ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ “Miss Universe Myanmar 2018” အလှမယ် နှင်းသွေးယုအောင်ဟာ COVID-19 ရောဂါ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။
“နှင်းသွေး ကိုဗစ် Swab test နဲ့ စစ်တာ Positive တွေ့ပါတယ်။ ဒါပေမဲ့ အခုက လုံးဝ ဘာ Symptoms (ရောဂါလက္ခဏာ) မှ မရှိသေးဘူး။ Symptoms မပြပေမယ့် ကိုယ်က ဘယ်နေ့ကစဖြစ်တာလဲ မသိဘူး။ ဖြစ်ပြီး ၄၊ ၅ ရက်နေမှ ဘာလက္ခဏာတွေ ပြမလဲ မသိဘူး။ ဒါမှမဟုတ် ကိုယ်က ကိုယ်ခံအားပဲ ကောင်းနေလို့ပဲ ဘာလက္ခဏာမှ မပြတာလားပေါ့”
“လောလောဆယ်ကတော့ သူများနိုင်ငံမှာ တယောက်တည်းဆိုတော့ ဘာစလုပ်ရမလဲဆိုတာ မသိဘူး။ ဒါပေမဲ့ နှင်းသွေးရဲ့ Organization ကတော့ အခုထိ စီစဉ်နေတုန်းပေါ့။ ပြီးခဲ့တဲ့ တပတ်လောက်တုန်းက ၇ ရက်နေ့က Test လုပ်တော့ Negative ပေါ့”လို့ နှင်းသွေးယုအောင်က ပြောပါတယ်။
နှင်းသွေးယုအောင်ဟာ COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း လူမှုကွန်ရက်မှာ Live လွှင့် ပြောဆိုခဲ့တာဖြစ်ပြီး၊ လက်ရှိအချိန်ထိ ဘာလက္ခဏာမှ မပြဘဲ ကျန်းမာလျက်ရှိတယ်လို့ သိရပါတယ်။
“ဒါပေမဲ့ အခုချိန်မှာ နှင်းသွေးက ဘာရောဂါလက္ခဏာမှ မပြတဲ့အတွက် အကောင်းကြီးပါ။ မြန်မာနိုင်ငံမှာ ကိုယ့်ထက် အခြေအနေဆိုးတဲ့သူတွေ၊ အောက်ဆီဂျင် မရတဲ့သူတွေ၊ အောက်ဆီဂျင် မလုံလောက်လို့ အသက်ဆုံးရှုံးသွားတဲ့ ပို့စ်တွေ တွေ့တယ်။ ကိုယ်ပါ အသက်ရှုကြပ်တယ်”
“နှင်းသွေးက စိတ်မာတယ်။ Mental Health (စိတ်ကျန်းမာရေး) ကောင်းကောင်း ထိန်းနိုင်တယ်။ အရမ်း စိတ်ဓာတ် မကျတတ်ဘူး။ တရားထိုင်မယ်။ ဒီကြားထဲလည်း တရားထိုင်ရင်း ကိုယ့်ကိုယ်ကိုယ် စိတ်ကို ငြိမ်အောင် နေနေခဲ့တာဆိုတော့ အဆင်ပြေပါတယ်”လို့ နှင်းသွေးယုအောင်က ဆိုပါတယ်။
ဆက်လက်ပြီး နှင်းသွေးယုအောင်က သူ့ရဲ့ မိခင်နဲ့ စကားမပြောဖြစ်တာ ကြာပြီဖြစ်ပြီး၊ ဒီအချိန်မှာ မိခင်ကို လွမ်းမိတဲ့အကြောင်း စိတ်မကောင်းစွာ ဆိုပါတယ်။
“အမေနဲ့ စကားမပြောတာကြာပြီ။ ဒါပေမဲ့ မပြောကောင်းမဆိုကောင်း တခုခုဖြစ်သွားရင် အမေ့နားမှာပဲ သွားနေနေမှာ။ အမေကတော့ ကြောက်နေမှာ မဟုတ်ပါဘူး။ လွမ်းတယ် အမေရယ်။ အမေ့ သမီးလေးပဲ ဖြစ်ချင်တယ်။ ဘဝအတွက် အိပ်မက်တွေအတွက် ကြိုးစားစရာ မလိုရင် အမေ့ ရင်ခွင်နဲ့လည်း ဝေးရမှာ မဟုတ်ဘူး”
“အိမ်ပြန်လာလို့ မရတဲ့ ရောဂါရယ်၊ ကိုယ့်နိုင်ငံကိုယ် ပြန်လာလို့ရတဲ့ အသုံးမကျတဲ့ အာဏာသိမ်းမှုရယ်ကြောင့် အားလျော့လို့ ပြောတာ မဟုတ်ပါဘူး။ အမေ့ကို လွမ်းလာလို့ပါ။ ဒီအချိန် အမေနဲ့ စကားပြောရင် အမေ ငိုနေမှာ မမြင်ရက်ဘူး”လို့ နှင်းသွေးယုအောင်က ဝမ်းနည်းစွာ ပြောထားပါတယ်။
အလှမယ် နှင်းသွေးယုအောင်ဟာ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလအတွင်းက ထိုင်းနိုင်ငံသို့ ရောက်ရှိနေတာဖြစ်ပြီး၊ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုအကြောင်း ထိုင်းမီဒီယာတွေမှာ Speak Out လုပ်ပေးနေတဲ့ အနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။
You may also like these stories:
ကိုဗစ်ပိုးတွေ့သူနှုန်း မြင့်လာ၊ တရက်အတွင်း ၅၂ ဦး အထိ သေဆုံးမှုရှိ
ကိုဗစ် တတိယလှိုင်းက ကပ်ဆိုးကို သယ်ဆောင်လာသည်