တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းတဖက်နဲ့ မြန်မာနိုင်ငံအရေးကို Speak Out လုပ်ပေးနေတဲ့ Makeup Artist နဲ့ Freelance Model ဟန်နာယူရီက ဒီရက်ပိုင်းမှာ သူလုပ်ဆောင်နိုင်ခဲ့တဲ့ အလုပ်တခုအကြောင်း အခုလိုပဲ မျှဝေထားပါတယ်။
“ကျောင်းတဖက် မြန်မာနိုင်ငံအတွက်လည်း ရင်တွေပူ စိတ်ဆင်းရဲစရာတွေထဲက ကျမအနေနဲ့ ဒီရက်ပိုင်း လုပ်နိုင်ခဲ့တာလေးတခုကို ပြောပြချင်ပါတယ်”
“ကျမ အပြင်မှာ Photo Model အလုပ်လုပ်တာနဲ့ ကျောင်းက ထောက်ပံ့ကြေးရတာနဲ့ ကျမ လက်ထဲမှာ မြန်မာငွေ ၅ သိန်း ပြန်စုမိပါတယ်။ Donation Project Green Tea ရောင်းအားက အခု အမေရိကန်ဒေါ်လာ ၂၅၀ နီးပါး ရနေပြီ ပြောပါတယ်။ ပိုရောင်းအားတက်ဖို့ ဆုတောင်းပါတယ်”လို့ ဟန်နာယူရီက ဆိုပါတယ်။
ဆက်လက်ပြီး ဟန်နာယူရီက မြန်မာနိုင်ငံအတွက် လှူဒါန်းဖို့ အလှူငွေ လက်ခံ ရရှိထားပြီး၊ ဒီလအတွင်း လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
“အသိတွေကနေ မြန်မာကို လှူဖို့ ပို့ပေးတာ အမေရိကန်ဒေါ်လာ ၂၆၀ လက်ခံရပါတယ်ရှင့်။ ယုံကြည် စိတ်ချတဲ့ Organization ကနေ ဒီလအတွင်း လှူဒါန်းသွားမှာပါ။ ထပ်ပြီး ကျမ လုပ်နိုင်တာတွေကို တတ်နိုင်သလောက် အစွမ်းကုန် ကြိုးစား လုပ်ဆောင်သွားပါမယ်”လို့ ဟန်နာယူရီက ပြောပါတယ်။
ပြည်သူတွေမှာ ပြည်သူတွေပဲ ရှိတာကြောင့် အချင်းချင်း ဖေးမ ကူညီကြဖို့နဲ့ ကျန်းမာရေး ဂရုစိုက်ကြဖို့ ဟန်နာယူရီက တိုက်တွန်းထားပါတယ်။
“ငါတို့မှာ ငါတို့ပဲ ရှိတယ်။ ပြည်သူတွေမှာ ပြည်သူတွေပဲ ရှိတယ်။ အချင်းချင်း ဖေးမကူညီ စောင့်ရှောက်ကြမယ်နော်။ နေကောင်း ကျန်းမာအောင် နေပေးပါ။ အတူတူ ကျော်ဖြတ်နိုင်မှာမို့ အားတင်းထားပေးပါနော်”လို့ ဟန်နာယူရီက ပြောထားပါတယ်။
Freelance Model ဟန်နာယူရီဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမပတ်အတွင်းကလည်း မြန်မာနိုင်ငံအတွက် လှူဒါန်းဖို့ တောင်ကိုရီးယားမှာ ပထမဆုံး အလုပ်အနေနဲ့ “Green Tea Drink” ကြော်ငြာကို အခမဲ့ ရိုက်ကူးပေးခဲ့ပါတယ်။
You may also like these stories:
မြန်မာနိုင်ငံကို လှူဒါန်းဖို့ ကြော်ငြာ အခမဲ့ ရိုက်ကူးခဲ့တဲ့ ဟန်နာယူရီ
မြန်မာနိုင်ငံအတွက် အလှူ Project တွေမှာ ပါဝင် လှုံ့ဆော်ပေးမယ့် ဟန်နာယူရီ
“စစ်ဘေးရှောင်တွေအတွက် ငဲ့ညှာပေးကြပါ”လို့ ဟန်နာယူရီ ဆို