ရန်ကုန်မြို့ရဲ့ Luxury Condo အမျိုးအစားများသာ သီးသန့်စုစည်းပြီး ပြသမယ့် Most Amazing Private Property Sales Expo 2018 အိမ်ရာအရောင်းပြပွဲကြီးကို မေလ ၂၆ရက်နေ့နဲ့ ၂၇ရက်နေ့များတွင် ရန်ကုန်မြို့ရှိ Sedona Hotel မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ပြပွဲကိုတော့ Success Property Consultant Company Ltd (SPC) နှင့် Shwe Property တို့ပူးပေါင်းပြီး ကျင်းပ သွားမှာ ဖြစ်ပြီး ကွန်ဒိုတခုရဲ့ Facility နဲ့ကိုက်ညီသော အိမ်ရာများကိုသာ ရွေးချယ်ပြီး ဝယ်ယူနိုင်မယ့် ထူးခြားတဲ့ ပြပွဲတခုဖြစ်တယ် လို့ သိရပါတယ်။
“ဒီပြပွဲရဲ့ ရည်ရွယ်ချက်ကတော့ ပရောဂျက်တွေအားလုံးကို တနေရာတည်းမှာ စုစည်းဝယ်ယူနိုင်ဖို့ အခွင့်အလမ်းနဲ့ အကောင်းတကာ့ အကောင်းဆုံး Discount နဲ့ ကြိုက်နှစ်သက်တဲ့ ပရောဂျက်ကြီးတွေကို တစုတစည်းထဲ မြင်တွေ့နိုင်မှာ ဖြစ်ပြီး ကြိုက်ဈေးဆစ် ၊ ကြိုက်ဈေးရ ၊ကြိုက်တာယူသွား အရေအတွက်အကန့်အသတ်နဲ့ ရောင်းချပေးမှာဖြစ်တာမို့ အကျိုးကျေးဇူးများစွာရမယ့် ဒီပြပွဲကို ကျနော်တို့ စီစဉ်ကျင်းပတာဖြစ်တယ်” လို့ Success Property Consultant Company Ltd ရဲ့ Director ကိုကျော်စည်သူက ပြောပါတယ်။
လက်ရှိကျင်းပနေတဲ့ အိမ်ရာအရောင်းပြပွဲတွေဟာ ဘဏ်ချေးငွေရယူပြီး နှစ်ရှည်အရစ်ကျဖြင့် အိမ်ရာပိုင်ဆိုင်ခွင့် အစီအစဉ်တွေ ပါဝင်လာပြီဖြစ်တဲ့အတွက် Most Amazing Private Property Sales Expo မှာလည်း ဘဏ်ချေးငွေနဲ့ အိမ်ရာဝယ်ယူနိုင်ဖို့ AYA Bank နဲ့ Yoma Bank တွင်နှစ်ရှည်ချေးငွေ အစီအစဉ်ကို စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
“ကျနော်တို့ SPC က လက်ရှိတာဝန်ယူထားတဲ့ ပရောဂျက်တွေကတော့ Golden City ၊ Kanbae Tower ၊ Front Garden Condo ၊ Sky View Condo ၊ May Inya ၊ Paragon Residence ၊ My Residence ၊ Spring Line ပရောဂျက်တွေကို တာဝန်ယူပြီး ရောင်းချပေးနေပါတယ်။ ပြပွဲမှာ ဒီပရောဂျက်တွေကို စုစည်းပြီး အထူးအစီအစဉ် တွေနဲ့ ရောင်းချပေး သွားမှာပါ” လို့ ကိုကျော်စည်သူက ပြောပါတယ်။
ပြပွဲမှာ ပါဝင်သွားမယ့် ပရောဂျက်တွေကတော့ Golden City ၊ Kanbae Tower ၊ Front Garden Condo ၊ Sky View Condo ၊ May Inya ၊ Paragon Residence ၊ My Residence ၊ Spring Line ကွန်ဒိုပရောဂျက်များဖြစ်ပြီး Interior Design Company ဖြစ်တဲ့ Rock Enterprise Co.ltd ကလည်း ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။