Event

Vaseline အမှတ်တံဆိပ် Hand & BodyCare lotion မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့နံပါတ် ၁ အလှကုန်အမှတ်တံဆိပ်တခုဖြစ်တဲ့ Vaseline မှ Hand & BodyCare lotion ကို မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၂ ရက်နေ့က စတင်မိတ်ဆက်ခဲ့ပြီး Vaseline မြန်မာရဲ့ အမှတ်တံဆိပ်သံတမန်အဖြစ် သရုပ်ဆောင် အေးမြတ်သူကို ခန့်အပ်ခဲ့ပါတယ်။

အဆိုပါ အခမ်းအနားတွင် မော်ဒယ်များနှင့် “ Dare to Show” ဖက်ရှင်ရှိုးကို တင်ဆက်ပြသခဲ့ကာ မော်ဒယ်များမှ Vaseline ကို နှစ်ပတ်ကြာနေ့စဉ်အသုံးပြုခဲ့ပြီး ပြောင်းလဲလာတဲ့ အသားအရေများကို ပြသခဲ့ကြပါတယ်။

Vaseline အမှတ်တံဆိပ် Hand & BodyCare lotion မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

“ကျမ Vaseline Body Lotion ကိုသုံးလာခဲ့တာ အခုဆိုရင် နှစ်တော်တော်ကြာနေပါပြီ။ ကျမ Vaseline Body Lotion လိမ်းရတာကို ဘာကြောင့်ကြိုက်လဲဆိုတဲ့ အချက်တွေအများကြီးထဲမှာမှ အသားပေါ်လိမ်းလိုက်ပြီး ခဏအကြာ အရေပြားအတွင်းပိုင်းကို စိမ့်ဝင်သွားပြီး စေးကပ်မှုမရှိတာကြောင့်လည်းပါတယ်”လို့ Vaseline မြန်မာရဲ့ အမှတ်တံဆိပ်သံတမန် သရုပ်ဆောင်အေးမြတ်သူ ကပြောပါတယ်။

Vaseline ကို ကမ္ဘာအနှံ့အသုံးပြုလျက်ရှိသည်မှာ နှစ်ပေါင်း ၁၄ဝ ကျော်ရှိခဲ့ပြီး ယခုအခါ Unilever Myanmar ကုမ္ပဏီအနေနဲ့ ပထမဆုံး စတင်ဖြန့်ချိလိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

၁၈၈၀ ခုနှစ်များတွင် Vaseline ကို အသေးစားထိခိုက်ရှနာဖြစ်ခြင်းမှစကာ နှုတ်ခမ်းခြောက်သွေ့ကွဲအက်ခြင်း၊ ခြေဖဝါးကွဲခြင်းနှင့် နေလောင်ခံထားရတဲ့ အသားအရေများကို ကုသခြင်းများအတွက် အသုံးပြုလာကြပါတယ်။ Vaseline Lotion များကို အသက် ၁၆နှစ်မှစ၍ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading