Entertainment

ကချင်အမျိုးသမီးရဲ့ ကိုဗစ် သီချင်းကို ပြန်ဖန်တီးလိုက်တဲ့ ထွန်းနောင်ဆင့်

Want create site? Find Free WordPress Themes and plugins.

သီချင်းများ ကိုယ်တိုင် ရေးသား သီဆိုသလို၊ Cover သီချင်းများ သီဆိုလေ့ရှိတဲ့ အဆိုတော် ထွန်းနောင်ဆင့်က ယခု ကာလအတွင်း အားလုံး စိတ်မွန်းကျပ်နေချိန်မှာ ကိုဗစ်နဲ့ ပတ်သက်ပြီး ကချင် အမျိုးသမီးတဦး အပျော်တမ်း သီဆိုထားတဲ့ သီချင်းတပုဒ်ကို အခုလိုပဲ ပြန်လည် ဖန်တီးခဲ့ပါတယ်။

“ဒီနေ့မနက် newsfeed ကြည့်ရင်း အမှတ်မထင် ဒီအစ်မရဲ့ ဗီဒီယိုလေး တွေ့သွားတော့ ကျနော် ဘဝအမောတွေ ခဏပြေသွားပါတယ်။ တချိန်တည်းမှာပဲ သူ့ရဲ့ သီချင်းရေးနိုင်စွမ်းနဲ့ သီဆိုနိုင်စွမ်းကို တော်တော်လေး ရင်ထဲမှာ လေးစားမိသွားတယ်။ စာသားတွေကလည်း ကျနော်တို့ ပြောချင်နေတာနဲ့ တထပ်တည်းပဲ”

“အဲ့ဒါနဲ့ ကျနော် တခုခုတော့ လုပ်ရမယ်ဆိုပြီး ဒီဗီဒီယိုလေး ဖန်တီးဖြစ်ပါတယ်။ Music Produce နဲ့ Mixing ကို ကျနော် ကိုယ်တိုင်ပဲ လုပ်တာပါ။ အဲ့မှာ ထူးခြားတာက သူသီချင်းဆိုတာကို ကျနော် Tuning မကိုင်ထားပါဘူး။ သူနဂိုကတည်းက အဲ့ Key ထဲမှာပဲ ဆိုနေတာပါ။ တကယ်ကို ပါရမီရှင်ပါပဲ”လို့ ထွန်းနောင်ဆင့်က ပြောပါတယ်။

အဆိုပါ သီချင်းမှာတော့ “ကိုဗစ်က နှိပ်စက်၊ နိုင်ငံရေးက နှိပ်စက်၊ တော်တော်လေးကို စိတ်ညစ်ရပါတယ်။ ဘယ်လိုလုပ်မလဲ ဘယ်လိုလုပ်မလဲ”စတဲ့ စာသားများ ပါဝင်ပါတယ်။

“စိတ်မညစ်နဲ့ အဆင်ပြေသွားမှာပါ”လို့ အမည်ရတဲ့ အဲဒီ သီချင်းကို ကချင်အမျိုးသမီးက ကိုယ်တိုင် ရေးသား သီဆိုထားတာဖြစ်ပြီး၊ သူ့ရဲ့ အပျော်တမ်း ဖန်တီးမှုကို Facebook အသုံးပြုသူများက ချီးကျူး သဘောကျနေကြပါတယ်။

“ဒီဗီဒီယိုထဲက အစ်မကို တကယ်ချစ်ခင် လေးစားလို့ ဒီဗီဒီယိုလေးကို လုပ်တာပါ။ ကာယကံရှင် ကိုယ်တိုင်က မနှစ်သက်ရင် လာရောက် ပြောနိုင်ပါတယ်။ ဖျက်ပေးပါမယ်။ ခွင့်ပြုချက်လည်း ဘယ်လိုတောင်းရမယ် မသိလို့ပါ။ အားလုံး ပျော်ရွှင်ဖွယ်ရာနေ့လေးကို ပိုင်ဆိုင်နိုင်ပါစေ”လို့ ထွန်းနောင်ဆင့်က ပြောထားပါတယ်။

၎င်းဗီဒီယိုကို Gum San DU အကောင့်ကနေ တင်ထားတာဖြစ်ပြီး “ဒီအစ်မက ကျနော့် သူငယ်ချင်းပါ။ ကျနော်လည်း အရမ်းကြိုက်လို့ အားလုံး စိတ်မွန်းကျပ်နေတဲ့အချိန် ပျော်ရွှင်မှု တခုခု ရကြပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ တင်လိုက်တာပါ”လို့ ဆိုပါတယ်။

အဆိုတော် ထွန်းနောင်ဆင့် (ဓာတ်ပုံ – Htun Naung Sint’s Facebook)

ဆက်လက်ပြီး သူက “အခုလို ကိုထွန်းနောင်ဆင့် Music နဲ့ သေချာ ဖန်တီးထားတာ ပိုကောင်းသွားတာပေါ့။ အစ်မကိုလည်း ပြောလိုက်ပါ့မယ်။ သူကြိုက်မှာပါ။ အားလုံး ဘဝအမောပြေကြပါစေ”လို့ ပြောထားပါတယ်။

အဆိုတော် ထွန်းနောင်ဆင့်ကတော့ ခွင့်ပြုချက် မတောင်းဘဲ တင်လိုက်ရလို့ အားနာနေပြီး၊ သီချင်းအား မူလ ဖန်တီးသူ ကချင်အမျိုးသမီးကို ပြဖြစ်အောင် ပြပေးဖို့နဲ့ သူ့ကို လေးစားကြောင်း ပြောပေးဖို့ ပြန်လည် ပြောထားပါတယ်။

You may also like these stories:

ဖွေးဖွေးကို သီချင်း ရေးပေးတဲ့အကြောင်း ပြောပြတဲ့ အဆိုတော် ထွန်းနောင်ဆင့်

မြန်မာ အနုပညာရှင်တွေကို နိုင်ငံတကာ သိအောင် Reaction ဗီဒီယိုတွေ ဖန်တီးတဲ့ ထွန်းနောင်ဆင့်

Did you find apk for android? You can find new Free Android Games and apps.
Loading