• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Event

မြိတ်မြို့မှ ပညာထူးချွန် ကျောင်းသား၊ ကျောင်းသူများကို TASAKI ကုမ္ပဏီ “ပညာသင်ဆု” ပေးအပ်

by သီဟတိုး
15 February 2018
in Event
A A
TASAKI “ပညာသင်ဆု” ပေးအပ်ချီးမြှင့်ပွဲ / သီဟတိုး /  ဧရာဝတီ

TASAKI “ပညာသင်ဆု” ပေးအပ်ချီးမြှင့်ပွဲ / သီဟတိုး / ဧရာဝတီ

5.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ ကုမ္ပဏီပိုင် ပုလဲမွေးမြူရေးစခန်း ၂ ခု တည်ရှိတဲ့ TASAKI ကုမ္ပဏီမှ မြန်မာနိုင်ငံ၊ မြိတ်မြို့မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး လက်ရှိ တက္ကသိုလ်များမှာ ပညာသင်ကြားနေကြတဲ့ ပညာထူးချွန် ကျောင်းသား၊ ကျောင်းသူများကို “TASAKI ပညာသင်ဆု” ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။

TASAKI ကုမ္ပဏီအနေနဲ့ ယင်းကဲ့သို့ ပညာသင်ဆု ပေးအပ်ချီးမြှင့်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး မြိတ်ဒေသမှ ဒေသခံ မိသားစုများရဲ့ သားသမီးများကို ပညာရေးထောက်ပံ့ပေးခြင်းဖြင့် အဆိုပါဒေသရဲ့ လူနေမှုဘဝများကို ကူညီပေးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

RelatedPosts

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

14 July 2025
1.9k
သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
231
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
133

“ကျနော့်အနေနဲ့အခုလို မြိတ်မြို့က ထူးချွန်တဲ့ ကျောင်းသား၊ကျောင်းသူတွေကို အဆင့်မြင့်ပညာရေး ဆက်လက် သင်ကြားနိုင်စေဖို့ အထောက်အပံ့အနေနဲ့ ပညာသင်ဆုတွေ ချီးမြှင့်ပေးအပ်နိုင်ခဲ့တာ အလွန်ဝမ်းသာ ပီတိဖြစ်ရပါတယ်။ ဒါ့အပြင် အနာဂတ်မှာလည်း TASAKI ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေဖို့ တဖက်တလမ်းက ပါဝင်ကူညီ ချင်တာကြောင့် လာမယ့်နှစ်တွေမှာ “TASAKI ပညာသင်ဆု”အစီအစဉ်ကို ဆက်လက်ပြုလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်” လို့ TASAKI ကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌ ဖြစ်သူ Mr.Takaya Iida က ပြောပါတယ်။

TASAKI “ပညာသင်ဆု” ပေးအပ်ချီးမြှင့်ပွဲ / သီဟတိုး/ ဧရာဝတီ

ဆက်လက်ပြီး သူက “ပညာသင်ဆုပေးတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ရွေးချယ်ရတဲ့ အဓိက အကြောင်းအရင်းက အဓိက အချက် ၃ ချက်ရှိပါတယ်။ အဲဒီ ၃ ချက်က သူတို့ကျောင်းမှာ အောင်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းတွေ အပေါ် အခြေခံပါတယ်။ ပြီးတော့ ကလေးတွေရဲ့ အိမ်စီးပွားရေး အခြေအနေပေါ် မူတည်ပါတယ်။ နောက်တချက်က Gender Equality (ကျား၊မ တန်းတူ အခွင့်အရေး) ပါ။ ယောကျာ်းလေးမို့လို့၊ မိန်းကလေးမို့လို့ ဆိုပြီး ရွေးချယ်တာ မဟုတ်ဘဲ တကယ်တော်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ရွေးချယ်ထားတာပါ” လို့ Mr.Takaya Iida က ဆိုပါတယ်။

“TASAKI ပညာသင်ဆု” အစီအစဉ်ဟာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုရဲ့ အဓိကမြို့ကြီးဖြစ်တဲ့ မြိတ်မြို့မှ နေထိုင်သူ ဒေသခံများရဲ့ လူနေမှုဘဝအခြေအနေကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်နဲ့ အခုလို ပညာသင်ဆု စတင်ပေးအပ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပညာသင်ဆုအစီအစဉ်မှ အဆင့်မြင့် ပညာရေး ဆက်လက်သင်ကြားရန် ငွေကြေးလိုအပ်ချက် ရှိနေတဲ့ မြိတ်မြို့မှ ပညာထူးချွန် ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ် ကျောင်းပညာသင်စရိတ် ထောက်ပံ့မှုများ နှစ်စဉ် ပြုလုပ် ပေးသွားမှာ ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီရဲ့ တက္ကသိုလ်ပညာ သင်ကြားနေဆဲ ကာလအတွင်း သက်ဆိုင်ရာ တက္ကသိုလ်များ အလိုက် ၄ နှစ်မှ ၆ နှစ် အထိ တဦးကို တလလျှင် အမေရိကန်ဒေါ်လာ ၁၅၀ ထောက်ပံ့ ပေးသွားမယ်လို့ သိရပါတယ်။

“TASAKI ပညာသင်ဆု” အစီအစဉ်ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်ခဲ့ပြီး ယင်းပညာသင်ဆု အစီအစဉ်မှာ မြိတ်မြို့မှ တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာ အောင်မြင်ပြီး လက်ရှိ မြန်မာနိုင်ငံမှ တက္ကသိုလ်များမှာ ပညာသင်ကြား နေကြတဲ့ ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်ခဲ့ပြီး ဆေးတက္ကသိုလ် ကျောင်းသား ၁ ဦး၊ အင်ဂျင်နီယာ တက္ကသိုလ် ကျောင်းသား ၁ ဦး၊ ကွန်ပြူတာ တက္ကသိုလ် ကျောင်းသား ၁ ဦး၊ ဝိဇ္ဇာသိပ္ပံ ကျောင်းသူ ၃ ဦး တို့ကို ပညာသင်ဆု ပေးအပ် ခဲ့တယ်လို့ သိရပါတယ်။

TASAKI “ပညာသင်ဆု” ပေးအပ်ချီးမြှင့်ပွဲ / သီဟတိုး/ ဧရာဝတီ

TASAKI ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ “မုတ်ကောင်သားဖောက် ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်း”ကို ၁၉၉၇ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ပြီး ကပ္ပလီပင်လယ်ပြင်ရှိ လှပတဲ့ မြိတ်ကျွန်းစုများမှ “ဒိုမယ်ကျွန်း”အမည်ရှိ ကျွန်းမှာ တောင်ပင်လယ် ပုလဲမွေးမြူ ထုတ်လုပ်ရာ နေရာတခုကိုလည်း တည်ထောင်လုပ်ကိုင်ခဲ့တာ ယခုလက်ရှိအချိန်ထိ နှစ် ၂၀ ကျော်ရှိပြီလို့ သိရပါတယ်။

ဒါ့အပြင်၂၀၁၇ ခုနှစ်မှ စတင်ပြီး မြိတ်ကျွန်းစုများမှ လှပတဲ့ ကျွန်းစုတစု ဖြစ်တဲ့ “TheS isters” ခေါ် လငန်းကျွန်းစုမှာ ပုလဲမွေးမြူရေးစခန်း နေရာသစ်တခုကိုလည်း စတင်တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။အနာဂတ်မှာလည်း TASAKI ကုမ္ပဏီ အနေနဲ့ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံများမှာ “TASAKI ပညာသင်ဆု”အစီအစဉ်မှတဆင့် ကူညီထောက်ပံ့မှုများ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Your Thoughts …
Tags: TASAKI ကုမ္ပဏီပညာသင်ဆု
သီဟတိုး

သီဟတိုး

ဧရာဝတီ

Similar Picks:

ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ ရက်သတ္တပတ်

ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ ရက်သတ္တပတ်

by နွေနေ
3 February 2025
3.8k

ထရမ့်ရဲ့ လုပ်ဆောင်ချက်တွေဟာ အန္တရာယ်ရှိတဲ့ အာဏာရှင်စနစ်ကို ဦးတည်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း ညီညွတ်မှု မရှိဘူးလို့ ဆိုတယ်။

စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရောက်ရသည့် မြန်မာကျောင်းသားများဘဝ

စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရောက်ရသည့် မြန်မာကျောင်းသားများဘဝ

by Sicha Rungrojtanakul
18 November 2024
1.5k

"မြန်မာနိုင်ငံအခြေအနေက ပိုပြီး ပျက်စီးယိုယွင်းနေတယ်။ ကျမတို့ ပြန်သွားရင် ပြန်ထွက်လို့ ရဖို့ မသေချာတော့ဘူး"

ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းနှင့် ဘွဲ့နှင်းသဘင်ခန်းမ

စစ်ကောင်စီအောက်က ပညာရေးအကျပ်အတည်း

by နိုရာ
14 February 2023
2.2k

တက္ကသိုလ်ကျောင်းသား အများစုသည် စစ်ကောင်စီပညာရေးစနစ်ကို ဆန့်ကျင်ကာ စာသင်ခန်းများသို့ ပြန်ရန် ငြင်းဆန်နေသည်။

မြစ်ကြီးနားမြို့ အနီး တွေ့ရသည့် မြစ်ဆုံနေရာ / Reuters

WWF မြန်မာမှ ပေးသည့်ပညာသင်ဆု မြန်မာကျောင်းသား ၃ ဦး ရရှိ

by ဇူးဇူး
31 May 2017
6.8k

ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့(WWF) က နှစ် စဉ်ပေးအပ် လျက်ရှိသည့် Education for Nature (EFN) ပညာသင်ဆုအတွက် ယခုနှစ်တွင် မြန်မာနိုင်ငံသား ဘွဲ့လွန်ကျောင်းသား ၃ ဦး ရွေးချယ်ခံရကြောင်း သိရသည်။

Next Post
တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်   / Getty Images

တရုတ် နှစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံနဲ့ နောက်ကွယ်မှ စိတ်ဝင်စားဖွယ် အကြောင်းအရာ အချို့

Oxley Holdings က ထုတ်ပြန်ထားသည့် သရုပ်ဖော်ပုံစံ

ရန်ကုန်ဘူတာကြီး ဘက်စုံစီမံကိန်း တည်ဆောက်ရန် ကနဦးအဆင့် တင်ဒါချပေး

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
4k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3.2k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • နိုင်ငံရေးအရ အသိအမှတ်ပြုတာမဟုတ်ဘူး အခွန်ကောက်ဖို့အကြောင်းကြားတာ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate