Entertainment

ကိုဗစ် တတိယလှိုင်းကို ဂရုစိုက် ကာကွယ်ကြဖို့ ဒေါင်း ပြော

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်းက တတိယလှိုင်း ၁ လအတွင်း အမြင့်ဆုံး အနေအထားကို ရောက်ရှိနေပြီး၊ ဇူလိုင်လ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ တရက်တည်းမှာ ကူးစက်လူနာပေါင်း ၃,၆၀၀ ကျော် တွေ့ရှိခဲ့ပါတယ်။

ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကို မြန်မာနိုင်ငံက အနေအထား တခုနဲ့ ဖြတ်သန်းနိုင်ခဲ့ပေမယ့် တတိယလှိုင်းမှာတော့ ကိုယ့်အားကိုယ်ကိုးပြီး ကာကွယ်ရမယ်လို့ သရုပ်ဆောင် ဒေါင်းက ဆိုပါတယ်။

“COVID-19 တတိယလှိုင်းမှာ ကျနော်တို့ ပြည်သူတွေ ကိုယ့်အားကိုယ်ကိုးပြီး ကာကွယ်ရမှာဖြစ်တဲ့အတွက် အဓိက အရေးကြီးတာက ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်ဖို့ အရေးပါပါတယ်”

သရုပ်ဆောင် ဒေါင်း (ဓာတ်ပုံ – Daung’s Facebook)

“တန်ဆေးလွန်ဘေးဖြစ်လို့ ဆေးဝါးတွေ မလိုအပ်ဘဲ အလွန်အကျွံ မသောက်ကြဘဲ အားရှိ သန့်ရှင်းတဲ့အစားအသောက်များကိုသာ ဂရုတစိုက် စားသောက်ကြဖို့ အကြံပြုပါရစေ ခင်ဗျာ”လို့ ဒေါင်းက ဆိုပါတယ်။

ဆက်လက်ပြီး ဒေါင်းက ပြည်သူတွေကို အားတင်းထားကြဖို့နဲ့ ဘယ်အရာကိုမှ အရှုံးမပေးဘဲ ကြိုးစား ရင်ဆိုင်ကြဖို့ အခုလိုပဲ တိုက်တွန်းထားပါတယ်။

“အားတင်းထားကြပါ ခင်ဗျာ။ ကျနော်တို့တွေ ဘယ်လိုအရာကိုမှ အရှုံးမပေးဘဲ ကြိုးစားရင်ဆိုင်ကြရအောင်။ ရင်ဆိုင်ခြင်းတွေမှာ တန်ဖိုးတွေ ရှိပြီးသားပါ”လို့ ဒေါင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်ချက်အရ ကိုဗစ် ပိုးတွေ့လူနာသစ် (၃,၆၀၂) ဦး၊ အတည်ပြုလူနာ စုစုပေါင်း (၁၇၁,၉၇၆) ဦး၊ ကိုဗစ်ကြောင့် သေဆုံးသူ (၅၂) ဦး၊ စုစုပေါင်း သေဆုံးသူ (၃,၅၁၃) ဦး ရှိသွားပြီ ဖြစ်ပါတယ်။

You may also like these stories:

အကြမ်းဖက် စစ်အာဏာရှင်ကို အမြစ်ဖြတ် ချေမှုန်းဖို့ ဒေါင်း ပြော

“စိတ်ဓာတ်ကို အမြင့်ဆုံးထိထားပြီး အနိုင်ယူကြရအောင်”လို့ ဒေါင်း ပြော

“မျိုးဆက်သစ်အတွက် ကျနော်တို့ လုပ်ရပ်တွေက တန်ဖိုးရှိပါတယ်”လို့ ဒေါင်း ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading