Event

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

Want create site? Find Free WordPress Themes and plugins.

၁။ နာမည်ကျော် DJ ပညာရှင်များ ပါဝင်ဖျော်ဖြေမယ့် Waterzonic Myanmar ပွဲတော်ကို သုဝဏ္ဏမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်းရှိ The ONE Entertainment Park တွင် ၁၁.၁၁.၂ဝ၁၇ ရက်နေ့ ညနေ ၄ နာရီတွင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပွဲလက်မှတ်များကို ကျပ် ၂ သောင်းခွဲမှ ၁ သိန်း ၂ သောင်းကျပ်အထိ သတ်မှတ်ထားပြီး www.waterzonicmyanmar.com သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်းသိရသည်။

၂။ နိုင်ငံကျော်အဆိုတော်များစွာပါဝင်မည့် မြန်မာကင်းထောက်ဂီတပွဲတော်ကို သုဝဏ္ဏအားကစားကွင်းတွင် ၁၂.၁၁.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ ပွဲလက်မှတ်များကို ၅ ထောင်မှ ၅ သောင်းကျပ်အထိ သတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်း၊ ဖုန်းနံပါတ် ၁၈၇၆ နှင့် ၀၉-၄၅၁၀၁၀၇၈၉ တို့တွင် ဆက်သွယ် မှာယူနိုင်ကြောင်းသိရသည်။

၃။ ကံ့ကော်ဝတ်ရည်စာအုပ်အိမ် နှစ်ပတ်လည်စာအုပ်အထူးဈေးရောင်းပွဲကို ရေကျော်လမ်းမကြီး အမှတ် ၅၁ ရှိ ကံ့ကော်ဝတ်ရည်စာအုပ်တိုက်တွင် ၁၀.၁၁.၂၀၁၇ မှ ၁၂.၁၁.၂၀၁၇ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပွဲတွင် စာအုပ်များကို ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

၄။ နာမည်ကျော်အနုပညာရှင်များပါဝင်မည့် Tuborg Fun Night ဂီတပွဲကို မြေနီကုန်း၊ ဗားကရာလမ်းမပေါ်ရှိ The Penthosue bar တွင် ၁၁.၁၁.၂၀၁၇ ရက်နေ့ ည ၈ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ ဝင်ကြေးအခမဲ့ဖြစ်ပြီး ဂီတဖျော်ဖြေမှုနှင့် Outdoor fun games and activities များစွာ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

၅။ ခရစ်စမတ်အကြို Pre-Christmas Opera Musical Concert ပွဲကို မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ၁၃.၁၁.၂၀၁၇ မှ ၁၅.၁၁.၂၀၁၇ ရက်နေ့အထိ ညနေ ၆ နာရီခွဲအချိန်များတွင် စတင်ပြုလုပ်သွားမည်ဖြစ်သည်။ ပွဲလက်မှတ်များကို ၂ ထောင်ကျပ်မှ ၈ ထောင်ကျပ်အထိ သတ်မှတ်ထားပြီး ဖုန်းနံပါတ် ၀၉-၄၅၀၃၀၂၀၇၅ သို့ ဆက်သွယ်ဝယ်ယူ နိုင်ကြောင်းသိရသည်။

၆။ မိုးရာသီတွင် ခေတ္တရပ်နားထားသော Yangon Book Street (စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း) ကို သိမ်ဖြူလမ်းတွင် ၁၁.၁၁.၂၀၁၇ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်သည်။ ဖွင့်ပွဲနေ့တွင် ဆိုင်ခန်းပေါင်း ၁၇၀ ကျော်ဖြင့် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး စာအုပ်များလက်ဆောင်ပေးခြင်း၊ ရေးသူဖတ်သူ ဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် အခြားအစီအစဉ်များစွာ ပါဝင်မည် ဖြစ်ကြောင်းသိရသည်။

၇။ ပန်းချီဆရာ ၁၅ ဦးပါဝင်ပြသမည့် 09+ Art ပန်းချီပြပွဲကို ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ၁၀.၁၁.၂၀၁၇ မှ ၁၃.၁၁.၂၀၁၇ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် လက်ရာစုံပန်းချီကား ၃၀ ကျော် ပြသသွားမည် ဖြစ်ကြောင်းသိရသည်။

၈။ ပန်းချီဆရာ ၉ ဦးပါဝင်ပြသမည့် ဒုတိယအကြိမ်မြောက် ကယ်ရီကေးချားအနုပညာပြပွဲကို ဗိုလ်ချုပ်ဈေးရှိ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို)ပန်းချီပြခန်းတွင် ၇.၁၁.၂၀၁၇ မှ ၁၂.၁၁.၂၀၁၇ ရက်နေ့အထိပြသသွားမည်ဖြစ်သည်။ ပြပွဲတွင် ပြည်တွင်း၊ ပြည်ပမှ ထင်ရှားသည့်ပုဂ္ဂိုလ်များ၊ မြန်မာ့ဓလေ့သရုပ်ဖော်ကယ်ရီကေးချားရုပ်ပုံများကို ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

၉။ ပန်းချီမိုးညို၏ ၉ ကြိမ်မြောက်တကိုယ်တော်ပန်းချီပြပွဲကို ပြည်သူ့ဥယျာဉ်ရှိ Yangon Gallery တွင် ၁၁.၁၁.၂၀၁၇ မှ ၁၃.၁၁.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပန်းချီပြပွဲတွင် လက်ရာမြောက်ရေဆေးရှုခင်းပန်းချီကားများကို ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

၁၀။ ပန်းချီဆရာ ၄ ဦးပါဝင်သည့် Different Leaves One Tree ပန်းချီပြပွဲကို အောင်ဆန်းကွင်း(မြောက်ဘက်)ရှိ OK Gallery တွင် ၇.၁၁.၂၀၁၇ မှ ၁၁.၁၁.၂၀၁၇ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် ပန်းချီဆရာ ၄ ဦး၏ မတူညီသော ပန်းချီဖန်တီးမှုလက်ရာများကိုစုစည်းပြသသွားမည်ဖြစ်ကြောင်းသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading