မြန်မာရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများစွာမှာ ပါဝင်ခဲ့တဲ့ ဝါရင့် သရုပ်ဆောင်ကြီး ဦးလူမုန်းဟာ ယနေ့၊ ဇူလိုင်လ ၁၄ ရက်နေ့၊ ညနေ ၃ နာရီခွဲ အချိန်ခန့်က ရန်ကုန်မြို့ရှိ နေအိမ်မှာ နှလုံးဖောက်ကာ အသက်ရှုရပ်၊ အောက်ဆီဂျင် ပြတ်ကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဝါရင့်သရုပ်ဆောင်ကြီး ဦးလူမုန်း ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး အနုပညာ အသိုင်းအဝိုင်းမှ အနုပညာရှင်များစွာက စိတ်မကောင်းစကားများကို လူမှုကွန်ရက်မှာ အခုလိုပဲ ဆိုထားပါတယ်။
ဒါရိုက်တာ အောင်ကိုလတ်

“ရုပ်ရှင်သရုပ်ဆောင် ဦးလူမုန်း ကွယ်လွန်သွားခြင်းအတွက် လွန်စွာနှမြောတသ စိတ်မကောင်းဖြစ်ရပါသည်။ May his Soul Rest In Peace.”
သရုပ်ဆောင် မင်းမော်ကွန်း
“အခုမှ သိရတယ်ဗျာ။ ဦးလူမုန်းရေ ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းပါစေ”

သရုပ်ဆောင် ချောရတနာ
“နာမည်က ဦးလူမုန်းတဲ့။ ဒါပေမဲ့ ကျမတို့ တလောကလုံး ချစ်ကြတယ်။ ကောင်းရာမွန်ရာ ရောက်မှာပါ”
သရုပ်ဆောင် ဆုမြတ်နိုးဦး
“သိပ်သဘောကောင်းတဲ့ အဖေကြီး ဦးလူမုန်းရေ ကောင်းရာဘုံဘဝမှာ အေးချမ်းပါစေ”
အဆိုတော် ဟန်ထူးဈာန်

“တကယ်ကြီးလားဗျာ။ စိတ်တွေလည်း အရမ်းဆင်းရဲတယ်။ ကျနော် ချစ်တဲ့ ဘထွေးဆုံးပြီတဲ့။ ဦးလူမုန်း “စကြာ” ဆိုတဲ့ဘဝမှာ ခေါ်ခဲ့တဲ့ နာမည်လေးကိုပဲ အမြဲ အပြင်မှာလည်း တမင်ကို ချစ်လွန်းလို့ ဆက်ခေါ်ခဲ့တာ ဘထွေးရယ်။ တော်တော်ကို ခံစားရပါတယ်”
စိုင်းထွဋ်အာကာ (Director of Photography)
“ထာဝရ လူမုန်း၊ တချိန်တခါက The Brothers Music Band ရဲ့ဂစ်တာသမား၊ နောက်ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်အဖြစ် လူသိများခဲ့တဲ့ အစ်ကို လူမုန်း၊ အများအတွက် နေ့စဉ်လို ဆုတောင်းပေးခဲ့ပေမယ့် အစ်ကို ကိုယ်တိုင် ဆုတောင်းမပြည့်ခဲ့ပါလား အစ်ကိုရယ်။ အစ်ကိုလူမုန်း ကောင်းရာဘုံဘဝ ရောက်ပါစေ။ ကျန်ရစ်သူမိသားစု ညီအစ်ကိုများနဲ့ထပ်တူ ဝမ်းနည်းရပါတယ်”
ကွယ်လွန်ချိန်မှာ အသက် ၆၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဝါရင့် သရုပ်ဆောင်ကြီး ဦးလူမုန်းဟာ ဒါရိုက်တာ အောင်ကိုလတ်နဲ့ ညီအစ်ကို တော်စပ်သူလည်း ဖြစ်ပါတယ်။
You may also like these story:
သရုပ်ဆောင်များထဲမှ မေတိုးခိုင် ၁ ဦးသာ ပြန်လွတ်လာ
စစ်ကောင်စီက နာမည်ဖျက်ချင်သဖြင့် အမှုရုပ်ပေးခြင်းဖြစ်ကြောင်း ဝေဖန်မှုများရှိနေ