၁။ နိုင်ငံကျော် အဆိုတော် တေးသံရှင်မာမာအေး၏ စိန်ရတုအဉ္ဇလီ ၇၅ နှစ် မွေးနေ့ အမှတ်တရ ဂီတဖျော်ဖြေပွဲကို မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံတွင် ၁၃.၁၂.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲ လက်မှတ်များကို ၅ ထောင်ကျပ်မှ ၃ သောင်းကျပ်အထိ သတ်မှတ်ထားပြီး NOBODY (YanKin Center, Junction Square)၊ မန်းသီရိ တေးသံသွင်းနှင့် ဖုန်းနံပါတ် ၁၈၇၆ တို့တွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
၂။ Reason နှင့် Idiots တေးဂီတဝိုင်း နှစ်ခု၏ Reason To Be idiots ဂီတပွဲကို ကန်တော်ကြီး၊ မျှော်စင်ကျွန်းတွင် ၁၆.၁၂.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို ၉ ထောင်ကျပ်မှ ၂ သောင်းကျပ်အထိ သတ်မှတ်ထား ပြီး ဖုန်းနံပါတ် ၀၉-၉၇၇၀၀၉၁၅၇၊ ၀၉၄၅၅၅၇၃၄၄၂ တို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
၃။ တေးသံရှင်မို့မို့၏ Simply Acoustic ဂီတဖျော်ဖြေပွဲကို ပြည်လမ်းရှိ Marcedes Myanmar Showroom တွင် ၁၆.၁၂.၂၀၁၇ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို အမေရိကန်ဒေါ်လာ ၅၀ မှ ၁၅၀ အထိ သတ်မှတ်ထားပြီး ဖုန်းနံပါတ် ၀၉-၃၂၁၀၅၆၆၀ သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
၄။ ပန်းချီဆရာ ၅ ဦးပါဝင်မည့် 2017 December ပန်းချီပြပွဲကို နှင်းဆီကုန်းဘိုးဘွားရိပ်သာရှိ နှင်းဆီမြိုင် ပန်းချီပြခန်းတွင် ၁၆.၁၂.၂၀၁၇ မှ ၂၀.၁၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပန်းချီပြပွဲတွင် လက်ရာစုံ ရေဆေးပန်းချီကား များ ပြသသွားမည် ဖြစ်ကြောင်းသိရသည်။
၅။ ရန်ကုန်တက္ကသိုလ်ရာပြည့် အကြို စာအုပ်ဈေးရောင်းပွဲကို ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းတွင် ၁၄.၁၂.၂၀၁၇ မှ ၁၇.၁၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပွဲတော်တွင် စာအုပ်ဆိုင်ပေါင်းများစွာမှ စာအုပ်များကို အထူးဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၆။ မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီးကို ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ၁၅.၁၂.၂၀၁၇ မှ ၁၇.၁၂.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အိမ်ခြံမြေများနှင့် လူသုံးကုန်ပစ္စည်းများကို အထူး လျော့ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည် ဖြစ်ပြီးသိန်း ၅၀ တန် ဆုမဲပေါင်းများစွာကိုလည်း ကံစမ်းမဲ ဖောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၇။ ပထမဆုံးအကြိမ် ချက်နိုင်ငံ၏ song to the Moon ဂန္ထဝင်တေးဂီတ ဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ် ခန်းမတွင် ၁၅.၁၂.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ချက်နိုင်ငံ၏ နာမည်ကျော်ဂီတပညာရှင်များက ဖျော်ဖြေပေးသွားမည် ဖြစ်ပြီး မည်သူမဆိုအခမဲ့ လာရောက်နားဆင်နိုင်ကြောင်း သိရသည်။
၈။ ပန်းချီနီလာထွန်း၏ Trees In The Heart ပန်းချီပြပွဲကို ယုဇနဥယျာဉ်မြို့တော်ရှိ Eternal Art Gallery တွင် ၁.၁၂.၂၀၁၇ မှ ၂၈.၁၂.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ဆန်းသစ်သော အမြင်ဖြင့် ဖန်တီးရေးဆွဲထားသည့် သစ်ပင် ပန်းချီကားများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။
၉။ ပန်းချီဘဌေးကြည်၏ Landscapes by Ba Htay Kyi ပန်းချီပြပွဲကို မဟာဗန္ဓုလပန်းခြံလမ်း (အထက်) ရှိ Studio Square ပန်းချီပြခန်းတွင် ၁၆.၁၂.၂၀၁၇ မှ ၂၀.၁၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ပန်းချီဘဌေးကြည်၏ ရှုခင်း ပန်းချီကားများကို ကြည်ရှုနိုင်မည် ဖြစ်ကြောင်းသိရသည်။
၁၀။ ပန်းချီမင်းဇော်အောင်၏ In My Memorial ပန်းချီပြပွဲကို ဗိုလ်အောင်ကျော်လမ်းရှိ ဗိုလ်အောင်ကျော်ပန်းချီပြခန်းတွင် ၁၅.၁၂.၂၀၁၇ မှ ၁၉.၁၂.၂၀၁၇ ရက်နေ့အထိပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ဆာရီယယ်လစ်ဇင် အခြေပြု ပန်းချီကားများ ကို ကြည့်ရှု့ခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။