Event

ရန်ကုန်မြို့မှာ နိုဝင်ဘာလအတွင်း ကျင်းပမယ့် Waterzonic 2018 EDM ပွဲ

Want create site? Find Free WordPress Themes and plugins.

အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး EDM (Electronic Music Festival) ပွဲ “Waterzonic 2018″ ကို လာမယ့် နိုဝင်ဘာ ၁၀ ရက်နေ့၊ ရန်ကုန်မြို့ The One Entertainment မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဲဒီ Waterzonic Myanmar 2018 ကိုတော့ Brave Entertainment က ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး Kirin Ichiban မှ Title Sponsor အဖြစ် ကူညီပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နှစ်စဉ်ကျင်းပလျက်ရှိပြီး တခြားသော EDM ပွဲများနဲ့ မတူတဲ့အချက်ကတော့ တကွင်းလုံး ရေများပက်ဖြန်းပြီး ရေများကြားမှာ ပျော်ရတဲ့ပွဲ တပွဲ ဖြစ်ပါတယ်။ ရေပန်းရေမှုန်များကြားမှာ EDM Music ကို ခံစားရတဲ့ ဖျော်ဖြေပွဲတခုဖြစ်ပါတယ်။

ဒီပွဲမှာတော့ Headliner အနေနဲ့ မြန်မာနိုင်ငံက EDM ကြိုက်နှစ်သက်တဲ့သူများကြားမှာ နေရာတခုရယူထားနိုင်တဲ့ DJ Artist ကိုခေါ်ယူထားပြီး Supporting DJ များဖြစ်တဲ့ Sick INDIVIDUALS ၊ Third Party ၊ YVESV နဲ့ ထပ်မံကြေညာဖို့ရှိတဲ့ နိုင်ငံတကာ DJ များအပြင် ပြည်တွင်းနာမည်ကြီး DJ များလည်း ပါဝင်တင်ဆက်သွားမယ်လို့ သိရပါတယ်။

Waterzonic Myanmar 2018 ရဲ့ Stage ကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Waterzonic 2018 ရဲ့ “The Sanctuary Of Poseidon” Stage ပုံစံအတိုင်း မြန်မာနိုင်ငံမှာ ပြုလုပ်ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

လက်မှတ်ဈေးနှုန်းများကတော့ Early Bird Ticket များအတွက်ဈေးနှုန်းများကို GA ၂သောင်းခွဲ ၊ VIP ၆သောင်း သတ်မှတ်ထားပြီး အောက်တိုဘာလ ၁၉ ရက်နေ့၊ ရန်ကုန်မြို့၊ မြန်မာပလာဇာမှာ အထူးဈေးနှုန်းများနဲ့ ရောင်းချပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

Waterzonic ပွဲကိုတော့ ၂၀၁၆ခုနှစ်ကစပြီး Brave Entertainment မြန်ာနိုင်ငံကို သယ်ဆောင်လာခဲ့ပြီး ၂၀၁၇ ခုနှစ် သြင်္ကန်မှာ “ Road To Waterzonic “ဆိုပြီး ကျင်းပခဲ့ကာ အဆိုပါ နှစ်အတွင်းမှာပဲ Waterzonic 2017 ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် Waterzonic Myanmar 2018 ကိုနိုဝင်ဘာလ ၁၀ရက်နေ့မှာ ကျင်းပပြီးပါက နိုဝင်ဘာလ ၃၀ရက်နေ့မှာတော့ “Don’t Let Daddy Know Myanmar” ဆိုတဲ့ EDM ပွဲကိုကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

“Don’t Let Daddy Know Myanmar” ကတော့ နယ်သာလန်နိုင်ငံကနေ အစပြုပြီး ဥရောပသာမက နိုင်ငံတကာအထိပါ နာမည်ကျော်ကြားတဲ့ EDM ပွဲတခုဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်မြန်မာနိုင်ငံမှာ ဒုတိယအကြိမ် ပြုလုပ်မယ့် “We Are Connected” EDM ပွဲ

Did you find apk for android? You can find new Free Android Games and apps.
Loading