၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ ပြုလုပ်ကျင်းပခဲ့ဲ့တဲ့ နယ်သာလန်အခြေစိုက် ဂီတဖျော်ဖြေပွဲတခုဖြစ်တဲ့ “We Are Connected” EDM (Electronic Dance Music) ပွဲကြီးကို စက်တင်ဘာလ ၁၅ ရက်နေ့၊ ရန်ကုန်မြို့၊ သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
အဆိုပါ ဖျော်ဖြေပွဲမှာတော့ ကမ္ဘာကျော်နယ်သာလန်နိုင်ငံမှ ALDA Events၊ မြန်မာနိုင်ငံမှ H-Life Entertainment နဲ့ အတူ ထိုင်းနိုင်ငံမှ Retox Sessions တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ကျင်းပမှာ ဖြစ်တယ်။
“EDM ဆိုရင် ဝုန်းဒိုင်းဝုန်းဒိုင်းတွေ များတယ်။ ကြမ်းတယ်။ ဒါပေမယ့် ဒီပွဲလေးက ဘယ်လိုစတိုင်နဲ့ သွားမလဲ ဆိုရင် သီချင်းလေးတွေ အေးအေးဆေးဆေးလေးနဲ့ လိုက်ဆိုလို့ရတဲ့ သီချင်းတေ ွပါမယ်။ ဒါကလည်း Music စတိုင်အရ ရှားရှားပါးပါးတွေ ပါသွားပါမယ်” လို့ အဆိုပါပွဲကို စီစဉ်သူတဦးက ပြောပါတယ်။
We Are Connected ပွဲမှာ ကမ္ဘာ့အကောင်းဆုံး ဂီတပညာရှင်များဖြစ်ကြတဲ့ Alan Walker (လက်ရှိကမ္ဘာ့အဆင့် ၁၇) နဲ့ Don Diablo (လက်ရှိကမ္ဘာ့အဆင့် ၁၁) တို့မှ Headliners များ အဖြစ် ဦးဆောင်ဖျော်ဖြေသွားမှာဖြစ်ပြီး၊ အခြားသော နာမည်ကြီး ကမ္ဘာကျော် ဂီတပညာရှင်များဖြစ်ကြတဲ့ “Sander Van Doorn, Cash Cash, The Him” တို့အပြင် ပြည်တွင်းမှ နာမည်ကြီး ဂီတပညာရှင်များလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။
လက်မှတ် ဈေးနှုန်းတွေအနေနဲ့ GA ၂သောင်းခွဲ ၊ PGA ၃သာင်း ၊ VIP ၇သောင်းကျပ်တို့နဲ့ သြဂုတ်လ ၈ ရက်နေ့မှ စတင်ကာ ရောင်းချနေတာ ဖြစ်ပါတယ်။
“We Are Connected” EDM ပွဲကို၂၀၁၆ ခုနှစ်မှ စတင်ကာ ကမ္ဘာ အနှံ့အပြားမှာ စတင် အသက်သွင်းခဲ့ပြီး မြန်မာနိုင်ငံမှာတော့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှ ပရိသတ်များ တခဲနက် အားပေးခဲ့ကြတဲ့ ပွဲကြီး ဖြစ်ပါတယ်။