တောဝက်အသင်းသားများကို ကယ်ဆယ်ခဲ့သူတွေဟာ ထိုင်းအစိုးရက ပြုလုပ်ပေးတဲ့ ဂုဏ်ပြုပွဲကို တက်ရောက်ဖို့ စက်တင်ဘာလ ၅ ရက်နေ့၊ ဗုဒ္ဓဟူးနေ့က စတင်ရောက်ရှိနေကြပြီလို့ သိရပါတယ်။ ဒီဂုဏ်ပြုပွဲဟာ Royal Plaza မှာ ကျင်းပမှာ ဖြစ်ပြီး ဇူလိုင်လက ဂူထဲမှာ ၂ပတ်ကျော်ပိတ်မိနေတဲ့ တောဝက်အသင်းသားတွေကို ကယ်ဆယ်ခဲ့ခြင်းမှာ ပါဝင်တဲ့သူအားလုံးအတွက် ကျင်းပပေးတာ ဖြစ်ပါတယ်။
အခုရောက်ရှိနေတဲ့ ဧည့်သည်တော်တွေထဲမှာ Chaing Rai မှ အယောက် ၃၀၀၀ ကျော်ပါဝင်ပြီး ဇူလိုင်လက အပျော်ခရီး ထွက်စဉ် ဂူထဲမှာ ပိတ်မိခဲ့တဲ့ တောဝက်အသင်းသား ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြပါ တက်ရောက်ဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။
တက်ရောက်သူတွေဟာ Bus ကား ၆၇ စီးနဲ့ တတန်းတည်း တစုတစည်း ရောက်လာကြတာ ဖြစ်ပါတယ်။ ဝန်ကြီး Suwaphan Tanyuvardhara ကတော့ စက်တင်ဘာ ၅ရက်နေ့က ကြိုတင် ပြင်ဆင်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပြီး ဘုရင်မင်းမြတ်က စက်တင်ဘာလ ၆ ရက်၊ ကြာသပတေးနေ့မှာ ညနေ ၆ နာရီမှ ၉ နာရီအထိ Royal Plaza မှာ ကျင်းပခွင့် ပေးထားတယ် လို့ ပြောဆိုခဲ့ပါတယ်။
ဘုရင်မင်းမြတ်ဟာ Royal Plaza မှာ ကျင်းပခွင့်ပေးထားတဲ့အပြင့် ဂုဏ်ပြုပွဲမှာ တည်ခင်း ဧည့်ခံမယ့် ထိုင်းအစားအစာနဲ့ နိုင်ငံတကာက အစားအစာတွေအပါအဝင် အချိုပွဲတွေအတွက် ကမကထပြုလုပ်ပေးထားပြီး ထိုင်းအစိုးရအဖွဲ့က ထိုင်းရိုးရာအစားအသောက်တွေနဲ့ အဖျော်ယမကာတွေအတွက် တာဝန်ယူထားတယ်လို့ ဝန်ကြီးက ပြောဆိုခဲ့ပြီး ဧည့်သည် တသောင်းကျော်တက်ရောက်မယ်လို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
အဆိုပါ ဝန်ကြီးရဲ့ ပြောကြားချက်အရ ဒီဂုဏ်ပြုပွဲမှာ ထိုင်းဘုရင်မင်းမြတ်မှ သမိုင်းဝင် ကယ်ဆယ်ရေးကို ပြုလုပ်ခဲ့ကြသူတွေ အတွက် ကျေးဇူးတင်ဂုဏ်ပြုစာလွှာတွေလည်း ပေးမှာဖြစ်တယ်လို့လည်းပြောဆိုခဲ့ပြီး ဒီရက်ရောလှတဲ့ပွဲကို ကျင်းပဖို့ ရွက်ဖျင်တဲကြီးတွေကိုလည်း တည်ဆောက် အလှဆင်ပြီးပြီ ဖြစ်ကြောင်းပြောဆိုခဲ့ပါသေးတယ်။
“အခုအားလုံး အဆင်သင့်ဖြစ်နေပါပြီ။ သေးသေးမွှားမွှား ပြင်ဆင်စရာတွေပဲ ကျန်ပါတော့တယ်” လို့ ထိုင်းအစိုးရဝန်ကြီး ဌာနမှ အတွင်းရေးမှူးဖြစ်သူ Patcharaporn Intreyonk က Bangkok Post သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။
Bangkok Post တွင် ရေးသားထးသော Bangkok gala for cave rescuers သတင်းအား ဘာသာပြန်ဆိုထားသည်။
ဆက်စပ် သတင်းလင့်ခ်များ – ထိုင်းတောဝက် အသင်းသားများကို ကယ်တင်သူများအတွက် ဂုဏ်ပြုပွဲ ကျင်းပမည်
တောဝက်အသင်းသားများကို မယ်ဆိုင်ကျောင်းမှ ပြန်လည် ကြိုဆိုပွဲ ကျင်းပ
Ref; Bangkokpost.com