အဆိုတော် လင်းနစ်က သူ့ရဲ့ ဖခင်ဟာ ကိုဗစ် ဒုတိယလှိုင်းမှာ COVID-19 ရောဂါကြောင့် ဆုံးပါးသွားတာ ဖြစ်ပြီး၊ ကိုဗစ်ကို ပေါ့ပေါ့တန်တန် သဘောမထားကြဖို့နဲ့ ကူးဖို့ လွယ်သလို၊ ကူးရင်လည်း သေဆုံးသည်အထိ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“2nd wave မှာ အဖေက Covid နဲ့ ဆုံးသွားတာပါ။ ကျနော် အတန်တန် သတိပေးနေတဲ့ကြားကပဲ သူကပေါ့ပေါ့ဆဆ သဘောထားခဲ့တယ်။ ဂရုစိုက်လွန်းတဲ့သူတွေကို အလကား အကြောက်လွန်နေတာပါဆိုပြီး ပြောခဲ့သေးတာ။ ပေါ့ပေါ့တန်တန်တွေ လုပ်လို့ ကျနော်နဲ့လည်း ရန်ဖြစ်ရတယ်”
“တကယ်ဖြစ်တော့ ၂ ပတ်လောက်အတွင်းပဲ ဆုံးသွားတာပဲ။ နာရေးလည်း လုပ်လို့မရ၊ တွေ့ခွင့်လည်း မရှိလိုက်ဘူး။ Covid ကို ငါတော့ မဖြစ်လောက်ပါဘူး ဆိုပြီး မပေါ့ကြပါနဲ့။ ကူးဖို့ အရမ်းလွယ်ကူသလို ကူးရင်လည်း အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်တာမျိုးပါ”အဆိုတော် လင်းနစ်က ဆိုပါတယ်။
ယခု လတ်တလော မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်မှု မြင့်တက်လာတာကြောင့် ပြည်သူများ မပေါ့ဆကြဖို့လည်း လင်းနစ်က အခုလို တိုက်တွန်းထားပါတယ်။
“Mask တပ်ပါ။ လက်ဆေးပါ။ ကိုယ်ခံအား ပြည့်ဝအောင် စားသောက် နေထိုင်ပါ။ အိပ်ရေးဝဝ အိပ်ပါ။ လုံးဝ လုံးဝ မပေါ့ပါနဲ့။ တကယ်ဖြစ်လာရင် အရမ်းဒုက္ခများပါတယ်”လို့ လင်းနစ်က ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ ယခုရက်ပိုင်း COVID-19 ရောဂါ ကူးစက်မှု မြင့်တက်နေပြီး၊ ဇွန်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ ကိုဗစ် ပိုးတွေ့လူနာသစ် (၁,၂၂၅) ဦး၊ သေဆုံးသူ ၁၂ ဦး၊ ပိုးတွေ့လူနာ စုစုပေါင်း (၁၅၄,၃၈၅) ဦး၊ သေဆုံးလူနာ စုစုပေါင်း (၃,၃၀၉) ဦး ရှိသွားပြီလို့ သိရပါတယ်။
You may also like these stories:
စစ်ဘေးရော ကိုဗစ်ဘေးပါ ကလေးမြို့ ကပ်ဆိုက်
ကလေးမြို့ ၌ ကိုဗစ်လူနာ တရက်လျှင် ပျမ်းမျှ ၁၀ ဦးနှုန်း သေဆုံးနေ
ကိုဗစ်ကူးစကမှု မြင့်တက်နေလို့ ပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်နေ