သရုပ်ဆောင် အောင်လေးက ယခုကာလအတွင်း ကိုဗစ် တတိယလှိုင်းမှာ ကြက်ပေါင်းနဲ့ ဆိတ်စွပ်တို့ ကိုယ်တိုင် ချက်ပြုတ် ရောင်းချပြီး၊ ရောင်းရ အမြတ်ငွေများကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
“အခုကာလ ကိုဗစ် တတိယလှိုင်းမှာ ကြားနေရတဲ့ သတင်းတွေလည်း စိတ်မကောင်းလွန်းလို့ဗျာ။ အားလုံး ကိုယ်ခံအားကောင်းဖို့အတွက် ကြက်ပေါင်းလေးတွေ ပေါင်းပြီး ကျနော် ရောင်းမယ်”
“ရောင်းရတဲ့ ငွေရဲ့အမြတ်ကို အာဟာရ ဖြည့်စွက်စာ ကြက်ပေါင်းတွေ၊ အာဟာရ မဝယ်နိုင်တဲ့ မိသားစုတွေ၊ အိမ်ထောင်စုတွေ၊ ဂေဟာတွေကို ကြက်ပေါင်းနဲ့ အစားအသောက်တွေ လိုက်လှူပါမယ်ခင်ဗျာ”

“Fund raising အဆင်ပြေရင် အောက်ဆီဂျင်တွေမှာဖို့ လှူဖို့ တတ်နိုင်အောင်အထိ ကြိုးစားမယ်။ အလှူပါဝင်ချင်တဲ့ ဘော်ဒါတွေကိုလည်း ဖိတ်ခေါ်ပြရစေ။ ကုသိုလ်လည်းရ ဝမ်းလည်းဝ၊ ကိုယ်ခံအားလည်း မြင့်အောင် ကြက်ပေါင်းနဲ့ ဆိတ်စွပ်လေးတွေ ရောင်းပါမယ်။ ကုသိုလ်ဖြစ် အားပေးပါဝင် ပေးကြပါဦး”လို့ အောင်လေးက ဆိုပါတယ်။
ဆေးဖက်ဝင်ကြက်မဲပေါင်း၊ ဗမာဆေးကြက်ပေါင်းနဲ့ ဆိတ်စွပ်တို့ ရောင်းချမှာဖြစ်ပြီး၊ ဆေးဖက်ဝင်ကြက်မဲကိုတော့ ၂ ရက် ကြိုတင် အော်ဒါ မှာပေးရမယ်လို့ ဆိုပါတယ်။
“မနေ့က အများကြီး အားပေးကြတဲ့ မိတ်ဆွေတွေကို ကျေးဇူးအများကြီးတင်ပါတယ်။ အော်ဒါတွေ အများကြီး ရပါတယ်။ ကျနော် သေချာချက်ပြီး၊ သေချာထည့်၊ သေချာပို့ပေးပါမယ် ခင်ဗျာ။ ကျန်းမာရေး အာဟာရဖြည့်စွက် အစားအစာတွေဖြစ်လို့ အချိုမှုန့် လုံးဝ မသုံးထားပါဘူး။ စိတ်ချလက်ချ သုံးဆောင်ပါ”လို့ အောင်လေးက ပြောပါတယ်။
ရောင်းရငွေရဲ့ အမြတ်ကို အာဟာရ မဝယ်နိုင်တဲ့ မိသားစုတွေ၊ အိမ်ထောင်စုတွေနဲ့ ဂေဟာတွေထံ အစားအသောက်များ လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
“အချို့မိတ်ဆွေတွေက ကြက်ပေါင်းတွေ၊ ဆိတ်စွပ်တွေ အများကြီး ဝယ်ပြီး လှူပေးပါဆိုတာမျိုး ရှိပါတယ်။ ကျနော်သေချာ သွားလှူပေးပါမယ်ခင်ဗျာ။ ရောင်းရတဲ့ ငွေရဲ့အမြတ်ကို အာဟာရ ဖြည့်စွက်စာ ကြက်ပေါင်းတွေ အာဟာရ မဝယ်နိုင်တဲ့ မိသားစုတွေ၊ အိမ်ထောင်စုတွေ၊ ဂေဟာတွေကို ကြက်ပေါင်းနဲ့ အစားအသောက်တွေ လိုက်လှူပါမယ်ခင်ဗျာ”လို့ အောင်လေးက ပြောပါတယ်။
ဆက်လက်ပြီး အောင်လေးက အခုလို ကာလမှာ ရောင်းချတာဟာ အလုပ်တခု အနေနဲ့ရော၊ လိုအပ်တဲ့ နေရာတွေကို လှူဒါန်းဖို့အတွက် ဈေးရောင်းတာဖြစ်တယ်လို့ ဆိုပါတယ်။
“အခုလို ကာလမှာ အားပေးတာ ကျေးဇူးတင်ပါတယ်။ ဒီကာလမှာ အလုပ်တခုအနေနဲ့ရော၊ လိုအပ်နေတဲ့ နေရာတွေအတွက် အလှူလုပ်ဖို့အတွက်ရော အခုလို ဈေးရောင်းဖြစ်တာပါခင်ဗျာ။ လိုအပ်ချက်များ ရှိရင် နားလည်ပေးပါဗျာ။ လိုတာလေးတွေ ရှိရင်လည်း ကျနော့်ကို အကြံပေးကြပါ။ ကျနော် သင်ယူပါ့မယ်။ အားလုံး ကျန်းမာရေး ဂရုစိုက်ကြပါနော်”လို့ အောင်လေးက ပြောထားပါတယ်။