မြန်မာနိုင်ငံမှာ ကိုဗစ် ကူးစက်မှု တတိယလှိုင်း ဆိုးရွားစွာ ရင်ဆိုင် ကြုံတွေ့နေရပြီး၊ ဆရာဝန်တဦး ဖြစ်တဲ့ အဆိုတော် နီနီခင်ဇော်က ပြည်သူများအား Stay at home၂ ပတ်ခန့် နေကြဖို့ အခုလိုပဲ တိုက်တွန်းထားပါတယ်။
“Stay Home @Lockdown အိမ်မှာ အားလုံး ၂ ပတ်လောက် နေပေးကြပါလားရှင်။ Positive လူနာရှင်တွေ၊ ကျန်းမာရေးအတွက် အပြင်မှာ အောက်ဆီဂျင် ရှာနေရတဲ့သူတွေ၊ ပရဟိတသမားတွေက လွဲလို့ ကိုယ်တိုင် အသိစိတ်နဲ့ အိမ်တိုင်း Lockdown လုပ်ပေးနိုင်ရင် ပြန့်ပွားမှု အရမ်းလျှော့ချပေးနိုင်မှာပါ”
“အရမ်း Panic ဖြစ်ပြီး အောက်ဆီဂျင်တွေ ကြိုစုတာ၊ ဈေးတွေမှာ တိုးဝှေ့ဝယ်နေတာ ရောဂါပိုပြီး ပြန့်ပွားစေပါတယ်။ တကယ်လိုနေတဲ့သူတွေအတွက် အောက်ဆီဂျင် ပြတ်လပ်စေပါတယ်။ လုံးဝ လုံးဝ အပြင်မထွက်ကြပါနဲ့တော့ရှင်”လို့ နီနီခင်ဇော်က ပြောပါတယ်။
ဆက်လက်ပြီး နီနီခင်ဇော်က အောက်ဆီဂျင် စက်ရုံတွေမှာ လှူဒါန်းဖို့ စီစဉ်နေပြီး၊ COVID-19 ရောဂါ တကျော့ပြန် ဂရုစိုက်ဖို့ အခုလိုပဲ ဆိုပါတယ်။
“ကျမတို့ သူငယ်ချင်းတွေ စုပြီး အောက်ဆီဂျင် စက်ရုံတွေမှာ ဆက်သွယ် လှူဒါန်းဖို့ စီစဉ်နေပါတယ်။ ပြည်သူတွေကို ပြည်သူက စောင့်ရှောက်ပေးပါ”
“COVID-19 ရောဂါ တကျော့ပြန် သတိပြု ကာကွယ်ပါ။ အရင်လို Mask တပ်ပါ။ လက်ဆေးပါ။ လူထူထပ်သော နေရာများ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ”လို့ နီနီခင်ဇော်က ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့ လူနာသစ် (၄,၃၇၇) ဦး တွေ့ရှိထားပြီး၊ စုစုပေါင်း အတည်ပြုလူနာ (၁၈၈,၇၅၂)ဦး၊ သေဆုံးသူ (၇၁) ဦး၊ စုစုပေါင်း သေဆုံးသူ (၃,၇၅၆) ဦး ရှိပြီ ဖြစ်ပါတယ်။
You may also like these stories:
ကိုဗစ် ကူးစက်ခံရစဉ်က အတွေ့အကြုံတွေ မျှဝေခဲ့တဲ့ ဘင်ဂျမင်ဆုမ်း
အဆိုတော် ဘင်ဂျမင်ဆုမ်း COVID-19 ကူးစက်ခံရ