Event

ရွှေ့ပြောင်းလုပ်သားများအကြောင်း ရိုက်ကူးထားတဲ့ ဗီဒီယိုဇာတ်လမ်းတိုများ မိတ်ဆက်

ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM) နှင့် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ(USAID) တို့စီစဉ်တဲ့ IOMX ရဲ့ “ကောင်းမွန်သော ရွှေ့ပြောင်းသွားလာ နေထိုင်ရေးဆီသို့” မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ ဇူလိုင်လ ၃ရက်နေ့၊ ရန်ကုန်မြို့ရှိ Burbit Taproom မှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ မိတ်ဆက်ပွဲမှာတော့ ရွှေ့ပြောင်းရေးလုပ်ငန်းများတွင် တီထွင်ဆန်းသစ်မှုရဲ့ ကဏ္ဍနဲ့ တီထွင်ဆန်းသစ်ခြင်းဟာ ပြောင်းရွှေ့ရေး လုပ်ငန်းများကို ဘယ်လိုအသွင်ပြောင်းလဲပေးကြောင်းကို တာဝန်ရှိသူများက ပြောခဲ့ကြပါတယ်။

“ဒီဇာတ်လမ်းတိုတွေဟာ မြန်မာနိုင်ငံမြို့ပြနဲ့ ကျေးလက်ဒေသမှာနေထိုင်ကြတဲ့ အသက် ၁၈နှစ်နဲ့ ၄၀ကြား လူငယ်တွေ၊ အမျိုးသား၊ အမျိုးသမီးများရွေ့ပြောင်းသွားလာဖို့ ရည်ရွယ်ချက်ရှိသူများကို အဓိကကျတဲ့ သတင်းအချက်အလက်နဲ့ အရေးကြီးမှုနဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေကို ဘယ်လိုနေရာက ရမလဲဆိုတာကို သိရှိနိုင်ဖို့ အတွက် ရိုက်ကူးထားခြင်းဖြစ်ပါတယ်”လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ Director General ဦးဝင်းရှိန်က ပြောပါတယ်။

လက်ရှိမှာ ရွှေ့ပြောင်းလုပ်သားများ ကြုံတွေ့နေရတဲ့ ပြဿနာများအကြောင်းဖော်ပြထားတဲ့ ဗီဒီယိုဖိုင် ၈ခုကို IOMX က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး “The Make Migration Work” Series ရဲ့အပိုင်းဆက်အနေနဲ့ ထုတ်လွှင့်ပြသခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဗီဒီယိုများတွင် ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေး ဗဟိုဌာနကို မည်သို့သွားရောက်နိုင်ပုံ ၊၎င်းတို့နှင့် ၎င်းတို့ မိသားစုများအတွက်ပါ အဆိုးမှ ကောင်းသောအတွေ့အကြုံပြောင်းလဲမှု ဖြစ်စေမယ့် “မယ်ရွှေ့ပြောင်း” Facebook Chat bot ကိုလည်း မေးခွန်းများ သွားရောင်မေးမြန်းနိုင်ပုံတို့ကို ထည့်သွင်းဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာတော့ အဆိုပါဗီဒီယိုဖိုင်များကို ဆိုရှယ်မီဒီယာနှင့် IOM X’s Myanmar Website တွင် ကြည့်ရှုသူ သန်းဝက်ကျော်မျှ ရှိထားပြီဖြစ်တယ်လို့လည်း သိရပါတယ်။
IOM X ဟာရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM) ရဲ့ လုံခြုံစိတ်ချရသော ရွှေ့ပြောင်း နေထိုင်ခြင်းကို အားပေးရန်နှင့် လူကုန်ကူးမှု ၊ အမြတ်ထုတ်မှုတို့ကို တားဆီးရန် လူထုပါဝင်တဲ့ လှုပ်ရှားမှုများအား အားပေးရန်နှင့် လူကုန်မှုဖြစ်ပါတယ်။

အဆိုပါလှုပ်ရှားမှုဟာ မီဒီယာနှင့် နည်းပညာတို့၏ အင်အားနှင့် လူသိများမှုကို အသုံးပြု၍ လူငယ်များနှင့် ၎င်းတို့၏ အသိုင်းအဝိုင်းတရပ်လုံးက ကမ္ဘာတဝှမ်းမှာ ဖြစ်ပွားနေတဲ့ အမြတ်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် လူများကို ရောင်းခြင်း၊ ဝယ်ခြင်း စတဲ့ လူကုန်ကူးမှုများကို ဆန့်ကျင်လာစေရန်ဖြစ်တယ်လို့ သိရပါတယ်။

Loading