ဒီတခေါက် ပြောပြပေးချင်တဲ့ ဟင်းချက်နည်းလေးကတော့ ဂျပန်စားသောက်ဆိုင်တေ ွသွားရင် မမှာမဖြစ် မှာစား တတ်ကြတဲ့ ပုဇွန်တန်ပူရာကြော်ပါ။ တကယ်တော့ တန်ပူရာကြော်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပုဇွန်တမျိုးတည်း မဟုတ်ပါဘူး။ အသီး အရွက်မျိုးစုံ (ဒါမှမဟုတ်) တခြား ပင်လယ်စာတွေကို မုန့်နှစ်နဲ့နစ်ပြီး ဆီမြှုပ်အောင် ကြော်ထားတဲ့ ကြွပ်ရွနေတဲ့ အကြော်စုံ ကိုခေါ်တာပါ။
ဒီလိုအကြော်စုံ ကြွပ်ကြွပ်ရွရွလေးကို အိမ်မှာပဲ ပြင်ဆင် ချက်ပြုတ်ချင်တယ်ဆိုရင် လိုအပ်မယ့်ပစ္စည်းတွေက–
ပုဇွန်အကောင်ကြီး
တန်ပူရာမှုန့်
ဆား
ငရုပ်ကောင်း
ရေအေးအေးတခွက် (ရေအေးအေးနဲ့ တန်ပူရာမှုန့်ကို နယ်ရင် ကြော်တဲ့အခါ ပိုပြီးကြွပ်ကြွပ်လေး ဖြစ်စေပါတယ်)
ကြက်ဥ
ကြော်ရန်ဆီ
ဂျုံမှုန့် တို့ လိုအပ်ပါတယ်။
လိုအပ်တဲ့အမယ်တွေ ပြင်ဆင်ပြီးပြီဆိုရင် ပုဇွန်တန်ပူရာကြော်ဖို့ ပုဇွန်ကို သန့်စင်ပြီး အရသာ သွင်းထားပါ။ တန်ပူရာမှုန့်ကို ဆား၊ ငရုပ်ကောင်းတို့နဲ့ သမအောင်နယ်ပြီး ခနထားပါ။ ပန်းကန်းလုံး တလုံးယူပြီး ကြက်ဥကို ရေအေး နဲ့ ရောမွှေပါ။ မွှေ ထားတဲ့ထဲကို တန်ပူရာမှုန့် ရောထည့်ပြီး ဖြည်းဖြည်းချင်း ပျော်ဝင်သွားတဲ့အထိ မွှေပေးပါ။ ပြီးရင် အအေးခံထားပါ။
ပုဇွန်တန်ပူရာကြော်ဖို့ ဒယ်အိုးတလုံးယူပြီး မီးဖိုပေါ်တင်ပါ။ ပူလာပြီဆိုရင် ကြော်မယ့် ပုဇွန်တွေမြှုပ် သွားလောက်တဲ့အထိ ဆီထည့်ပေးပါ။ အရင်ဆုံး သန့်စင်ပြီး အရသာသွင်းထားတဲ့ ပုဇွန်တွေကို ဂျုံမှုန့် အရင်ကပ်ပါ။ ပြီးမှ ကြက်ဥနဲ့ ရောမွှေ ထားတဲ့ တန်ပူရာအနှစ်ထဲ မြှုပ်သွားတဲ့အထိ ထပ်နစ်ပေးပါ။
တန်ပူရာအနှစ်တွေ နစ်ထားတဲ့ပုဇွန်ကို ဆီပူနေတဲ့ ဒယ်အိုးထဲထည့်ပြီး ရွှေအိုရောင်သမ်းလာတဲ့ အထိ ကြော်ပေးပါ။ ပုံမှန် မီးအပူချိန်လောက်နဲ့ဆိုရင် ၃ မိနစ်လောက် ကြော်ပေးရင် ရပါတယ်။ ရွှေအိုရောင်သမ်းလာပြီဆိုရင် ဒယ်အိုးထဲက ဆယ် လိုက်ပြီး အဆီစုပ်စက္ကူ ခင်းထားတဲ့ ပန်းကန်ထဲထည့်ပြီး ဆီစစ်လိုက်ပါ။ ဂျပန် ပဲငံပြာရည်နဲ့ ပူပူနွေးနွေး ပုဇွန်တန်ပူရာကြော်ကို တွဲဖက် သုံးဆောင်နိုင်ပါပြီ။
Ref: Yummy