Event

LOTTE ဟိုတယ်မှာ ၂ ရက်ကြာ ခမ်းခမ်းနားနား ပြုလုပ်မယ့် "Wedding Show" ပြပွဲ

Want create site? Find Free WordPress Themes and plugins.

LOTTE Hotel Yangon က ပထမဆုံးအကြိမ် အဖြစ် Wedding Show ပွဲကြီးကို ဇူလိုင်လ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

LOTTE ဟိုတယ်မှာ ပထမဆုံးအကြိမ်အဖြစ် အခမ်းနားဆုံး ကျင်းပသွားမယ့် အဆိုပါ Wedding Show ပွဲကြီးကို မင်္ဂလာ မောင်နှံများအတွက် မင်္ဂလာပွဲ စီစဉ်သည့်အခါ အဆင်ပြေချောမွေ့စေရန်နှင့် ပွဲအတွင်း မင်္ဂလာပွဲနှင့် ပတ်သက်သမျှ ဝန်ဆောင်မှုများကို တနေရာတည်းမှာ လွယ်ကူစွာ ရရှိနိုင်စေရန် ရည်ရွယ်ပြီး ယခုပွဲကို ကျင်းပရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

“အခု ဒီ Wedding Show မှာ ကျမတို့ ပါဝင်ရတဲ့ အကြောင်းရင်းက အခု ဒီ Wedding Season မှာ မင်္ဂလာဆောင်မယ့် သတို့သမီး၊ သတို့သားတွေ အတွက်ရော၊ ပွဲတက်မယ့် သူတွေ အားလုံးအတွက်ပါ အခု လာမယ့် Jewellery Trend ဟာ ဘယ်လိုမျိုး Trend ကို သွားနေလဲ။ ဘယ်လိုမျိုး Gems Tone တွေက ခေတ်စားနေလဲ။ ဘယ်လိုမျိုး ပုံစံတွေနဲ့ ပွဲတက်သင့်လဲဆိုတာ ကျမတို့ Wedding Show မှာ ပြသသွားမှာ ဖြစ်ပါတယ်” လို့ ပွဲမှာ ပါဝင်ပြသသွားမယ့် “Win & San Diamond and Fine Jewelry” မှ တာဝန်ရှိသူ တဦးက ပြောပါတယ်။

 

Wedding Show မှာ ပါဝင်ပြသသွားမည့် ဒီဇိုင်နာ၊ မိတ်ကပ်ပညာရှင်များနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ

 

ပြပွဲအတွင်းမှာ နာမည်ကြီး ဒီဇိုင်နာများရဲ့ နောက်ဆုံးပေါ် မင်္ဂလာဝတ်စုံ ဒီဇိုင်းများ၊ ပရော်ဖက်ရှင်နယ် မိတ်ကပ် ပညာရှင်များရဲ့ မိတ်ကပ်လိမ်းခြယ် ပြင်ဆင်မှုများ၊ လက်ဝတ်ရတနာ ဒီဇိုင်းဆန်းများကို ပါဝင် ပြသသွားမယ်လို့ သိရပါတယ်။

၂ ရက်ကြာ ကျင်းပမယ့် အဆိုပါ Wedding Show ပွဲမှာတော့ နိုင်ငံကျော် ဒီဇိုင်နာများဖြစ်ကြတဲ့ ဒီဇိုင်နာ ကောင်းမြတ်၊ စန္ဒီလင်းနိုင်၊ Helen နှင်းအိဖြူနှင့် ဒီဇိုင်နာ သျှတရ တို့ရဲ့ မင်္ဂလာဝတ်စုံ ဒီဇိုင်း ဖန်တီးမှုများကို ပြသသွားမှာ ဖြစ်ပါတယ်။

နိုင်ငံကျော် မိတ်ကပ် ပညာရှင်များ ဖြစ်ကြတဲ့ မိတ်ကပ် မေဦးမောင်နဲ့ မိတ်ကပ် လင်းလင်းတို့ကလည်း ပြပွဲအတွက် မိတ်ကပ် စပွန်ဆာများအဖြစ် ပါဝင်ကူညီပေးကြမှာ ဖြစ်ပြီး ပန်းအလှဆင် မာမီကျော်မှလည်း ပြပွဲတွင် ပါဝင်သွားမယ်လို့ သိရပါတယ်။

အဆိုပါ Wedding Show အခမ်းနား ပွဲကြီးကို “Signature Wedding and Event Planning” မှ ပါဝင် ကူညီပေးထားပြီး Main Sponsor အဖြစ် “Win & San Diamond and Fine Jewelry” ၊ Gold Sponsors များအဖြစ် “Lynn & Win နှင့် Dress Gallery” ၊ Silver Sponsors များအဖြစ် “Khit Sunn Yin Lotus, Silk & Cotton Hand Weaving Center ၊ UAB Bank ၊ စိန်နန်းတော်” တို့နဲ့ “MNA Airline” မှ Airline Partner အဖြစ် ပါဝင် ကူညီပေးထားတယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading