၁။ မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း ၁၆ နှစ်မြောက်အထိမ်းအမှတ်ရန်ပုံငွေဂီတဖျော်ဖြေပွဲကို မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ၁၇.၂.၂၀၁၈ ရက်နေ့ ည ၇ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ လက်မှတ်ဈေးနှုန်းများကို ကျပ် ၅ ထောင်မှ ၂ သောင်းအထိ သတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်းတွင် ဝယ်ယူနိုင်ကြောင်းသိရသည်။
၂။ WANTED ဂီတအဖွဲ့၏ One Band Show ကို ကန်တော်ကြီးမျှော်စင်ကျွန်းတွင် ၁၈.၂.၂၀၁၈ ရက်နေ့ ည ၇ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ ပွဲလက်မှတ်များကို ၉ ထောင်ကျပ် သတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်းနှင့် City Mart ဆိုင်ခွဲများတွင် ဝယ်ယူနိုင်ကြောင်းသိရသည်။
၃။ Idiots ဂီတအဖွဲ့၏ 13th Anniversary One Band Concert ဂီတဖျော်ဖြေပွဲကို သုဝဏ္ဏမြို့နယ်ရှိ ThuwanaBumi Event Park တွင် ၁၇.၂.၂၀၁၈ ရက်နေ့ ည ၇ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ ပွဲလက်မှတ်များကို ၆ ထောင်ကျပ်မှ ၂ သောင်းကျပ် သတ်မှတ်ထားပြီး ဖုန်းနံပါတ် ၀၉၇၇၀၀၉၁၅၇ သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်းသိရသည်။
၄။ မြန်မာနိုင်ငံ တရုတ်သံရုံးမှကျင်းပသည့် တရုတ်ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့၊ နေပြည်တော်ရုပ်ရှင်ရုံတွင် ၁၆.၂.၂၀၁၈ မှ ၂၂.၂.၂၀၁၈ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ ရုပ်ရှင်လက်မှတ်များကို ရုပ်ရှင်မပြမီ ၁ နာရီအတွင်း အခမဲ့ ရယူကြည့်ရှုနိုင်ကြောင်းသိရသည်။
၅။ တေးသံရှင်အိမ့်ချစ်နှင့်ဟဲလေးတို့၏ ညိုပြာညက် Valentine`s ဂီတဖျော်ဖြေပွဲကို ပြည်လမ်း၊ ၈ မိုင်ရှိ Pai’s Bar တွင် ၁၄.၂.၂၀၁၈ ရက်နေ့ည ၈ နာရီတွင် စတင်ပြုလုပ်သွားမည်ဖြစ်သည်။ လက်မှတ်ဈေးနှုန်းကို ၁၅၀၀၀ ကျပ် သတ်မှတ်ထားကြောင်းသိရသည်။
၆။ Antibiotics ဂီတအဖွဲ့နှင့် သီရိဂျေမောင်မောင်တို့ ဖျော်ဖြေမည့် Black Coffe with Antibiotics ဂီတ ဖျော်ဖြေပွဲကို ဗိုလ်ချုပ်အောင်ဆန်လမ်းရှိ Yangon Yangon Bar တွင် ၁၇.၂.၂၀၁၈ ရက်နေ့ ည ၉ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ လက်မှတ်ဈေးနှုန်းကို ၁ သောင်းကျပ်သတ်မှတ်ထားကြောင်းသိရသည်။
၇။ ကဗျာဆရာများ၏ ပန်းချီလက်ရာများကို ကြည့်ရှုခံစားနိုင်မည့် Colour Poetry ပန်းချီပြပွဲကို တက္ကသိုလ်ရိပ်သာလမ်းဟောင်းရှိ အလှသစ်ပန်းချီပြခန်းတွင် ၁၇.၂.၂၀၁၈ မှ ၂၁.၂.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် နိုင်ငံကျော်ကဗျာဆရာများ၏ လက်ရာစုံပန်းချီကားများကို ကြည့်ရှု ခံစားနိုင်မည်ဖြစ်ကြောင်းသိရသည်။
၈။ ပန်းချီနုနု၏ SWEET INLAY ပန်းချီပြပွဲကို ဗိုလ်တထောင်မြို့နယ်၊ ၄၃ လမ်းရှိ 43 Art Gallery တွင် ၁၇.၂.၂၀၁၈ မှ ၂၁.၂.၂၀၁၈ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် အင်းလေးဒေသ အခြေပြု ပန်းချီကားများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်းသိရသည်။
၉။ အမျိုးသားပြတိုက် (ရန်ကုန်)၏ ပထမအကြိမ် ပြတိုက်လှုပ်ရှားမှု ပန်းချီပြပွဲကို ပြည်လမ်း၊ အမျိုးသားပြတိုက် (ရန်ကုန်)တွင် ၂၀.၂.၂၀၁၈ မှ ၂၈.၂.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပန်းချီဆရာ ၇၂ ဦး၏ ပန်းချီလက်ရာများကိုကြည့်ရှုခံစားနိုင်မည်ဖြစ်ပြီး လက်တွေ့သရုပ်ပြရေးဆွဲမှုများကိုလည်း လေ့လာနိုင်မည် ဖြစ်ကြောင်းသိရသည်။
၁၀။ ပန်းချီဆရာ ၆ ဦးပါဝင်သည့် CORE ပန်းချီပြပွဲကို အောင်ဆန်းအားကစားကွင်း(မြောက်ဘက်)ရှိ OK Art Gallery တွင် ၁၆.၂.၂၀၁၇ မှ ၂၀.၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် မီဒီယံစုံ လက်ရာစုံပန်းချီကားများကိုကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်းသိရသည်။