Eliza skin republic ရဲ့ ဒုတိယမြောက်ဆိုင်ခွဲဖွင့်ပွဲကို မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ဆိုင်ဖွင့်ပွဲမှာ Eliza ရဲ့ ကုန်ပစ္စည်းများကို အထူးဈေးနှုန်းများဖြင့် ရောင်းချခြင်း၊ တေးသံရှင် ဖြိုးပြည့်စုံ၊ Ar-t ၊ လွှမ်းပိုင်တို့က တေးသီချင်းများနဲ့ ဖျော်ဖြေခဲ့ကြပြီး မိတ်ကပ်ပညာရှင် ခင်စန်းဝင်း၊ Beauty blogger ဝင်းမင်းသန်းတို့က အသားအရေ ထိန်းသိမ်းမှုများ၊ Skincare များအကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။
Eliza skin republic ကို မန္တလေးမြို့မှာ ဖွင့်လှစ်တာနဲ့ ပတ်သက်ပြီး Eliza skin republic ရဲ့မန်နေးဂျင်း ဒါရိုက်တာ မရတနာဝင်းက “ရန်ကုန်မှာက ၂၀၁၇ မတ်လတုန်းက ဖွင့်ခဲ့တယ်။ မန္တလေးမှာလည်း ဖွင့်ပေးပါလို့ တောင်းဆို လာကြတဲ့အတွက် အောက်တိုဘာလ လောက်ကတည်းက ပြင်ဆင်လာတယ်။ ဆိုင်ဖွင့်ပြီး ၂ လ အကြာမှာ Grand Opening ဖွင့်ပေးပါလို့ ပြောကြတဲ့အတွက် ဖွင့်ဖြစ်တာပါ။ မန္တလေးမှာ လုပ်ရတာ အရမ်းကို Welcome ဖြစ်တယ်” လို့ ပြောပါတယ်။
Eliza skin republic မှာတော့ အသားအရေ ထိန်းသိမ်းဖို့အတွက် Facial Treatment များနဲ့ Skincare များကို ဈေးသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိပါတယ်။
“ELIZA ကတော့ အဓိကက အသားအရေကို ထိန်းသိမ်းပေးတဲ့နေရာပါ။ ဆရာဝန်တွေလည်း ရှိပါတယ်။ ကိုယ့် အသားအရေကို ထိန်းသိမ်းချင်တဲ့သူတွေ အကုန်လုံး Facial Treament လည်း လုပ်လို့ရတယ်။ Skincare လည်း ဝယ်လို့ရတယ်။ ဈေးနှုန်းဆိုလည်း တသောင်းဝန်းကျင်နဲ့ ဝယ်လို့ရတယ်” Eliza skin republic မှ ဒေါက်တာ အင်ကြင်းစုက ပြောပါတယ်။
ဆက်လက်ပြီး “မန္တလေးက အပူပိုင်းဒေသ ဖြစ်တဲ့အတွက် နေရောင်က အရမ်းစူးတယ်။ အဲဒါကြောင့်လည်း နေလောင်တဲ့ သူတွေ အရမ်းများတယ်။ ဆိုင်ကယ်တွေလည်း စီးကြတဲ့အခါမှာ ဖုန်တွေဝင်၊ ချွေးပေါက်တွေပိတ်တာ ရှိတယ်။ အိမ်မှာလည်း အသားအရေ ထိန်းသိမ်းလို့ရအောင် ဆိုင်မှာလည်း လုပ်လို့ရအောင် လုပ်ပေးထားတယ်”လို့ ဒေါက်တာ အင်ကြင်းစုက ဆိုပါတယ်။
Eliza ရဲ့skincare တွေကတော့ ပြင်သစ်နိုင်ငံမှ ကုန်ကြမ်းများကို အသုံးပြုပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တည်ရှိတဲ့ စက်ရုံမှာ ထုတ်လုပ်ထားခြင်း ဖြစ်ကာ ISO လက်မှတ် ရရှိပြီး မြန်မာနိုင်ငံ FDA အသိအမှတ်ပြု လက်မှတ်များလည်း ရရှိထားတယ်လို့ သိရပါတယ်။