၁။ IRON CROSS ၏ သီတင်းကျွတ်လပြည့်ည ဂီတဖျော်ဖြေပွဲကို ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ၅.၁၀.၂၀၁၇ ရက်နေ့ ည ၇ နာရီခွဲတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို ၁ သောင်းကျပ် သတ်မှတ်ထားပြီး မြေနီကုန်း စီးတီးမတ်၊ ရန်ကင်း စီးတီးမတ်၊ မန်းသီရိတေးသံသွင်း၊ The Sun တေးသံသွင်းတို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
၂။ Big Bag နှင့် Je-Me တို့ ဖျော်ဖြေမည့် YOUK SHI ဂီတပွဲကို မြို့ကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံတွင် ၇.၁၀.၂၀၁၇ ရက်နေ့ ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို ၁၅၀၀၀ မှ ၃၀၀၀၀ အထိ သတ်မှတ်ထားပြီး ဖုန်းနံပါတ် ၀၉-၉၇၇၀၀၉၁၅၇ သို့ ဆက်သွယ် မှာယူနိုင်ကြောင်း သိရသည်။
၃။ အဆိုတော် တင်ဇာမော်၏ 7 Concert ဂီတဖျော်ဖြေပွဲကို အထက်ပုဇွန်တောင်လမ်းရှိ Thuwunnabhumi Event Park တွင် ၇.၁၀.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို ၁ သောင်းကျပ်မှ ၇ သောင်းကျပ် အထိ သတ်မှတ်ထားပြီး ဖုန်းနံပါတ် ၀၁-၃၈၂၃၄၆၊ ၀၉-၅၀၇၇၂၄၄ သို့ ဆက်သွယ်ဝယ်ယူနိုင် ကြောင်းသိရသည်။
၄။ နာမည်ကျော် Hip Hop တေးသံရှင်များစွာ ပါဝင်မည့် Yangon Connection Hip-Hop Show ကို အထက်ပုဇွန်တောင် လမ်းရှိ Thuwunnabhumi Event Park တွင် ၄.၁၀.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ လက်မှတ် ဈေးနှုန်းများကို ၉ ထောင်ကျပ်မှ ၂ သောင်းကျပ် အထိ သတ်မှတ်ထားပြီး လက်မှတ်များကို Bo Bo Music Production, City Mart, Genius, OMG, Captial A, Orange, Nobody, RUN YGN, ၀၉-၄၂၅၅၅၇၆၆၈ တို့တွင် ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရ သည်။
၅။ တရုတ် ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ ကျင်းပသည့် တရုတ် ရုပ်ရှင်ပွဲတော်ကို နေပြည်တော်ရုပ်ရှင်ရုံတွင် ၁.၁၀.၂၀၁၇ မှ ၈.၁၀.၂၀၁၇ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်ကြေးအခမဲ့ ဖြစ်ပြီး Huang Xiaoming သရုပ်ဆောင်သည့် XuanZang ဇာတ်ကားနှင့် ဂျက်ကီချန်း သရုပ်ဆောင်သည့် Kong Fu Yoga ဇာတ်ကားတု့ိကို ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၆။ နိုင်ငံတကာ ဂီတပညာရှင်များ ပါဝင်ဖျော်ဖြေမည့် Orchestra for Myanmar – An Evening of American Music ဂီတပွဲကို မြို့မ ကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ၄.၁၀.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်ကြေး အခမဲ့ ဖြစ်ပြီး ကမ္ဘာ့ဂန္ထဝင်ဂီတများ ဖျော်ဖြေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၇။ ထိုင်ဝမ် ဂီတပညာရှင်များ၏ Music from Taiwan ဂီတပွဲကို ဗိုလ်တထောင်မြို့နယ် ၄၁ လမ်း (အလယ်) ရှိCheng-Yu Language & Business Center တွင် ၇.၁၀.၂၀၁၇ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်ကြေးအခမဲ့ ဖြစ်ပြီး ထိုင်ဝမ်ရိုးရာ ဂန္ထဝင်ဂီတနှင့် ထင်ရှားသည့် ထိုင်ဝမ် တေးသီချင်းများ ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။
၈။ ပန်းချီရွှေရိုးရာ၏ Golden Art ပန်းချီပြပွဲကို ကမ္ဘာအေး ဘုရားလမ်း၊ ချင်းချောင်းနန်းတော်ရှိ Myanmar Art Center တွင် ၅.၁၀.၂၀၁၇ မှ ၇.၁၀.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပန်းချီပြပွဲတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အခြေပြု ပန်းချီကားများ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၉။ ပန်းချီDawei Lay ၏ Farmer Live Solo Show ကို ယုဇနဥယျာဉ်မြို့တော်ရှိ Eternal Art Gallery တွင် ၁.၁၀.၂၀၁၇ မှ ၂၈.၁၀.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် မြန်မာလယ်သမားများ၏ ဘဝကို သရုပ်ဖော်ထားသော ပန်းချီကားများ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၁၀။ နာမည်ကျော် ပန်းချီဆရာများစွာ ပါဝင်မည့် Eleven Water Color ပန်းချီပြပွဲကို ကမ္ဘာအေးဘုရားလမ်း နှင်းဆီကုန်း ဘိုးဘွားရိပ်သာရှိ နှင်းဆီမြိုင် ပန်းချီပြခန်းတွင် ၇.၁၀.၂၀၁၇ မှ ၁၁.၁၀.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် လက်ရာစုံ ရေဆေးပန်းချီကားများ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။