ဗြိတိန်နိုင်ငံရဲ့ တော်ဝင်မင်္ဂလာပွဲတွေကို ခေတ်အဆက်ဆက် နိုင်ငံတကာက စိတ်ဝင်စားခြင်းကို ခံရပါတယ်။ အခု ဆိုရင်လည်း လာမယ့် မေ ၁၉ ရက်မှာ တော်ဝင်မင်းသား ဟယ်ရီနဲ့ ရုပ်ရှင်မင်းသမီး Meghan Markle တို့ဟာ လက်ထပ်ပွဲကို ခြိမ့်ခြိမ့်သဲကျင်းပတော့မှာ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ သမိုင်းမှာ မှတ်တမ်းတင်ထားခဲ့တဲ့ ခေတ်အဆက်ဆက် ဗြိတိသျှတော်ဝင်မင်္ဂလာပွဲ အကြောင်းအရာတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
(၁) ဧပြီ ၁၉၂၃၊ York မြို့စားကြီးနဲ့ လေဒီ Elizabeth Bowes Lyon
York မြို့စားကြီးရဲ့ နှစ်ကြိမ်တိုင်ချစ်ခွင့်ပန်မှု အဆုံးသတ်မှာတော့ လေဒီ Elizabeth Bowes က လက်ခံလိုက်တာ ဖြစ်ပါတယ်။ သာမန်အရပ်သူ Bowes နဲ့ မြို့စားကြီးတို့ရဲ့ လက်ထပ်ပွဲကို အဲဒီအချိန်ကာလတုန်းက အထူးအဆန်းအနေနဲ့ ရှုမြင်ခဲ့ကြပါတယ်။ ပြီးတော့ ဗြိတိသျှ တော်ဝင်မိသားစုအတွက် နိုင်ငံရေးတင်းမာမှု ချိန်ညှိမှုအဖြစ် စောစီးစွာလုပ်ဆောင် ခြင်း ဖြစ်တယ်လို့လည်း ယူဆထားကြပါတယ်။
(၂) ဇွန် ၁၉၃၇၊ ဝင်ဆာမြိုှု့စားကြီးနဲ့ မြို့စားကတော်
မင်းသားဟယ်ရီတို့လိုပဲ ဝင်ဆာမြို့စားကြီးဟာ အမေရိကန်နာမည်ကျော် အမျိုးသမီးတဦးဖြစ်တဲ့ Wallis Simpson ကို ၁၉၃၇ ခုနှစ်မှာ သူ့ရဲ့ သတို့သမီးအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ သတို့သမီး Simpson’s ကတော့ တခုလပ် ဖြစ်တဲ့ အတွက် ဗြိတိန်လူထုရဲ့ အမြင်မကြည်မှုကိုကြုံတွေ့ခဲ့ရပြီး မြို့စားကြီး Edward က အချစ်အတွက် ထီးနန်းရယူဖို့ အခွင့်အရေးကို စွန့်လွှတ်ခဲ့ပါတယ်။
(၃) နိုဝင်ဘာ ၁၉၄၇၊ အီဒင်ဘာ့ဂ်မြို့စားကြီးနဲ့ ဘုရင်မကြီး အဲလိဇဘက် ၂
ဗြိတိန်ရဲ့ သက်တမ်းအရှည်ဆုံးဘုရင်မကြီး အဲလိဇဘက် ၂ ကတော့ အသက် ၈ နှစ်အရွယ်မှာ သူ့ရဲ့ မင်းသားလေးကို စတင်တွေ့ဆုံခဲ့ပြီးတော့ ဆယ်ကျော်သက်အရွယ်ကာလအတွင်းမှာပဲ ချစ်ကြိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဂရိနဲ့ ဒိန်းမတ်တိုရဲ့ မင်းသား အန်ဒရူး ဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်ခဲ့တဲ့ မြို့စားကြီးကို အငြင်းပွားဖွယ် ဆုံတွေ့မှုပြီးတဲ့နောက် အီဒင်ဘာ့ဂ် မြို့စားကြီး ဖီးလစ်က နန်းပြန်တင်ပေးခဲ့ပါတယ်။
(၄) မေ ၁၉၆၀၊ Antony Armstrong-Jones နှင့် မင်းသမီး မာဂရက်
ဓါတ်ပုံဆရာ Antony Armstrong-Jones နဲ့ မင်းသမီး မာဂရက်တို့ဟာ ရုပ်သံကနေ ပထမဆုံးထုတ်လွှင့်တဲ့ တော်ဝင် မင်္ဂလာပွဲ အခမ်းအနားကို ဆင်နွှဲခဲ့ကြပါတယ်။
(၅) နိုဝင်ဘာ ၁၉၃၇၊ ကပ္ပတိန် Mark Phillips နှင့် မင်းသမီး Anne
မင်းသမီး Anne ဟာ လည်ပတ်ရှည်ဖဲသားမင်္ဂလာဝတ်စုံကို ဆင်မြန်းပြီး ၁၉၇၃ ခုနှစ်မှာ Westminster Abbey ဘုရား ကျောင်းမှာ မင်္ဂလာပွဲကို ဆင်နွှွဲခဲ့ပါတယ်။ ဘုရင်မကြီးရဲ့ တဦးတည်းသော သမီးက ဗိုလ် Mark Phillips ကို တသက်တာ လက်တွဲပါ့မယ်အကြောင်း ဝန်ခံကတိပြောကြားခဲ့ပေမယ့် နောက် ၁၄ နှစ်အကြာမှာတော့ လမ်းခွဲ လိုက်ကြ ပါတယ်။ ၁၉၉၂ ခုနှစ်မှာ မင်းသမီး Anne ဟာ တော်ဝင်ရေတပ်ကွပ်ကဲရေးမှူး Timothy Lawrence နဲ့ နောက်အိမ်ထောင် ပြုခဲ့ပါတယ်။
(၆) ဇွန် ၁၉၈၁၊ မင်းသားချားလ်စ်နဲ့ မင်းသမီး ဒိုင်ယာနာ
မင်းသားဟယ်ရီရဲ့ မိဘတွေဖြစ်တဲ့ မင်းသားချားလ်စ်နဲ့ မင်းသမီး ဒိုင်ယာနာတို့ရဲ့ ၁၉၈၁ ခုနှစ်လက်ထပ်ပွဲ အခမ်းအနားကို ရုပ်သံကနေ ခန့်မှန်းချေလူသန်း ၇၅ဝ လောက်ကြည့်ရှုခဲ့ကြပါတယ်။ အစပိုင်းမှာ အုန်းအုန်းကျွတ်ကျွတ်ရှိခဲ့ပေမယ့် နှစ်ဖက် လုံးက မယုံကြည်နိုင်တော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ နှစ်ဦးသား လူသိရှင်ကြား လမ်းခွဲလိုက်ကြပါတယ်။ သူတို့ရဲ့ ကွာရှင်းမှုဟာ ၁၉၉၆ ခုနှစ်မှာ ဆုံးခန်းတိုင်ခဲ့ပြီး တနှစ်အကြာမှာတော့ ကားမတော်တဆမှုအတွင်းမှာ ဒိုင်ယာနာ ကွယ်လွန်ခဲ့ပါတယ်။
(၇) ဇူလိုင် ၁၉၈၆၊ မင်းသား အန်ဒရူးနဲ့ ဆာရာဖာဂူဆန်
ဘုရင်မကြီးအဲလိဇဘက်ရဲ့ ဒုတိယသားဖြစ်တဲ့ မင်းသား ဖီးလစ်နဲ့ ဆာရာဖာဂီဖာဂူဆန်တို့ဟာ ၁၉၈၆ ခုနှစ်၊ ဇူလိုင်လမှာ လက်ထပ်ခဲ့ကြပါတယ်။ မင်းသားချားလ်စ်နဲ့ ဒိုင်ယာနာတို့လိုပဲ သူတို့ရဲ့ အိမ်ထောင်ရေးက ခက်ခဲ ကြမ်းတမ်းခဲ့ပါတယ်။ သူတို့ရဲ့ ကွာရှင်းမှုဟာ ၁၉၉၆ ခုနှစ်မှာ ပြီးဆုံးခဲ့ပါတယ်။
(၈) ဇွန် ၁၉၉၉၊ မင်းသား Edward နဲ့ ဆိုဖီရေးစ်ဂျုံးစ်
မင်းသား Edward ရဲ့ လိင်ပိုင်းဆိုင်ရာ ခံစားမှုနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ ကြီးထွားလာခဲ့ပေမယ့် ဘုရင်မကြီး အဲလိဇဘက်ရဲ့ အငယ်ဆုံးသားဟာ ဝင်ဆာရဲတိုက်မှာရှိတဲ့ စိန့်ဂျော့ချ်ဘုရားကျောင်းမှာ လက်ထပ်ခဲ့ပါတယ်။ သူတို့ နှစ်ဦးဟာ Earl of Wessex နဲ့ Viscount of Severn ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူခဲ့ပါတယ်။
(၉) ဧပြီ ၂၀၁၁၊ မင်းသားဝီလီယံနဲ့ Kate Middleton
၂၀၁၁ ခုနှစ် ဧပြီ ၂၉ ရက်ဟာ မင်းသားဝီလီယံနဲ့ Kate Middleton တို့ရဲ့ လက်ထပ်ပွဲနေ့ပဲ ဖြစ်ပါတယ်။ လန်ဒန်မြို့မှာရှိတဲ့ Westminster Abbey ဘုရားကျောင်းမှာ ကျင်းပခဲ့ပြီးခန့်မှန်းချေ ဧည့်သည်တော် ၁၉၀၀ တက်ရောက်ခဲ့ပါတယ်။ မင်းသား ဟယ်ရီဟာ မင်းသား ဝီလီယံရဲ့ လူပျိုရံ အဖြစ်လည်းကောင်း၊ Pippa Middleton က သတို့သမီး Middleton ရဲ့ အပျိုရံ အဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီနေ့ကို ယူကေမှာ အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
(၁၀) ဧပြီ ၂၀၀၅၊ မင်းသားချားလ်စ်နဲ့ Camilla Parker Bowles
၁၉၇၀ ခုနှစ်မှာ တယောက်နဲ့တယောက်တွေ့ဆုံခဲ့ကြကတည်းက မင်းသားချားလ်စ်နဲ့ Camilla Parker Bowles တို့ရဲ့ ဆက်ဆံရေးဟာ သူတို့နှစ်ယောက်လုံးရဲ့ အိမ်ထောင်တွေအသီးသီးကြောင့် အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။ နှစ်ပေါင်း ၄၀ လောက် မြိုသိပ်ပြီး နေခဲ့ရပါတယ်။ မင်းသမီးဒိုင်ယာနာကတော့ သူ့အိမ်ထောင်ရေး ဆူးညှောင့်ခလုတ်ဟာ Bowles ဖြစ်တယ်လို့ အပြစ်တင်ခဲ့ဖူးပါတယ်။ ဒိုင်ယာနာက “ဒီ အိမ်ထောင်ရေးမှာ ကျမတို့ လူ ၃ ယောက်ရှိနေတယ်၊ ဒါ့ကြောင့် တော်တော်လေးကို လူများတယ်” လို့ BBC ကိုပြောကြားခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလမှာ စေ့စပ်ခဲ့ကြပြီး နှစ်လအကြာမှာ ဘုရင်မကြီးရဲ့ ဆုမွန်ကောင်းနဲ့အတူ လက်ထပ်ခဲ့ကြပါတယ်။
(၁၁) မေ ၂၀၁၈၊ မင်းသားဟယ်ရီနဲ့ Meghan Markle
လေပွေဆန်တဲ့ အချစ်ဇာတ်လမ်းတခုအပြီးမှာတော့ “Suits” ဇာတ်လမ်းတွဲ မင်းသမီး Meghan Markle နဲ့ တော်ဝင် မင်းသားဟယ်ရီတို့ဟာ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ စေ့စပ်လိုက်ပြီ ဖြစ်တဲ့ အကြောင်း ကြေညာခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ လာမယ့်စနေနေ့ မေ ၁၉ ရက်၊ စိန့်ဂျော့ချ်ဘုရားကျောင်းမှာ လက်ထပ်ကြမှာဖြစ်ပါတယ်။ ဧည့်သည် တော်တွေအဖြစ် Williams, Elton John, Spice Girls, Priyanka Chopra နဲ့ အခြားပုဂ္ဂိုလ်တော်တော်များများကိုလည်း ဖိတ်ကြားထားတယ်လို့ဆိုပါတယ်။
Ref : etcanada