၁။ Hannay and The Zens ဂီတအဖွဲ့၏ “Fly High” ဂီတဖျော်ဖြေပွဲကို ဗိုလ်ချုပ်အောင်ဆန်းလမ်း Sakura Tower ရှိ Yangon Yangon Bar တွင် ၃.၃.၂၀၁၈ ရက်နေ့ည ၉ နာရီတွင်ပြုလုပ်သွားမည် ဖြစ်သည်။ Big Bag ဂီတအဖွဲ့လည်း ပါဝင်အားဖြည့်မည် ဖြစ်ပြီး လက်မှတ်ဈေးနှုန်း ၅၀၀၀ ကျပ်သတ်မှတ်ထားကြောင်း သိရသည်။
၂။ AFC Cup 2018 အုပ်စုအဆင့် ပြိုင်ပွဲ၊ ဒုတိယပွဲစဉ် အဖြစ် ရန်ကုန်ယူနိုက်တက် အသင်းနဲ့ ဗီယက်နမ်နိုင်ငံ ဘောလုံး ကလပ်အသင်း တသင်း ဖြစ်သည့် သန်ဟွာ (FLC Thanh Hoa) အသင်းတို့၏ ဘောလုံးယှဉ်ပြိုင်မှုကို သုဝဏ္ဏ အားကစားကွင်းတွင် ၂၇.၂.၂၀၁၈ ရက်နေ့ညနေ ၃ နာရီခွဲတွင် ပြုလုပ်သွားမည် ဖြစ်သည်။ လက်မှတ်ဈေးနှုန်းကို ၂၀၀၀ ကျပ်သတ်မှတ်ထားပြီး For Sports နှင့် Fox Sports ရုပ်သံလိုင်းတို့ကနေ တိုက်ရိုက် ထုတ်လွှင့် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
၃။ အနုပညာရှင်ပေါင်းများစွာ ပါဝင်မည့် နွေရာသီအကြို ဖက်ရှင်ပွဲကြီးကို တာမွေမြို့နယ် Sky Star Hotel တွင် ၄.၃.၂၀၁၈ ရက်နေ့ ညနေ ၆ နာရီတွင် စတင်ပြုလုပ်သွားမည် ဖြစ်သည်။ အကအဖွဲ့များ၊ အဆိုတော်များ၏ ဖျော်ဖြေတင်ဆက်မှုများကို အခမဲ့ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။
၄။ Yangon Book Plaza ၁ နှစ်ပြည့် စာအုပ်ဈေး ရောင်းပွဲတော်ကို လမ်းမတော်၊ သံဈေးရှိ Yangon Book Plaza တွင် ၁.၃.၂၀၁၈ မှ ၅.၃.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ဈေးရောင်း ပွဲတော်တွင် စာအုပ်များကို အထူး လျော့ဈေးများဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး လာရောက်သူများကို စာအုပ်လက်ဆောင်များလည်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၅။ ဂျပန်ယဉ်ကျေးမှုတခု ဖြစ်သော အိုရိဂါမိ (စက္ကူခေါက် အရုပ်လေးများ ဖန်တီးမှု) ပွဲတော်ကို ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒိုရှိ Japan Culture House တွင် ၃.၃.၂၀၁၈ နှင့် ၄.၃.၂၀၁၈ ရက်နေ့များတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပါဝင် ဆင်နွှဲလိုသူများသည် JCH comment box တွင် စာရင်းပေးရမည် ဖြစ်ပြီး ဝင်ကြေးအခမဲ့ ဖြစ်ကြောင်း သိရသည်။
၆။ ပြန်ကြားရေးဝန်ကြီးဌာန၏ စာအုပ်စာပေ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ Yangon Books Street စာအုပ် ဈေးရောင်းပွဲတော်ကို သိမ်ဖြူလမ်းတွင် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ပြုလုပ်လျက် ရှိသည်။ စာအုပ်ပွဲတော်တွင် စာအုပ်ဆိုင်ပေါင်း ၁၀၀ ခန့်က ရောင်းချသွားမည် ဖြစ်ပြီး အထူးလျော့ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၇။ လိင်တူချစ်သူများ၏ LGBT NIGHT (Love All Serve All) ပွဲကို ကမ္ဘာအေးဘုရားလမ်း၊ Myanmar Plaza ရှိHard Rock Café တွင် ၂.၃.၂၀၁၈ ရက်နေ့ ည ၉ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပွဲတွင် ပျော်ပွဲရွှင်ပွဲများ၊ စားသောက်ပွဲများ ပါဝင်မည်ပြီး ဝင်ကြေး ၁၅၀၀၀ သတ်မှတ်ထားကြောင်းနှင့် ဖုန်းနံပါတ် ၀၉ ၄၅၈ ၂၆၁ ၃၉၀ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။
၈။ ပန်းချီ ကိုစု၏ ဝါးတောထဲက ဥဒေါင်းတွေ (Peacocks in the Bamboo Forest) လို့ အမည်ပေးထားတဲ့ တကိုယ်တော် ပန်းချီပြပွဲကို အောင်ဆန်း အားကစားကွင်း (မြောက်ခြမ်း) ရှိ OK Art Gallery တွင် ၂.၃.၂၀၁၈ မှ ၇.၃.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ဒေါင်းနှင့် ါးပန်းချီကားများကို ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၉။ ပန်းချီဆရာ ၁၃ ဦးပါဝင်မည့် Myanmar Abstract Artists ပန်းချီပြပွဲကို လောကနတ်ပန်းချီ ပြခန်းတွင် ၂.၃.၂၀၁၈ မှ ၅.၃.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် Abstract ပန်းချီလက်ရာစုံကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်
၁၀။ ပန်းချီဆရာ များစွာ ပါဝင်မည့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ငွေရတုပွဲ အတွက် ရန်ပုံငွေ ရရှိရေး ပန်းချီပြပွဲနဲ့ ရောင်းချပွဲကို ပြည်သူ့ဥယျာဉ်ရှိ The Yangon Gallery တွင် ၃.၃.၂၀၁၈ မှ ၅.၃.၂၀၁၈ ရက်နေ့ အထိပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်ဆင်း ပန်းချီဆရာများ၏ လက်ရာစုံ ပန်းချီကားများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်းနှင့် ဝယ်ယူအားပေးနိုင်ကြောင်းသိရသည်။