Event

ဒီတပတ် ရန်ကုန်မှာလည်ပတ်စရာ

Want create site? Find Free WordPress Themes and plugins.

 

၁။ Big Bag တေးဂီတအဖွဲ့နှင့် အနုပညာရှင်များ ပါဝင်မည့် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း ရန်ပုံငွေပွဲကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံတွင် ၄.၂.၂၀၁၈ ရက်နေ့ ညနေပိုင်းတွင် စတင်ပြုလုပ်သွားမည် ဖြစ်သည်။ အခမဲ့ ဖျော်ဖြေပွဲ ဖြစ်ပြီး ကင်ဆာဝေဒနာရှင်များ အတွက် အလှူငွေများလည်း ကုသိုလ်ပြု ထည့်ဝင်နိုင်ကြောင်း သိရသည်။

၂။ ကမ္ဘာကျော်တေးသံရှင် IYAZ ပါဝင်မည့် Yangon Runway Girls Colletion ပွဲကို ရန်ကုန်မြို့၊ တော်ဝင်ဂါးဒင်း ဟိုတယ်တွင် ၂.၂.၂၀၁၈ ရက်နေ့ညနေ ၆ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ လက်မှတ်များကို ၂ သောင်းခွဲမှ ၃ သိန်း အထိသတ်မှတ်ထားပြီး ဖုန်းနံပါတ် ၀၉၉၇၇၀၀၉၁၅၇ ၊ ၀၉၄၅၅၅၇၃၄၄၂ သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

၃။ လူငယ်အဆိုတော် ၇ ဦးပါဝင်သည့် 7 wave ဂီတဖျော်ဖြေပွဲကို သုဝဏ္ဏမြို့နယ်၊ သုဝဏ္ဏဘူမိ Event Park တွင် ၂.၂.၂၀၁၈ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ လက်မှတ်များကို ၁ သောင်းခွဲမှ ၅ သောင်းအထိ သတ်မှတ်ထားပြီး ဖုန်းနံပါတ် ၀၁ ၃၉၂၉၃၁၊ ၀၁ ၂၄၀၁၄၂ တို့ကို ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

၄။ တေးသံရှင်ကော်နီ၊ ဆုန်းသင်းပါရ်၊ သျှီ၊ ဖြူဖြူကျော်သိန်းတို့ ဖျော်ဖြေမည့် The Power of 4 ဂီတဖျော်ဖြေပွဲကို သုဝဏ္ဏမြို့နယ်၊ သုဝဏ္ဏဘူမိ Event Park တွင် ၃.၂.၂၀၁၈ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို ၁ သောင်းမှ ၃ သောင်းခွဲအထိ သတ်မှတ်ထားပြီးဖုန်းနံပါတ် ၀၉၄၅၅၅၇၃၄၄၂ သို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရသည်။

၅။ ဂီတမိတ် မြူးဇစ်အင်စတီကျူ့စ်၏ Faculty Recital ဂီတပွဲကို ရန်ကင်းမြို့နယ်၊ ကံဘဲ့ဘူတာရုံလမ်းရှိ ဂီတမိတ် Hedda Hall တွင် ၂.၂.၂၀၁၈ ရက်နေ့ ညနေ ၆ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ဂီတမိတ်၏ ကျောင်းသား ကျောင်းသူများ၊ မိဘများနှင့် ဂီတပညာရပ်ကို စိတ်ဝင်စား ဝါသနာပါသူမ ည်သူမဆို လာရောက်လေ့လာကြည့်ရှုနိုင် ကြောင်း သိရသည်။

၆။ “ဗြိတိန်သို့တစ်နေ့တာ” (Big British Day Out) ပွဲတော်ကို အလံပြဘုရားလမ်း၊ အမှတ် ၆၂ ရှိ ဗြိတိသျှ သံအမတ်ကြီး နေအိမ်တွင် ၄.၂.၂၀၁၈ ရက်နေ့ နေ့လည် ၂ နာရီခွဲတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်ကြေးအခမဲ့ ဖြစ်ပြီး ပျော်ရွှင်စရာ ကစားနည်းမျိုးစုံ၊ ရိုးရာအစားအစာ၊ ဈေးဆိုင်များနှင့် အခြားပျော်ရွှင်စရာ အစီအစဉ်များ ခင်းကျင်းထားရှိမည် ဖြစ်ကြောင်းသိရသည်။

၇။ Yangon Book Plaza ၏ 9 Days Special Book Sale စာအုပ်ဈေးရောင်းပွဲကို လမ်းမတော်၊ သံဈေးရှိ Yangon Book Plaza တွင် ၂၇.၁.၂၀၁၈ မှ ၄.၂.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ဘာသာပြန်စာအုပ်များနှင့် ပင်ကိုယ်ရေး စာအုပ်များကို အထူးလျော့ဈေးများဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

၈။ အမျိုးသမီး ပန်းချီဆရာမများ၏ COLOURFUL FLOWERS WOMEN ARTIST ART EXHIBITION ပန်းချီပြပွဲကို အောင်ဆန်းအားကစားကွင်း (မြောက်ဘက်ခြမ်း) ရှိ OK Art Gallery တွင် ၃၀.၁.၂၀၁၈ မှ ၁.၂.၂၀၁၈ ရက်နေ့အထိ ပြသသွားမည် ဖြစ်သည်။ ပြပွဲတွင် အမျိုးသမီး ပန်းချီဆရာမများ၏ လက်ရာစုံ ပန်းချီကားများကို ကြည့်ရှု့ခံစားနိုင်မည် ဖြစ်ကြောင်းသိရသည်။

၉။ ပန်းချီသက်ထွန်းနှင့် မျိုးမင်းတို့၏ Water & Oil ပန်းချီပြပွဲကို အောင်ဆန်းကွင်း (မြောက်ဘက်ခြမ်း) ရှိ OK Art Gallery တွင် ၃.၂.၂၀၁၈ မှ ၇.၂.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပန်းချီပြပွဲတွင် ဆီဆေး၊ ရေဆေး မီဒီယံ ပန်းချီကားများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။

၁၀။ နယ်သာလန် ကြွေထည် မြေထည် အနုပညာရှင် Ilona Van de braak နှင့် ပန်းချီပြည့်ဝေတို့၏ Certain Interactions ပန်းချီပြပွဲကို ယောမင်းကြီးလမ်းရှိ နဝဒေးသာလာ ပန်းချီပြခန်းတွင် ၂.၂.၂၀၁၈ မှ ၁၁.၂.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင်မှ Ilona Van de braak ၏ မြေထည် အနုပညာလက်ရာများနှင့် ပြည့်ဝေ၏ ပန်းချီကားများကို ကြည့်ရှု ခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading