Event

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

Want create site? Find Free WordPress Themes and plugins.

၁။ နိုင်ငံကျော် တေးသံရှင် ဟန်ထူးလွင် (ကျားပေါက်) ၏ ပထမအကြိမ် တကိုယ်တော် ပန်းချီပြပွဲကို တက္ကသိုလ်ရိပ်သာ (လမ်းဟောင်း) ရှိ အလှသစ်ပန်းချီပြခန်းတွင် ၉.၃.၂၀၁၈ မှ ၁၁.၃.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ဟန်ထူးလွင်၏ မော်ဒန်ပန်းချီ လက်ရာ ၃၀ ကျော်ကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။

၂။ ၂၀၁၈ ခုနှစ်၏ အကြီးဆုံး ရန်ကုန်အလုပ်အကိုင်ပြပွဲကြီးကို ပန်းဆိုးတန်း (အထက်) လမ်းရှိ Rose Garden Hotel ၌ ၁၀.၃.၂၀၁၈ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။ လုပ်ငန်းနယ်ပယ် အသီးသီးမှ ထိပ်တန်းကုမ္ပဏီကြီးများက အလုပ်အကိုင် များစွာ ခေါ်ယူသွားမည် ဖြစ်ပြီး မည်သူမဆို “အခမဲ့”လာရောက် လေ့လာလျှောက်ထားနိုင်ကြောင်း သိရသည်။

၃။ ပြန်ကြားရေးဝန်ကြီးဌာန၏ စာအုပ်စာပေဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရYangon Books Street စာအုပ် ဈေးရောင်းပွဲတော်ကို သိမ်ဖြူလမ်းတွင် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ပြုလုပ်လျက်ရှိသည်။ စာအုပ်ပွဲတော်တွင် စာအုပ်ဆိုင်ပေါင်း ၁၀၀ ခန့်က ရောင်းချသွားမည်ဖြစ်ပြီး အထူးလျော့ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

၄။ ကုမ္ပဏီပေါင်း ၃၀ ကျော်မှ အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိနိုင်မည့် JobNet VR Career Fair 2018 ကို ကမ္ဘာအေးဘုရားလမ်း ရှိ Sedona Hotel Grand BallRoom ၌ ၁၀.၃.၂၀၁၈ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။ အလုပ်အကိုင် ပြပွဲသို့ တက်ရောက်နိုင်ရန် https://goo.gl/dgRixu တွင် စာရင်းပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

၅။ မြန်မာ ဓာတ်ပုံဆရာများ ဓာတ်ပုံပွဲတော်ကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံးတွင် ၁၁.၃.၂၀၁၈ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်ကြေးအခမဲ့ ဖြစ်ပြီး သမိုင်းဝင် ရှားပါးဓာတ်ပုံများကို ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

 

၆။ ပန်းချီဆရာ ၁၀ ဦးကျော်ပါဝင်မည့် 93 Volume – 3 ပန်းချီပြပွဲကို ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ၁၀.၃.၂၀၁၈ မှ ၁၁.၃.၂၀၁၈ ရက်နေ့ အထိပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် လက်ရာစုံပန်းချီလက်ရာများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။

၇။ Open Studios အနုပညာလှုပ်ရှားမှု အစီအစဉ်အရ မြောက်ဒဂုံမြို့နယ်ရှိ ပန်းချီဆရာကြီး ဦးဝင်းဖေ၊ ပန်းချီစိုးနိုင်၊ ပန်းချီ ဇော်ဝင်းဖေ၊ ပန်းချီသန်းကျော်ဌေးတို့၏ နေအိမ်အလုပ်ရုံများ၊ အနုပညာ သုတေသီ၊ စာရေးဆရာ ဒေါက်တာ အောင်မင်း၏ အောင်ဆေးခန်းနှင့် ပန်းချီဘောင်လုပ်ငန်းရှင် ဦးခင်ဇော်၏ အလုပ်ရုံနေအိမ်များကို ၁၁.၃.၂၀၁၈ ရက်နေ့တွင် သွားရောက် လေ့လာခွင့်ရမည် ဖြစ်ကြောင်း သိရသည်။ လိပ်စာအပြည့်အစုံ အတွက် လမ်းညွန်မြေပုံကို ပွဲစီစဉ်သူ Artist ထိန်လင်း ၏ ဖေ့စ်ဘုတ် စာမျက်နှာ (Htein Lin) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၈။ စာကြည့်တိုက်ပညာရှင်ကြီး ဦးသော်ကောင်း၏ အသက် ၈၀ ပြည့်အထိမ်းအမှတ် ဓာတ်ပုံနှင့် စာအုပ်ပြပွဲကို ရန်ကုန် တက္ကသိုလ်ရှိ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်တွင် ၇.၃.၂၀၁၈ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပွဲတွင် ရှားပါးဓာတ်ပုံ၊ စာအုပ်များကို လေ့လာကြည့်ရှုနိုင်မည် ဖြစ်ပြီး အစားအသောက်များဖြင့်လည်း ဧည့်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

၉။ ပန်းချီမြတ်ကျော့၏ Great Love Line အနုပညာပြပွဲကို အောင်ဆန်းအားကစားကွင်း (မြောက်ခြမ်း) ရှိ OK Art Gallery တွင် ၇.၃.၂၀၁၈ မှ ၉.၃.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် မြတ်ကျော့၏ အင်စတော်လေးရှင်း၊ ပါဖောင်းမင့်၊ ဗီဒီယို၊ ဓာတ်ပုံ စသည့် မီဒီယံစုံ အနုပညာဖန်တီးမှုများကို ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

၁၀။ ပန်းချီဆရာများစွာ ပါဝင်မည့် First Group Show 2018 ပန်းချီပြပွဲကို သံလွင်လမ်းရှိ New Treasure Art Gallery တွင် ၂၄.၂.၂၀၁၈ မှ ၁၆.၄.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် လက်ရာစုံပန်းချီကား ၃၀၀ ကျော်ကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading