Event

နာမည်အလွဲသုံးစားပြုလုပ်ပြီး လိမ်လည်မှုများ ယခုထိ ရှိဆဲဟု MPT က ဆို

Want create site? Find Free WordPress Themes and plugins.

MPT ရဲ့ နာမည်ကို အလွဲသုံးစားပြုလုပ်ပြီး Page များမှ ကံစမ်းမဲအတုများ ဖောက်ပေးနေခြင်း၊ ဖုန်းခေါ်ဆိုပြီး ကံစမ်းမဲ ပေါက်ပါတယ်ဟု လိမ်လည်မှုများ ပြုလုပ်နေခြင်းတို့ လက်ရှိ MPT သုံးစွဲသူ ပြည်သူလူထုကြားမှာ ရှိနေဆဲပဲလို့ MPT မှ တာဝန်ရှိသူက ဆိုပါတယ်။

“တကယ်လို့ MPT အမည်ကို တုပပြီးသုံးတာမျိုး အများပြည်သူတွေကို ဝေခွဲရခက်စေဖို့ ရည်ရွယ်ပြီး အသုံးပြုတယ်ဆိုတဲ့သတင်း အတိအကျရရင် ဖော်ပြအသုံးပြုထားတဲ့ လူ သို့မဟုတ် အဖွဲ့အစည်းကို ရှာဖွေဖော်ထုတ် သွားမှာဖြစ်ပါတယ်” လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ရဲ့ ဥပဒေနှင့်ညှိနှိုင်း ရေးရာဌာနမှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးမိုးသူရ က ပြောပါတယ်။

MPT အနေနဲ့ ယင်းကဲ့သို့ လိမ်လည်လှည့်ဖျားတဲ့ အွန်လိုင်းလှုပ်ရှားမှုတွေကို ရွေးထုတ် ခွဲခြားနိုင်မှု အပါအဝင် အွန်လိုင်းလုံခြုံမှုနဲ့ ပြဿနာတွေကို Covering လုပ်တဲ့ Mobile Seminar တွေကို နိုင်ငံတဝန်း ကျင်းပနေတယ်လို့လည်း သိရပါတယ်။

ဇန်နဝါရီလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ MPT ရဲ့ “ပျော်ရွှင်ကံထူးနှစ်သစ်ကူး” အစီအစဉ်မြင်ကွင်း/သီဟတိုး/ဧရာဝတီ

ယနေ့အထိ MPT အနေနဲ့ နိုင်ငံတဝန်း မြို့နယ်အချို့မှာရှိတဲ့ ကျောင်းများ၊ တက္ကသိုလ်များနဲ့ စက်မှုဇုန်များမှာ Mobile Seminar ပေါင်း ၁၉၅ ခု ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် “လုံခြုံသင့်လျော်တဲ့ မိုဘိုင်းလ်နဲ့ အင်တာနက်အသုံးပြုခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ နောက်ထပ် Seminar အခု ၁၁၀ ကို နိုင်ငံတဝန်းမှာ ဒီနှစ်အတွင်း ထပ်မံ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ MPT ရဲ့ “ပျော်ရွှင်ကံထူးနှစ်သစ်ကူး” အစီအစဉ်မြင်ကွင်း/သီဟတိုး/ဧရာဝတီ

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က MPT မှ “ပျော်ရွှင်ကံထူး နှစ်သစ်ကူး” အစီအစဉ်ရဲ့ အထူးဆု ကံထူးရှင်ရွေးချယ်ပွဲကို မြန်မာပလာဇာမျာ ကျင်းပပြုလုပ်ခဲ့ပြီး ကား ၃ စီး၊ အဆင့်မြင့် ကွန်ဒိုမီနီယမ်အသစ်တလုံးနဲ့ iPhone X (၁၁) လုံး တို့ကို ကံစမ်းမဲနှိုက်ပြီး ဖောက်ပေးခဲ့ပါတယ်။

ဇန်နဝါရီလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ MPT ရဲ့ “ပျော်ရွှင်ကံထူးနှစ်သစ်ကူး” အစီအစဉ်မြင်ကွင်သီ/ဟတိုး/ဧရာဝတီ

“ကံထူးရှင်ရွေးချယ်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ customer အားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ သူတို့သာ မပါဝင်ခဲ့ရင် ဒီကံစမ်းပွဲက အောင်မြင်မှာ မဟုတ်ပါဘူး။ မသမာတဲ့သူတွေက လိမ်လည် လှည့်ဖျားတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ပြီး အခွင့်အရေးတွေ ယူသွားတာကို ကြားသိရတဲ့အတွက် အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်။ ထပ်ပြီး လိမ်လည်လှည့်ဖျားတဲ့ လှုပ်ရှားမှုတွေရဲ့ ပစ်မှတ် ကနေ ရှောင်လွှဲနိုင်ဖို့အတွက် သတိဝီရိယရှိပြီး အွန်လိုင်းကို လုံခြုံစွာနဲ့ အသုံးပြုဖို့ သုံးစွဲသူတွေကို လေးလေးနက်နက် အကြံပြုလိုပါတယ်” လို့ ဦးမိုးသူရက ပြောပါတယ်။

MPT ရဲ့ “ပျော်ရွှင်ကံထူး နှစ်သစ်ကူး” ပွဲမှာ ဖျော်ဖြေရေးအနေနဲ့ တေးသံရှင် အဆိုတော် ဝိုင်းစုခိုင်သိန်း၊ ခင်စုစုနိုင်၊ Jenevy၊ ထက်မွန်၊ ကျော်ဇင်မင်းတို့က တေးသီချင်းများနဲ့ သီဆို ဖျော်ဖြေခဲ့ကြပါတယ်။ ပွဲကို MPT Official Facebook Page မှလည်း တနိုင်ငံလုံးကို Live ထုတ်လွှင့် ပြသခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading