၁။ နာမည်ကျော် ဟစ်ဟော့ဂီတ အဖွဲ့များ ပါဝင်မည့် Black To Millennium ဂီတပွဲတော်ကို အထက်ပုဇွန်တောင်လမ်း ရှိ Thuwunnabhumi Event Park တွင် ၁၈.၁၁.၂၀၁၇ ရက်နေ့ညနေ ၆ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ လက်မှတ် ၁ စောင်လျှင် ၁ သောင်းကျပ်မှ ၇ သောင်းကျပ် အထိသတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်းနှင့် ဖုန်းနံပါတ် ၀၉၂၅၀၀၆၄၆၆၇ သို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရသည်။
၂။ မြန်မာ၊ ထိုင်း၊ လာအို ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ LETHWEI NATION FIGHT ကို သိမ်ဖြူလက်ဝှေ့ အားကစားရုံတွင် ၁၉.၁၁.၂၀၁၇ ရက်နေ့နေ့လယ် ၁ နာရီတွင် စတင်ပြုလုပ်သွားမည် ဖြစ်မည်။ လက်မှတ်များကို ၅ ထောင်ကျပ်မှ ၅ သောင်းကျပ် အထိ သတ်မှတ်ထားပြီး ဖုန်းနံပါတ် ၀၉-၉၆၄၄၀၀၂၁၅ ၊ ၀၉-၄၃၁၆၄၈၅၀ သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
၃။ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အကြို ပန်းကံ့ကော်ဒိုင်ယာရီဂီတညကို မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ၁၈.၁၁.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်မည်ဖြစ်သည်။ ပွဲလက်မှတ် ၁ စောင်လျှင် ၁ သောင်းကျပ်မှ ၅ သောင်းကျပ် အထိ သတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်း၊ City Mart ဆိုင်များ၊ Tony Tun Tun ဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
၄။ ရန်ကုန်မြစ်၏ နေဝင်ချိန် ဆည်းဆာအလှကို ခံစားရင်း ဂီတသံစဉ်များနှင့် အပန်းဖြေလိုသူများ အတွက် The Sunset Boat Party ခရီးစဉ်ကို ၁၈.၁၁.၂၀၁၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ဗိုလ်တထောင်ဆိပ်ကမ်း၊ The Royal Irrawaddy Boat မှ စတင်မည် ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွက် ၁ ဦးလျှင် ၁၅၀၀၀ ကျပ် ကျသင့်မည် ဖြစ်ပြီး လက်မှတ်များကို ကမ်းနားလမ်းရှိ Union Bar and Grill တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
၅။ ပြည်တွင်း၊ ပြည်ပရုပ်သေးပညာရှင်များ ပါဝင်မည့် Pieces of Mind – A Puppet Theater Performance ရုပ်သေး ပြပွဲကို ကမ္ဘာအေးဘုရားလမ်းရှိ ချင်းချောင်းနန်းတော်တွင် ၁၈.၁၁.၂၀၁၇ ရက်နေ့ ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို https://bookwhen.com/de/goethe-institut-myanmar သို့ ဆက်သွယ် မှာယူနိုင်ကြောင်း သိရသည်။
၆။ အိုင်ယာလန်တေးသံရှင်နှစ်ဦးနှင့် မြန်မာတေးသံရှင် ဖြူဖြူကျော်သိန်း ပါဝင်မည့် Music for Myanmar Charity Concert ဂီတပွဲကို Chatrium Hotel Royal Lake Yangon တွင် ၁၈.၁၁.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ် ၁ စောင်လျှင် ဒေါ်လာ ၅၀ သတ်မှတ်ထားပြီး https://ticket.myanmore.com/event/music-for-myanmar သု့ိ ဆက်သွယ် မှာယူနိုင်ကြောင်း သိရသည်။
၇။ A Tale of Samurai Cooking ဂျပန်ရုပ်ရှင်ကားကို ကမ္ဘာအေးဘုရားလမ်း ပုလဲကွန်ဒိုရှိ JAPAN CULTURE HOUSE တွင် ၁၇.၁၁.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီတွင် ပြသသွားမည် ဖြစ်သည်။ ဝင်ကြေးအခမဲ့ဖြစ်ပြီး ကြိုတင်စာရင်း ပေးသွင်း ရန် မလိုကြောင်းသိရသည်။
၈။ ဆရာကျော်ကျော်ဝင်း၊ ဆရာသန်းမြင့်နှင့် ဆရာမနော်သီတို့၏ Landscapes & Culture မှတ်တမ်းရုပ်ရှင်နှင့် ဓာတ်ပုံပြပွဲကို ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ၁၇.၁၁.၂၀၁၇ မှ ၂၁.၁၁.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပြပွဲတွင် ကရင်လူမျိုးတို့၏ လူနေမှုဓာတ်ပုံများ၊ ငပလီ၊ အင်းလေးသဘာ၀ ပတ်ဝန်းကျင် ဓာတ်ပုံများနှင့် အတူ မြန်မာပြည်အနှံ့ ရိုးရာဓလေ့များကို ရိုတ်ကူးပုံဖော် ထားသော မှတ်တမ်းရုပ်ရှင်များကို ကြည့်ရှု့ခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။
၉။ ပန်းချီခင်မောင်ရင် အမှတ်တရ ပန်းချီပြပွဲကို ကျောက်တံတာမြို့နယ် ၃၅ လမ်းရှိ၊ Moon Art Gallery တွင် ၁၁.၁၁.၂၀၁၇ မှ ၁၇.၁၁.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ပန်းချီခင်မောင်ရင်၏ မော်ဒန်ပန်းချီ လက်ရာ ပေါင်း ၅၀ ကျော်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၁၀။ ပန်းချီဆရာကြီး ဦးသုခ အမှတ်တရ ပန်းချီပြပွဲကို သံလွင်လမ်းရှိ New Treasure Art Gallery တွင် ၁၁.၁၁.၂၀၁၇ မှ ၁၈.၁၁.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ဆရာကြီး ဦးသုခ၏ ပန်းချီကားများ အပါအဝင် ပန်းချီဆရာ ၃၀၀ ကျော်၏ လက်ရာစုံပန်းချီကားများ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။