Entertainment

ရောဂါခံစားရသူတွေကို ဝိုင်းဝန်း ကူညီပေးဖို့ စိုပြေမြင့် မေတ္တာရပ်ခံ

ဇွန်လ ဒုတိယပတ်အတွင်းက သရုပ်ဆောင် စိုပြေမြင့်ရဲ့ မိဘနှစ်ပါးစလုံး COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီး၊ ဒီလိုအချိန်မှာ ရောဂါ ခံစားနေရတဲ့ မိသားစုဝင် အချင်းချင်း ကိုယ်ချင်းစာတယ်လို့ သူက ဆိုပါတယ်။

“ဒီလိုအချိန်မျိုးမှာ COVID-19 ရောဂါ ခံစားမိနေတဲ့ မိသားစုဝင် အချင်းချင်းကို ကိုယ်ချင်းစာပါတယ်ဗျ။ ဘယ်လောက်တောင် ခက်ခဲနေလဲ ဆိုတာလည်း နားလည်ပါတယ်။ ကျနော့်အဖေ ကိုယ်တိုင်လည်း အခုချိန်ထိ ICU အခန်းထဲမှာရှိနေလို့ ကျနော် နားလည်သလောက်လေး ပြောပြတာပါနော်”လို့ စိုပြေမြင့်က ဆိုပါတယ်။

စိုပြေမြင့်ရဲ့ မိဘနှစ်ပါး (ဓာတ်ပုံ – So Pyay Myint’s Facebook)

လက်ရှိ အချိန်မှာ ရောဂါကုသဖို့အတွက် ပိုက်ဆံထုတ်ဖို့ ခက်ခဲတဲ့ အခြေအနေတခုကြောင့် လူသားချင်း စာနာစိတ်နဲ့ ဝိုင်းဝန်း ကူညီပေးကြပါလို့ စိုပြေမြင့်က ဆိုပါတယ်။

“ရောဂါကုသဖို့အတွက် ပိုက်ဆံထုတ်ဖို့ဆိုတာ အရမ်းခက်ခဲတဲ့ အခြေနေအတခု ဖြစ်နေတာကြောင့် ဘဏ်တွေဘက်ကလည်း ဤရောဂါ ခံစားရလို့ ငွေလာထုတ်တဲ့သူတွေကို ဦးစားပေးလိုပါတယ်။ အပြင်ဘက်ကနေ ရာခိုင်နှုန်းဖြင့် ထုတ်ပေးတဲ့သူတွေလည်း တတ်နိုင်သရွေ့ လူသားချင်း စာနာတဲ့စိတ်နဲ့ ရာခိုင်နှုန်း နည်းနည်းဖြင့် ဝိုင်းဝန်း ကူညီပေးဖို့ မေတ္တာရပ်ခံလိုပါတယ်”

“COVID-19 ရောဂါဆိုးကြီးကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းများ၏ ဈေးနှုန်းများကိုလည်း ပုံမှန်ဈေးအတိုင်းပဲ ရောင်းချပေးဖို့အတွက် မေတ္တာရပ်ခံလိုပါတယ်”လို့ စိုပြေမြင့်က ပြောပါတယ်။

ပြည်သူအားလုံး ပူးပေါင်း ပါဝင်ပြီး စည်းကမ်း လိုက်နာကြမယ်ဆိုရင် ဒီရောဂါဆိုးကြီးကနေ အမြန်ဆုံး လွတ်မြောက်နိုင်မယ်လို့ သူက ဆိုပါတယ်။

“တဦးပေါ်တဦး မေတ္တာ၊ စေတနာ ရှေ့ထားပြီ အတူတူ ပူးပေါင်း ပါဝင်ကြမယ်၊ စည်းကမ်း လိုက်နာကြမယ်ဆိုရင် ဒီရောဂါဆိုးကြီးကနေ အမြန်ဆုံး လွတ်မြောက်သွားမှာပါ။ အားလုံး ဘေးကင်းကြပါစေ”လို့ စိုပြေမြင့်က ပြောထားပါတယ်။

You may also like these stories:

ကိုဗစ် တတိယလှိုင်းကို အထူး ဂရုစိုက်ကြဖို့ အနုပညာရှင်များ တိုက်တွန်း

ကိုဗစ် တတိယလှိုင်းကို မပေါ့ဆကြဖို့ စိုပြေမြင့် နှိုးဆော်

ကိုဗစ်နဲ့ ပတ်သက်ပြီး ထပ်မံ သတိပေးလာတဲ့ စိုပြေမြင့်

Loading