Event

ဒီတပတ် ရန်ကုန်မှာလည်ပတ်စရာ

Want create site? Find Free WordPress Themes and plugins.

၁။ အောင်လအင်န်ဆန်နှင့် ဘရာဇီးနိုင်ငံသား အဲလက်ဇန္ဒား မာချာဒို တို့၏ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ လုပွဲကို သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံတွင် ၂၃.၂.၂၀၁၈ ရက်နေ့ညနေ ၆ နာရီခွဲတွင် ပြုလုပ်သွားမည် ဖြစ်သည်။ လက်မှတ်ဈေးနှုန်းမှာ ၁ သောင်းကျပ်မှ ၂ သိန်းကျပ် သတ်မှတ်ထားပြီး ၀၁ ၅၄၉၂၉၇ သို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်းသိရသည်။ Skynet Sports-3 မှ တိုက်ရိုက်ထုတ်လွှင့် ပြသမှုကိုလည်း ကြည့်ရှုအားပေး နိုင်ကြောင်း သိရသည်။

၂။ အဆိုတော် မွန်းအောင်၏ ဆောင်းရဲ့နွေဦးည ဂီတပွဲကို မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ၂၄.၂.၂၀၁၈ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို ၁ သောင်းကျပ်မှ ၅ သောင်းကျပ်အထိ သတ်မှတ် ထားပြီး မန်းသီရိတေးသံသွင်း၊ My Garden နှင့် ဖုန်းနံပါတ် ၀၉ ၇၉၀၁၄၄၁၅၈ သို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရသည်။

၃။ ပျော်ပွဲရွှင်ပွဲများစွာ ပါဝင်မည့် ဂျပန်-မြန်မာပွဲတော်ကို သုဝဏ္ဏမြို့နယ်ရှိ Thuwana Bumi Event Park တွင် ၂၄.၂.၂၀၁၈ ရက်နေ့ နေ့လယ် ၁၂ မှ စတင်ကာ ည ၁၀ နာရီအထိ ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်ကြေးအခမဲ့ဖြစ်ပြီး ဂျပန်-မြန်မာပူးတွဲ ဂီတ ဖျော်ဖြေမှုများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

၄။ ပန်းချီဆရာများစွာ ပါဝင်မည့် New Treasure Art Gallery ၏ First Group Show 2018 ပန်းချီပြပွဲကို သံလွင်လမ်းရှိ အနုပညာ ပြခန်းတွင် ၂၄.၂.၂၀၁၈ မှ ၁၆.၄.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် လက်ရာစုံ ပန်းချီကား ၃၀၀ ကျော်ကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။

၅။ မြန်မာဓာတ်ပုံဆရာများ ဓာတ်ပုံပွဲတော်ကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံးတွင် ၁၈.၂.၂၀၁၈ မှ ၁၁.၃.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်ကြေးအခမဲ့ ဖြစ်ပြီး မြန်မာ့သမိုင်းဝင် ရှားပါးဓာတ်ပုံများကို ကြည့်ရှုလေ့လာ နိုင်မည် ဖြစ်သည်။

၆။ ပန်းချီဆရာ၊ ဆရာမ ၂၀ ဦးပါဝင်မည့် True Image Volume 16 ပန်းချီပြပွဲကို ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ၂၄.၂.၂၀၁၈ မှ ၂၇.၂.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် မီဒီယံစုံလက်ရာစုံ ပန်းချီကားများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်းသိရသည်။

၇။ ပြန်ကြားရေး ဝန်ကြီးဌာန၏ စာအုပ်စာပေဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ Yangon Books Street စာအုပ် ဈေးရောင်းပွဲတော်ကို သိမ်ဖြူလမ်းတွင် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ပြုလုပ်လျက် ရှိသည်။ စာအုပ်ပွဲတော်တွင် စာအုပ်ဆိုင်ပေါင်း ၁၀၀ ခန့်တို့က အထူးလျော့ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

၈။ 10th Yangon Photo Festival ဓာတ်ပုံပွဲတော်ကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံတွင် ၁၆.၂.၂၀၁၈ မှ ၄.၃.၂၀၁၈ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပြပွဲတွင် ရှားပါးဓာတ်ပုံများ၊ နိုင်ငံတကာမှ ထင်ရှားသည့် ဓာတ်ပုံလက်ရာများ၊ ဓာတ်ပုံဇာတ်လမ်းများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

၉။ ကွယ်လွန်သူ ပန်းချီဆရာ FELA ၏ လေဆန်ငှက် ပန်းချီပြပွဲကို အောင်ဆန်းအားကစားကွင်း (မြောက်ဘက်ခြမ်း) ရှိ OK Art Gallery တွင် ၂၃.၂.၂၀၁၈ မှ ၂၇.၂.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် ပန်းချီဆရာ FELA ၏ မြန်မာမှု အခြေပြု မော်ဒန်ပန်းချီလက်ရာများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။

၁၀။ မြန်မာခေတ်ဆန်းပန်းချီ နှစ် ၁၀၀ ပြည့် အနုပညာပွဲတော်ကို မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ၂၇.၂.၂၀၁၈ မှ ၂၈.၂.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ဂန္ထဝင်မြန်မာပန်းချီ၊ ပန်းပုဆရာကြီးများ၏ လက်ရာများမှ စ၍ ဆုရကလေးပန်းချီ လက်ရာများ အထိ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading