စိုင်းစိုင်းခမ်းလှိုင်ရဲ့ SAI Cosmetix ထုတ်လုပ်ခြင်း တနှစ်ပြည့်တဲ့အနေနဲ့ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ပရိသတ်များနဲ့ တွေ့ဆုံပွဲပြုလုပ်ကာ နှုတ်ခမ်းနီအသစ်လည်း ထပ်မံထုတ်လုပ်သွားမယ်လို့ ဆိုလိုက်ပါတယ်။
“အခုချိန်မှာတော့ Sexy and Intelligent ရဲ့တနှစ်ပြည့်တဲ့ အချိန်ဆိုတော့ အမှတ်တရအနေနဲ့ ပရိသတ်နဲ့ တွေ့ဆုံပွဲလေးလုပ်ချင်တယ်။ ပြီးတော့ တနှစ်ပြည့်အနေနဲ့ ကုန်ပစ္စည်းအသစ်ထုတ်မယ်လို့လည်း ရည်ရွယ်ခဲ့ပါတယ်။ အဲဒီအတွက် ထပ်ထုတ်မယ့် ပစ္စည်းကလည်း နှုတ်ခမ်းနီပါပဲ။ နှုတ်ခမ်းနီနဲ့စတင်ခဲ့တဲ့အတွက် တနှစ်ပြည့်မှာ နှုတ်ခမ်းနီပဲ ထပ်မံထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
SAI Cosmetix ရဲ့တနှစ်ပြည့် ပရိသတ်နဲ့ တွေ့ဆုံပွဲကိုတော့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Junction Square တွင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒီပွဲမှာတော့ Sai Cosmetix ရဲ့ အသစ်ထပ်မံ ထွက်ရှိမယ့် SAI Ultra Matte Kiss-proof နှုတ်ခမ်းနီအရောင်သစ် ၄ မျိုးကို စတင်ရောင်းချပေးသွားမှာလည်း ဖြစ်ပါတယ်။
အဆိုပါ နှုတ်ခမ်းနီအသစ်များကိုတော့ Formula အသစ်ဖြင့် ပြုလုပ်ထားကာ နှုတ်ခမ်းသားကို ရေဓာတ်ဖြည့်ပေးပြီး အလွယ်တကူမပြတ်နိုင်အောင်ပြုလုပ်ထားပြီး SAI Ultra Matte Kiss-proof နှုတ်ခမ်းနီအသစ်များကို Touch me ၊ Kiss in the dark ၊ Pure Luv ၊ Honey Moon အမည်များဖြင့် ထွက်ရှိလာမှာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၉ ရက်တွင်ပြုလုပ်မယ့် Fan Meeting နဲ့ ပတ်သက်ပြီး စိုင်းစိုင်းခမ်းလှိုင်က “တနှစ်ပြည့်တာကို အကြောင်းပြပြီးတော့ ပရိသတ်တွေနဲ့ တွေ့ကြမှာပါ။ ဈေးရောင်းပွဲမဟုတ်ပါဘူး။ လာဝယ်လို့လည်းရတယ်။ ဒီပွဲမှာ မရောင်းလည်း တနိုင်ငံလုံးမှာရှိတဲ့ အလှကုန်ကုန်ဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ အဲဒီနေ့ကျရင် သီချင်းတွေဆိုကြမယ်။ ဂိမ်းတွေဆော့ကြမယ်။ အဓိကကတော့ Fan Meeting လေးပါ” လို့ ဆိုပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ရဲ့ Frenzo Myanmar Company Limited မှ ၂ဝ၁၆ အောက်တိုဘာ ၉ ရက်နေ့မှ စတင်ကာ SAI Cosmetix Soft Matte Liquid Cream နှုတ်ခမ်းနီ အရောင် ၃ မျိုးကို ဖြန့်ချိခဲ့ပြီး နောက်ပိုင်းတွင် ထပ်မံ၍ နှုတ်ခမ်းနီအရောင်သစ် ၄ မျိုး၊ Make-up Sponge ၊ Eye Shadow နှင့် Eye Liner များကို ထုတ်လုပ်ခဲ့ပါတယ်။