Entertainment

“ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အရှုံးမပေး ကျော်ဖြတ်ကြမယ်”

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် ဒေါင်းက လက်ရှိ မြန်မာနိုင်ငံမှာ နေ့စဉ် စိတ်မကောင်းစရာ သတင်းတွေပဲ ကြားနေရတဲ့အပေါ် ပြည်သူအချင်းချင်း ကူညီ ရိုင်းပင်းကြရမယ်လို့ ဆိုပါတယ်။

“အခုချိန်ဟာ ကျနော်တို့တွေအတွက် ကြေကွဲ ဝမ်းနည်းစရာ သတင်းတွေပဲ ကြားနေရတယ်။ ကျနော်တို့ ပြည်သူအချင်းချင်းပဲ တဦးနဲ့တဦး ကူညီ ရိုင်းပင်းကြရမယ်။ ရှိသူ၊ မရှိသူ မျှဝေ ကူကြမယ်”လို့ ဒေါင်းက ဆိုပါတယ်။

ဘယ်လို အခြေအနေ၊ စိန်ခေါ်မှုပဲဖြစ်ဖြစ် အရှုံးမပေး ကျော်ဖြတ်ကြဖို့ ဒေါင်းက အခုလိုပဲ ဆိုပါတယ်။

သရုပ်ဆောင် ဒေါင်း (ဓာတ်ပုံ – Daung’s Facebook)

“ဘယ်လိုအခြေအနေ၊ ဘယ်လို စိန်ခေါ်မှုဖြစ်ဖြစ် ကျနော်တို့ ပြည်သူတွေဟာ အရှုံးမပေး ကျော်ဖြတ်ကြမယ်။ ကျနော်တို့တွေ အားတင်းထားကြမယ်။ အာဏာရူးတွေရဲ့ရန်၊ ကပ်ဘေးရန်မှ ကင်းဝေးပြီး အားလုံး ကျန်းမာပါစေ။ ဘေးကင်းပါစေ”

“ဖီးနစ်တို့ တို့တွေဘာပဲဖြစ်ဖြစ် ကျော်လွှားနိုင်မှာပါ။ အောင်မြင်မှာပါ။ ပြာပုံထဲကနေ ပြန်ထကြမယ်”လို့ ဒေါင်းက ပြောပါတယ်။

သရုပ်ဆောင် ဒေါင်း (ဓာတ်ပုံ – Daung’s Facebook)

သရုပ်ဆောင် ဒေါင်းဟာ လက်ရှိ “Public Voice Television” ရဲ့ အပတ်စဉ် ထုတ်လွှင့်နေကျ “ရင်ဖွင့် နားစွင့် ပန်းတိုင်ဆီ ရွက်လွှင့်” အစီအစဉ်မှာ တင်ဆက် မေးမြန်းသူအနေနဲ့ ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း ကိုဗစ် တတိယလှိုင်းကို ဂရုစိုက် ကာကွယ်ကြဖို့ ဒေါင်းက ပြောထားပါတယ်။

You may also like these stories:

ကိုဗစ် တတိယလှိုင်းကို ဂရုစိုက် ကာကွယ်ကြဖို့ ဒေါင်း ပြော

အကြမ်းဖက် စစ်အာဏာရှင်ကို အမြစ်ဖြတ် ချေမှုန်းဖို့ ဒေါင်း ပြော

“စိတ်ဓာတ်ကို အမြင့်ဆုံးထိထားပြီး အနိုင်ယူကြရအောင်”လို့ ဒေါင်း ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading