Entertainment

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင် သင်ဇာဝင့်ကျော်က Stay at home (နေအိမ်တွင် နေထိုင်ရေး) ကာလမှာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် အားကစား ပုံမှန် လုပ်ဖြစ်ပြီး၊ သူ့ရဲ့ နေထိုင် စားသောက်မှု ပုံစံကို အခုလိုပဲ မျှဝေထားပါတယ်။

“Stay home ရင်း Hand stand training ပြန်စပါပြီ။ ဒီကာလမှာ အရက်၊ ဆေးလိပ် မတည့်တာ မှန်သမျှ အကုန်ရှောင်ပါတယ်။ အားကစား ပုံမှန်လုပ်တယ်”

သရုပ်ဆောင် သင်ဇာဝင့်ကျော် (ဓာတ်ပုံ – Thin Zar Wint Kyaw’s Facebook)

“ဆေးဆိုရင် ဗီတာမင်စီ တမျိုးပဲ သောက်တယ်။ ကျန်တဲ့ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဗီတာမင်တွေကိုတော့ ဆေးအဖြစ် မသောက်ဘဲ အဲ့ဗီတာမင်တွေ ပါတဲ့ အသီးအနှံတွေ၊ အသားငါးတွေပဲ ရွေးစားဖြစ်တယ်”လို့ သင်ဇာဝင့်ကျော်က ဆိုပါတယ်။

ဆက်လက်ပြီး သင်ဇာဝင့်ကျော်က မဖြစ်မနေ ကိစ္စရှိမှသာ အပြင်ထွက်ပြီး၊ ဒီကာလမှာ ကိုယ်ခံအား ကောင်းအောင် ဂရုစိုက်ကြဖို့ အခုလိုပဲ ဆိုပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော် (ဓာတ်ပုံ – Thin Zar Wint Kyaw’s Facebook)

“မနက် ၈ နာရီ မထိုးခင် နေပူဆာ လှုံတယ်။ အရမ်းအရေးကြီး မဖြစ်မနေ ကိစ္စရှိမှသာ အပြင်ထွက်ပါတယ်။ ဘာသာရေးလည်း ပိုလုပ်ဖြစ်တယ်။ အဓိဋ္ဌာန်လည်း ဝင်ဖြစ်တယ်။ တရားထိုင်ပြီး ဝင်လေထွက်လေ မှတ်ရင်း အသက်ရှု လေ့ကျင့်ခန်းလည်း လုပ်လို့ရပါတယ်။ စိတ်ပိုငြိမ်တာပေါ့”

“ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။ ဒါသင်ဇာ နေထိုင်ဖြစ်တဲ့ နည်းလမ်းလေးတွေကို မျှဝေတာပါ။ အားလုံးပဲ ဒီ COVID-19 ရောဂါဆိုးကို တိုက်ထုတ်နိုင်ပါစေ”လို့ သင်ဇာဝင့်ကျော်က ပြောထားပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် အားကစား ပုံမှန် ပြုလုပ်နေသူ ဖြစ်ပြီး၊ Facebook နဲ့ Youtube လူမှုကွန်ရက်တို့မှာ သူ့ရဲ့ နေထိုင်မှု ပုံစံများကို မျှဝေထားပါတယ်။

You may also like these stories:

ရေမွန်နဲ့ အမှတ်တရတွေကို ဝမ်းနည်းစွာ မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

စိတ်ဖြောင့်ဖြောင့်နဲ့ ချန်ခဲ့တဲ့ အဆိုတော် ရေမွန်

ဂီတကြယ်ပွင့် ရေမွန်အတွက် တေးရေး စံပီး ဂုဏ်ပြု ရေးတဲ့စာ

Loading