီ