အလုပ်အကိုင် ရှာဖွေရေး ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ Work.com.mm ကနေ ဦးစီးကျင်းပမယ့် “Recruitment Day 2018” အလုပ်အကိုင်အခွင့်အလမ်း ပြပွဲမှာ ပြည်တွင်းမှ လူငယ်လူရွယ်များ၊ အလုပ် ရှာဖွေနေသူများအနေနဲ့ အလုပ်အကိုင်များ လာရောက် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
“Recruitment Day 2018” ပွဲကို ရန်ကုန်မြို့၊ အထက်ပန်းဆိုးတန်းလမ်း၊ ကန်တော်ကြီးအနီးမှာရှိတဲ့ Rose Garden Hotel မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ အချိန် မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အဆိုပါ “Recruitment Day 2018” ပွဲကြီးဟာ မြန်မာနိုင်ငံတဝှမ်းမှ အလုပ်အကိုင် ရှာဖွေနေသော လူငယ်များ၊ လုပ်ငန်းခွင် အတွေ့အကြုံ မရှိသေးသူများ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများမှစပြီး လုပ်ငန်းအတွေ့အကြုံရင့် မန်နေဂျာအဆင့်ရှိသူများ အားလုံးအတွက် အလုပ်အကိုင်အခွင့်အလမ်း အမျိုးအစားပေါင်းများစွာကို တနေရာတည်းမှာ အလွယ်တကူ လျှောက်ထားနိုင်မယ့် အလုပ်အကိုင်ပြပွဲကြီး ဖြစ်ပါတယ်။
ပွဲအတွင်း Diamond Sponsor အဖြစ် Ooredoo Myanmar ကုမ္ပဏီမှ ပါဝင်ကူညီထားပြီး Oordeoo ကုမ္ပဏီမှာလည်း အလုပ်အကိုင်များ လာရောက် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ Ooredoo ကုမ္ပဏီမှ အရောင်းနှင့်ဖြန့်ချိရေးဌာန၊ Business to Business (B2B) ဌာန၊ လူ့စွမ်းအားအရင်းအမြစ် (HR) ဌာန၊ ဈေးကွက်ချဲ့ထွင်ရေးဌာနနှင့် ဘဏ္ဍာရေးဌာန တို့မှာ Specialist ရာထူးမှ စပြီး အကြီးတန်းမန်နေဂျာအဆင့်အထိ ရာထူးပေါင်းစွာ လာရောက် လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
“ကျမတို့အနေနဲ့ စိန်ခေါ်မှုတွေ ပြည့်နေတဲ့ အလုပ်ပတ်ဝန်းကျင်မှာ တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး ကိုယ့်ရဲ့အလုပ်ကို စိတ်အား ထက်ထက်သန်သန်နဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်လိုတဲ့ အလုပ်လျှောက်ထားသူ၊ လူငယ်တွေကို ကြိုဆိုပါတယ်။ Recruitment Day 2018 မှာ စိတ်ဝင်စားသူတွေ အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ရေးရာဇဝင် (CV) ယူဆောင်လာပြီး Ooredoo ပြခန်းကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်” လို့ Ooredoo Myanmar ရဲ့ Chief Human Resources Officer, Ms. Cecile Umana က ပြောပါတယ်။
“Recruitment Day 2018” ပွဲမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း နယ်ပယ်အသီးသီးမှ ကုမ္ပဏီပေါင်း ၃၀ ကျော်တို့မှ ပါဝင်ပြသသွားမှာ ဖြစ်ပြီး ပြပွဲအတွင်း ကုမ္ပဏီများမှ ရာထူးပေါင်းများစွာအတွက် လစ်လပ်နေရာများ၊ အလုပ်အကိုင် အခွင့်အလမ်းများစွာ လာရောက် လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။