၁။ စံပြဖိုက်တာ ကလပ်မှ တိုက်ကွမ်ဒို သရုပ်ပြပွဲနှင့် ချို့တဲ့နွမ်းပါးလှူဒါန်းရန်ပုံငွေ ပွဲတော်ကို ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ၁၂.၁.၂၀၁၈ ရက်နေ့ညနေ ၆ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ လက်မှတ်ဈေးနှုန်းများကို ၅ ထောင်ကျပ်မှ ၂ သောင်းကျပ်အထိသတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်း ၊ The Sun Music ၊ City Mart များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
၂။ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)နှင့် ခိုင်နှင်းေ၀ ပရဟိတ လူငယ်များ အဖွဲ့မှ စီစဉ်ကျင်းပသည့် 112 Years Yangon Zoo Donation Fair ကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် ၁၃.၁.၂၀၁၈ မှ ၁၄.၁.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပွဲတော်တွင် နိုင်ငံကျော် အဆိုတော်များ၏ ဖျော်ဖြေပွဲများ၊ တိရစ္ဆာန်ကပွဲများမှ ရရှိမည့် အလှူငွေများကို မိဘမဲ့ ကလေးကျောင်းများသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
၃။ နိုင်ငံကျော် အဆိုတော်များ ပါဝင်မည့် စကားဖြူကောလိပ် ဂီတညကို တာမွေမြို့နယ်၊ ရွှေထွဋ်တင်ကွင်းတွင် ၁၄.၁.၂၀၁၈ ရက်နေ့ ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို ၂ သောင်းမှ ၄ သောင်းအထိ သတ်မှတ်ထားပြီး ဖုန်းနံပါတ် ၀၉၉၇၇၀၀၉၁၅၇ ၊ ၀၉၄၅၅၅၇၃၄၄၂ သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
၄။ ရာပြည့် စာအုပ်တိုက်၏ နှစ်ပတ်လည် အထူးလျော့ဈေး စာအုပ်ရောင်းပွဲကို အမှတ် ၂၆၄၊ ပန်းဆိုးတန်းလမ်းရှိ ရာပြည့် စာအုပ်တိုက်တွင် ၈.၁.၂၀၁၈ မှ ၁၄.၁.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ စာအုပ်ရောင်းပွဲတွင် စာအုပ်များကို အထူးဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၅။ လင်းလွန်းခင်စာပေတိုက် ၁၁ နှစ်ပြည့် အမှတ်တရ ဈေးရောင်းပွဲကို ပုဇွန်တောင်မြို့နယ်၊ လိပ်ကန်လမ်းရှိ လင်းလွန်းခင် စာပေတိုက်တွင် ၈.၁.၂၀၁၈ မှ ၁၇.၁.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ စာအုပ်ပွဲတော်တွင် အထူး လျော့ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၆။ ၁၆ ကြိမ်မြောက် ချင်းတွင်းရေကြည် ရေဆေးပန်းချီပြပွဲကို ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ ပန်းချီပန်းချီအစည်းအရုံး(ဗဟို) ပြခန်းတွင် ၁၀.၁.၂၀၁၈ မှ ၁၄.၁.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် လက်ရာစုံ ရေဆေးပန်းချီများ ကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။
၇။ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင် အသင်းက စီစဉ်သည့် Smart City & အနာဂတ်ရန်ကုန် ဟောပြောပွဲကို ကမာရွတ်မြို့နယ် Myanmar ICT Park တွင် ၁၃.၁.၂၀၁၈ ရက်နေ့ နေ့လည် ၂ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အနာဂါတ်ရန်ကုန်၏ ပုံစံကို ပြည်တွင်းပြည်ပမှ ကျွမ်းကျင်သူများက ဆွေးနွေးကြမည် ဖြစ်ပြီး စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်နိုင်ကြောင်း သိရသည်။
၈။ ပန်းချီခင်မောင်စန်း (မကွေး) ၏ ပန်းချီဘဏ်တိုက် တကိုယ်တော် ပန်းချီပြပွဲကို ကျောက်တံတားမြို့နယ်၊ ၃၅ လမ်းရှိ Moon Art Gallery တွင် ၁၃.၁.၂၀၁၈ မှ ၁၅.၁.၂၀၁၈ ရက်နေ့အထိ ပြသသွားမည် ဖြစ်သည်။ ပြပွဲတွင် ဆရာခင်မောင်စန်း (မကွေး) ၏ မော်ဒန်ပန်းချီ လက်ရာများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။
၉။ ရေဆေးပန်းချီဆရာ ၈ ဦးပါဝင်သည့် Watercolour art exhibition 2018 ပန်းချီပြပွဲကို ဗိုလ်တထောင်မြို့နယ် ၄၃ လမ်းရှိ 43 Art Gallery တွင် ၁၃.၁.၂၀၁၈ မှ ၁၆.၁.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် လက်ရာစုံ ရေဆေးပန်းချီ လက်ရာများကို ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၁၀။ ပန်းချီဉာဏ်ရဲနိုင်၏ The Value 2 တကိုယ်တော် ပန်းချီပြပွဲကို ဗိုလ်အောင်ကျော်လမ်းရှိ Bo AungKyaw St Art Gallery တွင် ၁၃.၁.၂၀၁၈ မှ ၁၇.၁.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် လူများနေ့စဉ် အသုံးပြုနေသည့် ဖိနပ်ကလေးများ၏ အရေးပါမှု တန်ဖိုးကို ဖော်ပြသည့်ပန်းချီလက်ရာများကို ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ ။