မော်ဒယ်လ် မေမြတ်နိုးနဲ့ Beauty Blogger နေခြည်ဦးတို့ဟာ Maybelline New York နဲ့ Gi Gi Hadid တို့ပူးပေါင်းပြီးထုတ်လုပ်မယ့် မိတ်ကပ် Collection အတွက် ဂျပန်နိုင်ငံတွင် တွေ့ဆုံရန်အတွက် Maybelline New York Myanmar ရဲ့ ဖိတ်ကြားခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါပွဲအား ဖိတ်ကြားခြင်းခံရတဲ့အပေါ် မော်ဒယ်လ်မေမြတ်နိုးက “မြတ်နိုးတို့ Gi Gi နဲ့သွားတွေ့မယ်။ သူ့ရဲ့ မိတ်ကပ် Collection တွေနဲ့ ပတ်သက်ပြီး အများကြီးလေ့လာမယ်။ သူနဲ့ကတော့ Personal အရပါ တွေ့ဆုံရမှာ ဖြစ်တဲ့အတွက် ရင်ခုန်နေပါတယ်။ သူနဲ့ပတ်သက်တဲ့ ပို့စ်လေးတွေ များများတင်ပေးမယ်။ စောင့်ကြည့်ပြီး အားပေးကြပါ” လို့ ပြောပါတယ်။
အဆိုပါပွဲကို Gi Gi Hadid ကိုယ်တိုင်တက်ရောက်မှာဖြစ်ပြီး အာရှနိုင်ငံတွေမှာရှိတဲ့ မိတ်ကပ်ပညာရှင်များ၊ Beauty Blogger များ၊ အနုပညာရှင်များနဲ့ Social Influencer များတက်ရောက်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
“Gi Gi က သူ့ရဲ့ မိတ်ကပ် collection ကို ဘာကြောင့်ထုတ်ဖြစ်တယ်ဆိုတာကို အသေးစိတ်ရှင်းပြသွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ နေခြည်အနေနဲ့ကတော့ ဒီ Collection လေးက မြန်မာပြည်ရာသီဥတုနဲ့ ကိုက်ညီတယ်လို့ ထင်ပါတယ်” လို့ Beauty Blogger နေခြည်ဦးက ဆိုပါတယ်။
အမေရိကန် စူပါမော်ဒယ်လ် Gi Gi Hadid က Maybelline New York နဲ့ပူးပေါင်းကာ သူမရဲ့ Signature Look နှစ်မျိုးဖြစ်တဲ့ East Coast Look နဲ့ West Coast လိမ်းနိုင်မယ့် မိတ်ကပ် Collection ကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။
Maybelline New York ရဲ့ စီစဉ်မှုဖြင့် အဆိုပါ Gi Gi Hadid ရဲ့မိတ်ကပ် Collection တရားဝင်မိတ်ဆက်ပွဲကို ဂျပန်နိုင်ငံတိုကျိုမြို့တွင် ဇန်နဝါရီ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။