Event

ဒီတပတ် ရန်ကုန်မှာလည်ပတ်စရာ

Want create site? Find Free WordPress Themes and plugins.

၁။ ဖြေဖျော်ရေးအစီအစဉ်များ ပါဝင်မည့် Yangon Zay ပွဲတော်ကို ကမ္ဘာအေးဘုရားလမ်း၊ ကန်ရိပ်သာရှိ The Tea Factory တွင် ၁၈.၃.၂၀၁၈ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပွဲတော်တွင် organic သစ်သီးများ၊ ပန်းပြပွဲများ၊ ကလေးများ အတွက် ပျော်ပွဲရွှင်ပွဲများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

၂။ Exo Festival Night Market ဈေးပွဲတော်ကို ပြည်သူ့ဥယျာဉ်တွင် ၁၆.၃.၂၀၁၈ မှ ၁၈.၃.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပွဲတော်တွင် ကိုရီးယားစားသောက်ဆိုင်များ၊ အမှတ်တရ ပစ္စည်းဆိုင်များနှင့် ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

၃။ HAY နံနက်ခင်း အားကစားလှုပ်ရှားမှု ပွဲတော်ကို မဟာဗန္ဓုလ ပန်းခြံတွင် စနေနှင့် တနင်္ဂနွေနေ့ နံနက် ၆ နာရီမှ ၇ နာရီခွဲ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ Enervon C မှ စီစဉ်ကျင်းပခြင်း ဖြစ်ပြီး ကျန်းမာတက်ကြွ လူငယ်ဘဝ အားကစား လှုပ်ရှားမှုများကို ပူးပေါင်းပါဝင်ဆင်နွှဲကြရန် ဖိတ်ခေါ်ထားပါသည်။

၄။ ဘဏ်များနှင့် ချိတ်ဆက်ဝယ်ယူနိုင်မယ့် “The Biggest Home Loan Expo” အိမ်ရာအရောင်းပြပွဲကို ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမတွင် ၁၆.၃.၂၀၁၈ မှ ၁၈.၃.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် အိမ်ရာ စီမံကိန်းပေါင်း ၃၀၀ ကျော် ပါဝင်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

၅။ တေးသံရှင် စောဖိုးခွား၏ မွေးနေ့ ဂီတဖျော်ဖြေပွဲကို ဗိုလ်တထောင်ဆိပ်ကမ်းရှိ Vintage Luxury YachtHotel တွင် ၁၅.၃.၂၀၁၈ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်ကြေး အခမဲ့ ဖြစ်ကြောင်း သိရသည်။

၆။ အီတလီသံရုံးမှ စီစဉ်သည့် MAD IN ITALY orchestra concert ပွဲကို ပြည်လမ်း၊ LOTTE Hotels & Serviced Apartments Yangon တွင် ၁၆.၃.၂၀၁၈ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်ကြေးအခမဲ့ဖြစ်ကြောင်း သိရသည်။

၇။ ပြန်ကြားရေး ဝန်ကြီးဌာန၏ စာအုပ်စာပေ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ Yangon Books Street စာအုပ်ဈေးရောင်းပွဲတော်ကို သိမ်ဖြူလမ်းတွင် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ပြုလုပ်လျက် ရှိသည်။ စာအုပ်ပွဲတော်တွင် စာအုပ်ဆိုင်ပေါင်း ၁၀၀ ခန့်က ရောင်းချသွားမည် ဖြစ်ပြီး အထူးလျော့ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

၈။ NESCAFÉ Urban Movement ၏ အစီအစဉ် တခုဖြစ်သည့် စကိတ်နဲ့ MBA စက်ဘီးကျွမ်းကျင်မှု ပြကွက်များကို ပြည်လမ်း၊ Junction Square Promotion Area မှာ ၁၈.၃.၂၀၁၈ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

၉။ ပန်းချီဆရာ ၈ ဦးပါဝင်မည့် The 3th essence of emotion ပန်းချီပြပွဲကို အောင်ဆန်းကွင်း(မြောက်ခြမ်း)ရှိ OK Art Gallery တွင် ၁၇.၃.၂၀၁၈ မှ ၂၁.၃.၂၀၁၈ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် လက်ရာစုံအခရိုင်းလစ်၊ ရေဆေး ပန်းချီကားများ ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်းသိရသည်။

၁၀။ ကွယ်လွန်သူ ပန်းချီမင်းကြည်၏ ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်ပန်းချီပြပွဲကို ပြည်လမ်း၊ အမျိုးသားပြတိုက်တွင် ၁၇.၃.၂၀၁၈ မှ ၃၀.၃.၂၀၁၈ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ ပန်းချီမင်းကြည်၏ လက်ရာများကို စုဆောင်းသူ ပြည်ပမှ Collector တဦးက ပြသပေးခြင်း ဖြစ်ပြီး ပန်းချီကားများကို ရောင်းချမည် မဟုတ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading