၁။ ပန်းချီလှမြင့်မောင်၏ တတိယအကြိမ်မြောက် တကိုယ်တော်ပန်းချီပြပွဲကို အောင်ဆန်းကွင်း (မြောက်ခြမ်း) ရှိ OK Art Gallery တွင် ၂၄.၄.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် Abstractပန်းချီကားများကို ကြည့်ရှုခံစားနိုင် မည် ဖြစ်ကြောင်းသိရသည်။
၂။ ပန်းချီ ဇာနည်ရဲမြင့်၏ Childhood Memories ပန်းချီပြပွဲကို ယောမင်းကြီးလမ်းရှိ နဝဒေးသာလာ ပန်းချီပြခန်းတွင် ၂၇.၄.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် မော်ဒန်ဟန်ဖြင့် ရေးဆွဲထားသော မြန်မာ့ရိုးရာ ကလေးကစားစရာ အရုပ် ပန်းချီကားလေးများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်းသိရသည်။
၃။ ပန်းချီနေခြည်၏ ဝေဒနာခြေရာ (၁) ပန်းချီပြပွဲကို ယုဇနဥယျာဉ်မြို့တော်ရှိ Eternal Art Gallery တွင် ၂၄.၄.၂၀၁၈ မှ ၃၀.၄.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ပန်းချီနေခြည်၏ ဖန်တီးမှု ပန်းချီလက်ရာများကို ကြည့်ရှု့ခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။
၄။ တေးသံရှင် ထွန်းအိန္ဒြာဗိုလ်၊ ဇော်ပိုင်နှင့်ဝေလတို့၏ Trio Mini Solo Concerts ကို သုဝဏ္ဏမြို့နယ်ရှိThuwunnabhumi Event Park တွင် ၁.၅.၂၀၁၈ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကိုဖုန်းနံပါတ် ၀၉-၉၇၇၀၀၉၁၅၇ ၊ ၀၉-၄၅၅၅၇၃၄၄၂ သို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရသည်။
၅။ တချိန်က ထင်ရှားအောင်မြင်ခဲ့တဲ့ တေးသံရှင်ပလေးဘွိုင်သန်းနိုင်၏ တစ်ကိုယ်တော်ဂီဖျော်ဖြေပွဲကို ကျောက်တံတားမြို့နယ် ၊ ဆာကူရာတာဝါရှိ Yangon Yangon Bar တွင် ၂၈.၄.၂၀၁၈ ရက်နေ့ည ၈ နာရီခွဲတွင် ပြုလုပ်သွားမည်ဖြစ်သည်။ လက်မှတ်ဈေးနှုန်းကို ၁၂၀၀၀ ကျပ်သတ်မှတ်ထားကြောင်းသိရသည်။
၆။ DJ ဂီတသံများနှင့် ပျော်ရွှင်မြူးတူးနိုင်မည့် လိင်တူချစ်သူများ၏ FAB 69 ဂီတပွဲကို ကမ္ဘာအေးဘုရားလမ်း၊ အင်းလျားလိတ် ဟိုတယ်အနီးရှိ PYRITE club ၂၈.၄.၂၀၁၈ ရက်နေ့ည ၁၀ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်ကြေး ၅၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
၇။ Shwe Property မှ ကြီးမှုးကျင်းပသည့် သတ္တမ အကြိမ်မြောက် တန်ဖိုးသင့်အိမ်ရာ အရောင်းပြပွဲကို Hledan Centre တွင် ၂၇.၄.၂၀၁၈ မှ ၂၉.၄.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါအရောင်းပြပွဲတွင် သိန်း (၁၈၀) မှ စတင်သည့် တန်ဖိုးသင့်အိမ်ရာများကို ကနဦးငွေ တလုံးတခဲတည်း ပေးစရာမလိုဘဲ 0% Down Payment မှစ၍ ဝယ်ယူသူ စိတ်တိုင်းကျ ညှိနှိုင်းပေးချေနိုင်မည် ဖြစ်ကြောင်း သိရသည်။
၈။ ပြန်ကြားရေးဝန်ကြီးဌာန၏ စာအုပ်စာပေဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ Yangon Books Street စာအုပ်ဈေးရောင်း ပွဲတော်ကို သိမ်ဖြူလမ်းတွင် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ပြုလုပ်လျက်ရှိသည်။ စာအုပ်ပွဲတော်တွင် စာအုပ်ဆိုင် ပေါင်း ၁၀၀ ခန့်က ရောင်းချသွားမည် ဖြစ်ပြီး အထူးလျော့ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၉။ နှစ်သစ်ကူး အထူးပရိဘောဂ ပြပွဲကြီးကို ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ၂၆.၄.၂၀၁၈ မှ ၃၀.၄.၂၀၁၈ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပြပွဲတွင် နာမည်ကျော် ပရိဘောဂကုမ္ပဏီများမှ ပါဝင်ပြသသွားမည် ဖြစ်ပြီး ကံစမ်းမဲ အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
၁၀။ ရှားပါးကာတွန်းစာအုပ်များ ရောင်းချပွဲကို လမ်းမတော်သံဈေးရှိ YANGON BOOK PLAZA တွင် နေ့စဉ်ပိတ်ရက်မရှိ ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါစာအုပ်ရောင်းပွဲတွင် စာဖတ်ပရိသတ်များ ငယ်စဉ်က ဖတ်ရှုခဲ့ကြရသော ကာတွန်းစာအုပ်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။